အမ်ိဳးသမီးေတြကိုယ္တိုင္ေတာင္မသိတဲ့ အမ်ိဳးသမီးခႏၶာကိုယ္က စိတ္ဝင္စားစရာအခ်က္မ်ား

အမ်ိဳးသမီးေတြကိုယ္တိုင္ေတာင္မသိတဲ့ အမ်ိဳးသမီးခႏၶာကိုယ္က စိတ္ဝင္စားစရာအခ်က္မ်ား

အမ်ိဳးသမီးေတြရဲ့ ခႏၶာကိုယ္က အမ်ိဳးသားေတြထက္ပိုၿပီး စိတ္ဝင္စားစရာ ေကာင္းပါတယ္။ အမ်ိဳးသမီးေတြရဲ့ ခႏၶာကိုယ္အေၾကာင္းကို အမ်ိဳးသမီးေတြ ကိုယ္တိုင္ေတာင္ မသိၾကပါဘူး။ ဒီေန႔မွာေတာ့ အမ်ိဳးသမီးခႏၶာကိုယ္နဲ႔ ပတ္သက္လို႔ စိတ္ဝင္စားစရာ အေၾကာင္းအရာေတြကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

အမ်ိဳးသမီးေတြရဲ့ အာ႐ုံက အမ်ိဳးသားေတြနဲ႔ ကြဲျပားပါတယ္။

အမ်ိဳးသမီးေတြက ေရာင္စဥ္ေတြကို ပိုၿပီးျမင္ရပါတယ္။ အေရာင္ေတြ နာမည္ကိုလည္း ပိုေျပာနိုင္ပါတယ္။ အေရာင္ေတြကို လြယ္လြယ္ကူကူ ခြဲျခားနိုင္သလို အမ်ိဳးသမီးေတြထဲမွာ color blind ျဖစ္သူဟာ အလြန္ရွားပါးပါတယ္။

အမ်ိဳးသမီးေတြက အမ်ိဳးသားေတြထက္ အရသာခံနိုင္စြမ္း ပိုမ်ားပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ပုံမွန္အခ်ိန္ထက္ပိုၿပီး အရသာခံနိုင္ပါတယ္။ ၿပီးေတာ့ အမ်ိဳးသားေတြထက္ အနံ့ခံနိုင္စြမ္းက ပိုမ်ားပါေသးတယ္။

အမ်ိဳးသမီးေတြက အမ်ိဳးသားေတြထက္ သြားအေခါင္းေပါက္ ပိုမ်ားပါတယ္။ ေဟာ္မုန္းခဏခဏ ေျပာင္းတာနဲ႔ တံေတြးထုတ္လုပ္မႈ နည္းပါးလို႔ သြားအေခါင္းေပါက္ပိုျဖစ္တာပါ။ ၿပီးေတာ့ အမ်ိဳးသမီးေတြက အမ်ိဳးသားေတြထြက္ ေသြးဖိအား ပိုနည္းပါတယ္။ ပ်မ္းမၽွအားျဖင့္ အမ်ိဳးသမီးေတြရဲ့ သူငယ္အိမ္က ပိုႀကီးပါတယ္။

အမ်ိဳးသမီးေတြမွာ အဆီေတြက တင္ပါးတစ္ဝိုက္နဲ႔ ဗိုက္မွာ သြားစုေနတတ္ပါတယ္။ အမ်ိဳးသားေတြကေတာ့ ဝလာရင္ ဗိုက္မွာပဲ အဆီသြားစုတတ္ပါတယ္။ Testosterone ကို အမ်ိဳးသားေဟာ္မုန္းလို႔ ထင္ၾကေပမယ့္ အမ်ိဳးသမီးေတြမွာ အဲဒီေဟာ္မုန္း ရွိပါတယ္။ ဒါေပမယ့္ နည္းနည္းပဲ ရွိတာပါ။

က်န္းမာတဲ့ အရိုးေတြရဖို႔ testosterone ေဟာ္မုန္း လိုအပ္ပါတယ္။ အမ်ိဳးသမီးေတြမွာ estrogen ေဟာ္မုန္းရွိတာေၾကာင့္ အမ်ိဳးသားေတြထက္ ကိုယ္ခံအား ပိုေကာင္းပါတယ္။ အဲဒါေၾကာင့္လည္း အမ်ိဳးသမီးေတြက အမ်ိဳးသားေတြထက္ ပိုအသက္ရွည္တာပါ။

အမ်ိဳးသမီးေတြက အမ်ိဳးသားေတြေလာက္ ႀကိဳ႕သိပ္မထိုးပါဘူး။ ႀကိဳ႕ထိုးရင္လည္း အခ်ိန္ခဏေလးနဲ႔ ေပ်ာက္သြားပါတယ္။ အမ်ိဳးသမီးေတြမွာ ရင္သားက ဘယ္ဘက္က ညာဘက္ထက္ ပိုႀကီးပါတယ္။

အမ်ိဳးသမီးေတြရဲ့ဦးေႏွာက္က အမ်ိဳးသားေတြရဲ့ ဦးေႏွာက္ထက္ ပိုေသးပါတယ္။ ပိုေသးတယ္ ဆိုေပမယ့္ ဉာဏ္ရည္က နည္းပါးတယ္လို႔ ဆိုလိုတာ မဟုတ္ပါဘူး။ ဦးေႏွာက္ အရြယ္အစားေသးတာက ဦးေႏွာက္ထဲမွာ ဆက္သြယ္မႈေတြ ပိုၿပီးလုပ္နိုင္ေစပါတယ္။

