Categories
သတင်း
မန္တလေးမြို့ရှိ ခိုးဆိုးလုနှိုက်အဖွဲ့တ စ်ဖွဲ့အား တိုက်ခိုက်နှိ မ်နင်းခဲ့ဟု ပြောက်ကျား တပ်ဖွဲ့ MRF အသိပေး…z
မန္တလေးမြို့ရှိ ခိုးဆိုးလုနှိုက်အဖွဲ့တ စ်ဖွဲ့အား တိုက်ခိုက်နှိ မ်နင်းခဲ့ဟု ပြောက်ကျား တပ်ဖွဲ့ MRF အသိပေး
မန္တလေးမြို့ အမရပူရမြို့နယ်ရှိ ခိုးဆိုးလုနှိုက်အဖွဲ့တစ်ဖွဲ့အား တိုက်ခိုက်နှိမ်နင်းခဲ့ကြောင်း မြို့ပြပြောက် ကျားတ ပ်ဖွဲ့ Mandalay Ranger Force(MRF)က ယနေ့ (ဇန်န ဝါရီ ၂၆) ထုတ်ပြန်သည်။
ယမန်နေ့ည ၁၀ နာရီ ခန့်တွင် အမ ရပူရ မြို့နယ် ဆွယ်တော်အနီး နတ်ရေကန်ရပ်ကွက်ရှိ စစ်ကောင်စီလက် ပါးစေ ခိုးဆိုးလုနှိုက်လူမိုက်အဖွဲ့တစ်ဖွဲ့တည် ရှိရာ ခြံဝင်းတ စ်ခုအတွင်းသို့ ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“သူတို့ ဝန်းထဲထည့်ခဲ့တာ။ အဲ ရပ်ကွက် အ ခံမေးကြည့်တာ ရဲတွေနဲ့ပတ်သတ်တဲ့ခေါင်းဆောင်ပိုင်း ရှောတယ်သိရတယ်”ဟု MRF တပ်ဖွဲ့ဝင် ရဲဘော် တစ်ဦးက ပြော သ ည်။
အဆိုပါလူမိုက်အဖွဲ့သည် မန္တလေးပြ ည်သူများထံမှ ဆိုင်ကယ်များ လုယက်ခြင်း၊ လူ ကို ဓားဖြင့် ခုတ်ခြင်း၊ ခိုးဝှ က်ခြင်း စသည့်ပြစ်မှုများကို ကျူးလွ န်နေသည့် အဖွဲ့တ စ်ဖွဲ့ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ခိုးဆိုးလုယက်မှုများ နို င်ငံတစ်ဝန်း ပိုမိုဖြစ်ပွားလျက်ရှိရာမန္တလေးမြို့တွင် ပြီးခဲ့သည့်နှစ် ၂၀၂၁အတွင်း ဆိုင်ကယ်qလုယက်ခံရမှုများ မ ကြာခဏဖြစ်ပွားသည့်အပြင် နေအိမ်များ ဖောက်ထွင်းခံရခြင်း၊ အနုကြမ်းဆီး ဓားပြတိုက်ခိုက်ခံရခြင်းအပါအ ဝ င် အများအပြား ဖြစ်ပွားခဲ့သည်။crd
Leave a Reply
Your email address will not be published.