ေအးေနဝင္း ပိုင္တဲ့ YBS (၅၆) ယာဥ္ႏွစ္စီး မိုင္းခြဲတိုက္ခိုက္ခံရ

ေအးေနဝင္း ပိုင္တဲ့ YBS (၅၆) ယာဥ္ႏွစ္စီး မိုင္းခြဲတိုက္ခိုက္ခံရ

စစ္အာဏာရွင္ ဦးေနဝင္း ရဲ့ေျမးျဖစ္သူ ပိုင္ဆိုင္တဲ့ YBS (၅၆) ယာဥ္လိုင္းက ေမာ္ယာဥ္ (၂) စီး ကို ဒီေန႔ မနက္ပိုင္းမွာ အေဝးထိန္းမိုင္း နဲ႔ ေဖာက္ခြဲတိုက္ခိုက္ခဲ့တယ္လို႔ Special Task Agency of Burma – STA အဖြဲ႕ဆီက သိရပါတယ္။

“အလုံၿမိဳ႕နယ္၊ သခင္ျမပန္းၿခံ ေဘးရွိ ေအးေနဝင္းမိသားစုပိုင္ YBS-56 ယာဥ္လိုင္းအား အေဝးထိန္းမိုင္း (၂) လုံးျဖင့္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ပါသည္။ တိုက္ခိုက္မႈေၾကာင့္ အနည္းဆုံး YBS-56 ယာဥ္ (၂) စီး ပ်က္စီးနိုင္ၿပီး မိမိတို႔ရဲေဘာ္မ်ား အေနျဖင့္ အထိအခိုက္မရွိ ျပန္လည္ဆုတ္ခြာနိုင္ခဲ့” လို႔ STA အဖြဲ႕ကထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

Omni Focus ကုမၸဏီ ကို အာဏာရွင္ ဦးေနဝင္း ရဲ့ေျမးတစ္ဦးျဖစ္သူ ဦးေက်ာ္ေနဝင္း က ဥကၠဌအျဖစ္ တာဝန္ယူေဆာင္ရြက္ေနၿပီး YBS Foton CNG Bus အစီး (၅၀၀) ဝယ္ယူဖို႔အတြက္ ဧရာဝတီဘဏ္ ကေန ေခ်းေငြရယူထားၿပီး ျပန္လည္မေပးဆပ္နိုင္တဲ့အတြက္ ဧရာဝတီဘဏ္က တရားစြဲဆိုထားပါတယ္။

ၿပီးခဲ့တဲ့ေအာက္တိုဘာ(၃၁) ရက္ေန႔မွာလည္း Omni Focus ကုမၸဏီပိုင္ YBS 20 ခရီးသည္တင္ယာဥ္တစ္စီး ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ သရက္ေတာ ေျမာက္ရပ္ကြက္၊ ကမ္းနားလမ္း၊ ဆင္မလိုက္ ကားမွတ္တိုင္ အနီး မွာ မီးပုလင္း နဲ႔ ပစ္ေပါက္ တိုက္ခိုက္ခံခဲ့ရပါေသးတယ္။
crd

အေးနေဝင်း ပိုင်တဲ့ YBS (၅၆) ယာဉ်နှစ်စီး မိုင်းခွဲတိုက်ခိုက်ခံရ

စစ်အာဏာရှင် ဦးနေဝင်း ရဲ့မြေးဖြစ်သူ ပိုင်ဆိုင်တဲ့ YBS (၅၆) ယာဉ်လိုင်းက မော်ယာဉ် (၂) စီး ကို ဒီနေ့ မနက်ပိုင်းမှာ အဝေးထိန်းမိုင်း နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Special Task Agency of Burma – STA အဖွဲ့ဆီက သိရပါတယ်။

“အလုံမြို့နယ်၊ သခင်မြပန်းခြံ ဘေးရှိ အေးနေဝင်းမိသားစုပိုင် YBS-56 ယာဉ်လိုင်းအား အဝေးထိန်းမိုင်း (၂) လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပါသည်။ တိုက်ခိုက်မှုကြောင့် အနည်းဆုံး YBS-56 ယာဉ် (၂) စီး ပျက်စီးနိုင်ပြီး မိမိတို့ရဲဘော်များ အနေဖြင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့” လို့ STA အဖွဲ့ကထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Omni Focus ကုမ္ပဏီ ကို အာဏာရှင် ဦးနေဝင်း ရဲ့မြေးတစ်ဦးဖြစ်သူ ဦးကျော်နေဝင်း က ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေပြီး YBS Foton CNG Bus အစီး (၅၀၀) ဝယ်ယူဖို့အတွက် ဧရာဝတီဘဏ် ကနေ ချေးငွေရယူထားပြီး ပြန်လည်မပေးဆပ်နိုင်တဲ့အတွက် ဧရာဝတီဘဏ်က တရားစွဲဆိုထားပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ(၃၁) ရက်နေ့မှာလည်း Omni Focus ကုမ္ပဏီပိုင် YBS 20 ခရီးသည်တင်ယာဉ်တစ်စီး ကြည့်မြင်တိုင်မြို့နယ်၊ သရက်တော မြောက်ရပ်ကွက်၊ ကမ်းနားလမ်း၊ ဆင်မလိုက် ကားမှတ်တိုင် အနီး မှာ မီးပုလင်း နဲ့ ပစ်ပေါက် တိုက်ခိုက်ခံခဲ့ရပါသေးတယ်။
crd

Leave a Reply

Your email address will not be published.