အမ်ိဳးသမီးေတြရဲ့ ဦးေႏွာက္က အေသးစိတ္ကအစ မွတ္နိုင္ပါတယ္။ စကားစျမည္ ေျပာရင္း ဘယ္သူက ဘာစကားကို ဘယ္လိုဟန္ပန္နဲ႔ ေျပာတတ္လဲကအစ မွတ္မိပါတယ္။ crd

အမျိုးသမီးတွေကိုယ်တိုင်တောင်မသိတဲ့ အမျိုးသမီးခန္ဓာကိုယ်က စိတ်ဝင်စားစရာအချက်များ

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်က အမျိုးသားတွေထက်ပိုပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အကြောင်းကို အမျိုးသမီးတွေ ကိုယ်တိုင်တောင် မသိကြပါဘူး။ ဒီနေ့မှာတော့ အမျိုးသမီးခန္ဓာကိုယ်နဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာ အကြောင်းအရာတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

အမျိုးသမီးတွေရဲ့ အာရုံက အမျိုးသားတွေနဲ့ ကွဲပြားပါတယ်။

အမျိုးသမီးတွေက ရောင်စဉ်တွေကို ပိုပြီးမြင်ရပါတယ်။ အရောင်တွေ နာမည်ကိုလည်း ပိုပြောနိုင်ပါတယ်။ အရောင်တွေကို လွယ်လွယ်ကူကူ ခွဲခြားနိုင်သလို အမျိုးသမီးတွေထဲမှာ color blind ဖြစ်သူဟာ အလွန်ရှားပါးပါတယ်။

အမျိုးသမီးတွေက အမျိုးသားတွေထက် အရသာခံနိုင်စွမ်း ပိုများပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်အချိန်ထက်ပိုပြီး အရသာခံနိုင်ပါတယ်။ ပြီးတော့ အမျိုးသားတွေထက် အနံ့ခံနိုင်စွမ်းက ပိုများပါသေးတယ်။

အမျိုးသမီးတွေက အမျိုးသားတွေထက် သွားအခေါင်းပေါက် ပိုများပါတယ်။ ဟော်မုန်းခဏခဏ ပြောင်းတာနဲ့ တံတွေးထုတ်လုပ်မှု နည်းပါးလို့ သွားအခေါင်းပေါက်ပိုဖြစ်တာပါ။ ပြီးတော့ အမျိုးသမီးတွေက အမျိုးသားတွေထွက် သွေးဖိအား ပိုနည်းပါတယ်။ ပျမ်းမျှအားဖြင့် အမျိုးသမီးတွေရဲ့ သူငယ်အိမ်က ပိုကြီးပါတယ်။

အမျိုးသမီးတွေမှာ အဆီတွေက တင်ပါးတစ်ဝိုက်နဲ့ ဗိုက်မှာ သွားစုနေတတ်ပါတယ်။ အမျိုးသားတွေကတော့ ဝလာရင် ဗိုက်မှာပဲ အဆီသွားစုတတ်ပါတယ်။ Testosterone ကို အမျိုးသားဟော်မုန်းလို့ ထင်ကြပေမယ့် အမျိုးသမီးတွေမှာ အဲဒီဟော်မုန်း ရှိပါတယ်။ ဒါပေမယ့် နည်းနည်းပဲ ရှိတာပါ။

ကျန်းမာတဲ့ အရိုးတွေရဖို့ testosterone ဟော်မုန်း လိုအပ်ပါတယ်။ အမျိုးသမီးတွေမှာ estrogen ဟော်မုန်းရှိတာကြောင့် အမျိုးသားတွေထက် ကိုယ်ခံအား ပိုကောင်းပါတယ်။ အဲဒါကြောင့်လည်း အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုအသက်ရှည်တာပါ။

အမျိုးသမီးတွေက အမျိုးသားတွေလောက် ကြို့သိပ်မထိုးပါဘူး။ ကြို့ထိုးရင်လည်း အချိန်ခဏလေးနဲ့ ပျောက်သွားပါတယ်။ အမျိုးသမီးတွေမှာ ရင်သားက ဘယ်ဘက်က ညာဘက်ထက် ပိုကြီးပါတယ်။

အမျိုးသမီးတွေရဲ့ဦးနှောက်က အမျိုးသားတွေရဲ့ ဦးနှောက်ထက် ပိုသေးပါတယ်။ ပိုသေးတယ် ဆိုပေမယ့် ဉာဏ်ရည်က နည်းပါးတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဦးနှောက် အရွယ်အစားသေးတာက ဦးနှောက်ထဲမှာ ဆက်သွယ်မှုတွေ ပိုပြီးလုပ်နိုင်စေပါတယ်။

အမျိုးသမီးတွေရဲ့ ဦးနှောက်က အသေးစိတ်ကအစ မှတ်နိုင်ပါတယ်။ စကားစမြည် ပြောရင်း ဘယ်သူက ဘာစကားကို ဘယ်လိုဟန်ပန်နဲ့ ပြောတတ်လဲကအစ မှတ်မိပါတယ်။ crd

Leave a Reply

Your email address will not be published.