မြိုင်မြို့နယ် ရဲစခန်းတခုကို ဒေသခံPDF တွေ တိုက်ခိုက်သိမ်းပိုက်

မြိုင်မြို့နယ် ရဲစခန်းတခုကို ဒေသခံPDF တွေ တိုက်ခိုက်သိမ်းပိုက်

ဇန်နဝါရီ ၂၉၊၂၀၂၂။

မကွေးတိုင်း မြိုင်မြိုနယ် လင်းကတော ရဲစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် မြိုင် PDF၊ ရေစကြို PDF ၊ ဆားလင်းကြီး PDF၊ ရွှေဓားဗိုလ်ပါအဝင် မဟာမိတ်တပ်တွေ ပူးပေါင်း ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

မဟာမိတ် PDF တပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ လင်းကတော ရဲစခန်းကနေ G-3 ၅ လက်၊ လက်ပစ်ဗုံး၊ ရိုင်ဖယ်နဲ့ ကျည်တွေ၊ ရဲအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ သိရပြီးတော့ အသေအဆုံးစာရင်းတော့ သက်ဆိုင်ရာ PDF တွေက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

စခန်းထဲကနေ ရဲအချို့ ဒဏ်ရာရတဲ့ သူရပြီး ထွက်ပြေးသွားကြပြီး သူတို့ရဲ့ မိသားစုဝင် အချို့ကိုဖမ်းဆီးရမိခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

လင်းကတော ရဲစခန်းကနေ G-3 ( ၅ ) လက်နဲ့ ကျည် (၄၀၀) ၊ အူဇီ (၃ )လက် နဲ့ ကျည် ( ၂၀၀) ၊ခြောက်လုံးပြူး ( ၁) လက်၊ ဗုံးသီး ( ၇) လုံး၊လက်တော့ ( ၂ )လုံးဦ၊ပရင်တာ ( ၁ )လုံး၊ဆိုင်ကယ် ( ၄ )စီးနဲ့ တခြားစစ်ဘက်အသုံးဆောင်တွေ သိမ်းဆည်းရမိတယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ရေစကြို People Defense Force Yesagyoက သတင်းထုတ်ပြန်ထားပါတယ်။
#BurmaVJ

Leave a Reply

Your email address will not be published.