ပရိသတ်တွေအလွမ်းပြေနားထောင်နိုင်ဖို့ ပိုင်တံခွန်ကိုယ်တိုင်သီဆိုထားတဲ့ “မင်းလေးကိုချစ်လို့” သီချင်း (ဗီဒီယို)…a
ပရိသတ်တွေအလွမ်းပြေနားထောင်နိုင်ဖို့ ပိုင်တံခွန်ကိုယ်တိုင်သီဆိုထားတဲ့ “မင်းလေးကိုချစ်လို့” သီချင်း (ဗီဒီယို)
အောက်တွင် ရုပ်သံဖိုင် ဖော်ပြထားပါသည်။
မင်းသားချော ပိုင်တံခွန်ကတော့ လူငယ်တစ်ယောက်ပီပီ အမိုက်စားတက်တူးတွေနဲ့ ပေါ့ပေါ့ပါးပါးရှိတဲ့ စတိုင်လ်တွေကြောင့် မိန်းကလေးတွေကြားမှာ အောင်မြင်မှုရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ .
ပိုင်တံခွန်က ပြီးခဲ့တဲ့လပိုင်းကတော့ ပုဒ်မ (၅၀၅) နဲ့ မတရားအမိန့်ချမှတ်ခံခဲ့ရပြီး အခု ဆိုရင် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်ကျခံနေရတာပဲဖြစ်ပါတယ်။
ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံအထိပါ ထိုးဖောက်အောင်မြင်နေပြီး အညွှန့်တလူလူတက်နေတဲ့အချိန်မှာမှ အခုလိုဖြစ်ခဲ့ရတာမို့ ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြတာပဲဖြစ်ပါတယ်။
ပိုင်တံခွန်က အားလုံးနဲ့ အချိန်အတော်ကြာ အဆက်အသွယ်ပြတ်တောက်သွားမှာဆိုပေမယ့် သူ့ကိုချစ်တဲ့ ပရိသတ်တွေကတော့ အမြဲတမ်းသတိရနေကြမယ်ဆိုတာ သေချာပါတယ်။ အဲ့ဒီ အတွက်ကြောင့် ပိုင်တံခွန်ကိုချစ်ကြတဲ့ ပရိသတ်တွေအားလုံးအတွက် သူကိုယ်တိုင်ဂစ်တာလေး တီးပြီးသီဆိုထားတဲ့ “မင်းလေးကိုချစ်လို့” သီချင်း ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။ .
ပိုင်တံခွန်ကတော့ ကော့သောင်းသားလေးတစ်ယောက်ပီပီ အသံဝဲဝဲလေးရှိပေမယ့် အဲ့ဒီအသံ လေးကိုက သူ့ရဲ့ ဆွဲဆောင်မှုတစ်ခုပါပဲနော်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ဗီဒီယိုလေး ကိုကြည့်ပြီး အလွမ်းတွေပြေသွားကြမယ်လို့ထင်ပါတယ်။crd
Leave a Reply
Your email address will not be published.