Categories
ဗဟုသုတ

ႀကီးပြား ခ်မ္းသာခ်င္တယ္ဆိုရင္ နည္းလမ္းေကာင္း ( ၆ )မ်ိဳးရွိပါတယ္

ႀကီးပြား ခ်မ္းသာခ်င္တယ္ဆိုရင္ နည္းလမ္းေကာင္း ( ၆ )မ်ိဳးရွိပါတယ္

မီးဖို ေရအိုး၊ ဧည့္မ်ိဳး အိမ္သာ၊ အိပ္ယာ၊ ဘုရား၊ ခန္႔ညား ေျခာက္ျဖာ၊ သန္႔ျပန္႔ သိမ္းဆည္း၊ သိပ္သည္း ေသခ်ာ ထိုသူမ်ား ႀကီးပြားေတာ့မည္သာ
လို႔… ေရွးဆရာေတာ္မ်ား ဗုဒၶေဒသနာေတာ္ကို အေျခခံၿပီး ေရးစပ္သြားခဲ့ပါသည္။

ႀကီးပြားခ်မ္းသာလိုသူမ်ားဟာ…
၁။ မိမိတို႔၏ မီးဖိုေခ်ာင္ကို သန္႔သန္႔ျပန္႔ျပန္႔ ျပဳျပင္ၾကရပါမယ္။
၂။ ေသာက္ေရအိုးထဲကို ေရမျပတ္ေအာင္ ထည့္ရပါမယ္။
၃။ ဧည့္ခန္းကို သပ္သပ္ရပ္ရပ္ ျပဳျပင္ၾကရပါမယ္။

၄။ မစင္စြန္႔တဲ့ အိမ္သာမွာ သန္႔ရွင္းေနေစရပါမယ္။
၅။ မိမိအိပ္တဲ့ အိပ္ယာကို သန္႔ရွင္း သန္႔ျပန္႔ေနရပါမယ္။
၆။ ဘုရားေက်ာင္းေဆာင္မွာ ပန္းမ်ား မညႇိုးႏြမ္းေစဘဲ ေသာက္ေတာ္ေရခ်မ္း၊ ဆီမီး၊ အေမႊးနံ့သာ၊ ဆြမ္းေတာ္ အစရွိသည္တို႔ကို ေန႔စဥ္ထာဝရ ဆက္ကပ္လႉဒါန္းၾကရပါမယ္။

ဒီလို ပူေဇာ္ေနၾကတဲ့သူေတြဟာ… မိရိုးဖလာ ကိုးကြယ္နည္းမ်ိဳး မဟုတ္ဘဲ ရတနာသုံးပါးရဲ့ ဂုဏ္ေတာ္အေပၚမွာ အထူးသက္ဝင္ ယုံၾကည္ေလးစားစြာႏွင့္
ပူေဇာ္ေနၾကသူမ်ား ျဖစ္ၾကတာမို႔ အိမ္ ကို ဘုရားႂကြတယ္လို႔ ေခၚဆိုနိုင္ပါတယ္။

ေဖာ္ျပပါ နည္းလမ္းေကာင္း ( ၆ )မ်ိဳးအတိုင္း လိုက္နာ က်င့္ႀကံနိုင္ၾကမည္ဆိုလၽွင္ ႀကီးပြားခ်မ္းသာမည္မွာ ဧကန္ပင္ျဖစ္ပါသည္။crd

ကြီးပွား ချမ်းသာချင်တယ်ဆိုရင် နည်းလမ်းကောင်း ( ၆ )မျိုးရှိပါတယ်

မီးဖို ရေအိုး၊ ဧည့်မျိုး အိမ်သာ၊ အိပ်ယာ၊ ဘုရား၊ ခန့်ညား ခြောက်ဖြာ၊ သန့်ပြန့် သိမ်းဆည်း၊ သိပ်သည်း သေချာ ထိုသူများ ကြီးပွားတော့မည်သာ
လို့… ရှေးဆရာတော်များ ဗုဒ္ဓဒေသနာတော်ကို အခြေခံပြီး ရေးစပ်သွားခဲ့ပါသည်။

ကြီးပွားချမ်းသာလိုသူများဟာ…
၁။ မိမိတို့၏ မီးဖိုချောင်ကို သန့်သန့်ပြန့်ပြန့် ပြုပြင်ကြရပါမယ်။
၂။ သောက်ရေအိုးထဲကို ရေမပြတ်အောင် ထည့်ရပါမယ်။
၃။ ဧည့်ခန်းကို သပ်သပ်ရပ်ရပ် ပြုပြင်ကြရပါမယ်။

၄။ မစင်စွန့်တဲ့ အိမ်သာမှာ သန့်ရှင်းနေစေရပါမယ်။
၅။ မိမိအိပ်တဲ့ အိပ်ယာကို သန့်ရှင်း သန့်ပြန့်နေရပါမယ်။
၆။ ဘုရားကျောင်းဆောင်မှာ ပန်းများ မညှိုးနွမ်းစေဘဲ သောက်တော်ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာ၊ ဆွမ်းတော် အစရှိသည်တို့ကို နေ့စဉ်ထာဝရ ဆက်ကပ်လှူဒါန်းကြရပါမယ်။

ဒီလို ပူဇော်နေကြတဲ့သူတွေဟာ… မိရိုးဖလာ ကိုးကွယ်နည်းမျိုး မဟုတ်ဘဲ ရတနာသုံးပါးရဲ့ ဂုဏ်တော်အပေါ်မှာ အထူးသက်ဝင် ယုံကြည်လေးစားစွာနှင့်
ပူဇော်နေကြသူများ ဖြစ်ကြတာမို့ အိမ် ကို ဘုရားကြွတယ်လို့ ခေါ်ဆိုနိုင်ပါတယ်။

ဖော်ပြပါ နည်းလမ်းကောင်း ( ၆ )မျိုးအတိုင်း လိုက်နာ ကျင့်ကြံနိုင်ကြမည်ဆိုလျှင် ကြီးပွားချမ်းသာမည်မှာ ဧကန်ပင်ဖြစ်ပါသည်။crd

Leave a Reply

Your email address will not be published.