






crd

V C ချ က်တာ အောင် မြင်တယ်လို့ မင်းအာင်လှိုင်ဆို

မြန်မာ့အရေးအတွက် ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်က စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ယနေ့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ အွန်လိုင်းကတဆင့် ဆက်သွယ်စကားပြောအုံးမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ဟွန်ဆန်က သူရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာ ပြီးခဲ့တဲ့ နှစ်က မြန်မာ့အရေးအတွက် သဘောတူညီခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ချက်အပေါ် တိုးတက်မှုရှိခဲ့ရင်စစ်ကောင်စီ ဥက္ကဌကို အာဆီယံအစည်းအဝေး ဖိတ်မယ်လို့‌ပြောကြားခဲ့ပြီး တိုးတက်မှုမရှိဘူး ဆိုရင်တော့

နိုင်ငံရေး အဆင့် မဟုတ်တဲ့ ကိုယ်စားလှယ်တစ်ယောက် ကို စေလွှတ်ရပါမယ်လို့ ပြောကြားခဲ့သလိုယင်းနှင့်ပတ်သက်ပြီးတော့ ဒီနေ့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ အွန်လိုင်း ဗွီဒီယို က တဆင့် စကားပြောမယ်လို့ ဆိုပါတယ်။

ဟွန်ဆန်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံ ဝန်ကြီချုပ် ဒါတွတ် ဆရီ အစ္စမေး ဆဘရီ ယာကော့ဗ် ဆွေးနွေးရာမှာ အခုလိုမျိုး ပြောကြားခဲ့တဲ့အကြောင်း သူ့ရဲ့လူမှုကွန်ယက်ကနေတဆင့် ထုတ်ပြန်ထားတာပါ။

မလေးရှားနိုင်ငံ ဝန်ကြီချုပ် ဒါတွတ် ဆရီ အစ္စမေး ဆဘရီ ယာကော့ဗ်က သဘောတူညီချက် ၅ ရပ် ကို အကောင်အထည် ဖော်ရာမှာ တကယ် တိုးတက်မှု မရှိခဲ့ရင်၊ မလေးရှား ရဲ့ ရပ်တည်ချက် က အရင်အတိုင်းပါပဲ လို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်က အာဆီယံက သဘောတူထားတဲ့ သဘောတူညီချက် ၅ ချက် ကိုလည်း အကောင်အထည်ဖော်ရာမှာ ဘာမှ တိုးတက်မှု မရှိသေး ဘူးလို့ စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းကလည်း ပြောကြားထားပါတယ်။
crd

Be the first to comment

Leave a Reply

Your email address will not be published.


*