ဒီအရြယ္ဆိုတာ မိဘႏွစ္ပါးရဲ့ ရင္ခြင္ထဲမွာ ကေလးဘဝကိုအပူပင္ကင္းကင္းနဲ႔ ေဆာ့ကစားရင္း ျဖတ္ေက်ာ္ေနရမယ့္ အရြယ္ပါ

ဒီအရြယ္ဆိုတာ မိဘႏွစ္ပါးရဲ့ ရင္ခြင္ထဲမွာ ကေလးဘဝကိုအပူပင္ကင္းကင္းနဲ႔ ေဆာ့ကစားရင္း ျဖတ္ေက်ာ္ေနရမယ့္ အရြယ္ပ

အခုလိုမ်ိဳး သီလရင္ ကေလးေလးေတြ၊ ကိုရင္ ကေလးေလးေတြကို ျမင္တိုင္း ရင္ထဲမွာ အတိုင္းအဆမရွိ ဆို႔နင့္မိပါတယ္။အရြယ္ေလးေတြနဲ႔ မလိုက္ေအာင္ မနက္အေစာႀကီးမွာ ဆြမ္းခံထြက္ၾကရတယ္။တစ္ခ်ိဳ႕ဆိုရင္ အေဝးႀကီးကေန ကားေတြအဆင့္ဆင္းစီးၿပီး လာခဲ့ၾကရပါသတဲ့။

သူတို႔ေလးေတြရဲ့ ဘဝေနာက္ေၾကာင္းဟာ မသာယာလွဘူးဆိုတာ ေမးဖို႔မလိုေအာင္ ထင္ရွားပါတယ္၊ ေတာ္ပါေသးရဲ့ သာသနာ့ေဘာင္ရဲ့ ေစာင့္ေရွာက္မႈ အရိပ္ေအာက္မွာခိုလႈံခြင့္ရေသးလို႔ဆိုၿပီး စိတ္ေျဖရပါတယ္၊ ေစာင့္ေရွာက္ အရိပ္ေအာက္မွာခိုလႈံခြင့္ရေသးလို႔ဆိုၿပီး စိတ္ေျဖရပါတယ္၊

ေစာင့္ေရွာက္လက္ခံထားတဲ့ ေက်ာင္းေတြကိုလည္း ေက်းဇူးတင္မိပါတယ္။ သားသနာ့ေဘာင္မွာဆိုေတာ့လည္း စည္းကမ္း ဝိနည္းေတာ္ေတြနဲ႔အညီ ထိန္းသိမ္း ေနထိုင္ရေတာ့ ကေလးေတြ ပင္ပမ္းၾကမယ္ဆိုတာကေတာ့ ေသခ်ာပါတယ္။

(လူႀကီးေတြေတာင္ လိုက္နာက်င့္ႀကံဖို႔ခဲယဥ္းတယ္ မဟုတ္လား)ကိုယ့္သားသမီးေလးေတြသာ ဆိုတဲ့ အေတြးသက္သက္နဲ႔စာနာၾကည့္မိတိုင္း ကေလးဘဝေလးေတြကို ဆုံးရႈံးသြားတဲ့ သူတို႔ရဲ့အျဖစ္ကို သနားမိပါတယ္။ကိုယ့္သားသမီးေလးသာဆိုရင္ အိပ္ပါေစေလဆိုၿပီးမနက္အေစာႀကီး ႏွိုးရက္မွာ မဟုတ္ပါ။

ေနပူၾကဲၾကဲႀကီးထဲမွာလမ္းအေဝးႀကီးသြားရတဲ့အခါ ခ်ီးပိုးသြားမိမွာပါလမ္းေဘးဆိုင္ေလးေတြမွာ ျဖစ္သလို ဝင္စားေနတာမ်ိဳး အျဖစ္မခံနိုင္ပါဘူး၊ ေတာ္ၾကာ ေရာဂါရေနရင္ မခက္ဘူးလား ၾကပ္ပိတ္ေနတဲ့ လိုင္းကားစီးရင္ မူးမွာစိုးရိမ္လို႔ တကၠစီငွားစီးသြားမိေလမလား ဆိုတဲ့ အေတြးေတြနဲ႔ သူတို႔ေလးေတြကို ေတြ႕တိုင္း မ်က္ရည္ဝဲရပါတယ္။

ဒါေပမယ့္ တစ္ခုတည္းေသာ ကိုယ္လုပ္ေပးနိုင္တာကေတာ့ သူတို႔ေလးေတြကို ေတြ႕ရင္ ေခၽြးႏွဲစာေလးထဲက အတတ္နိုင္ဆုံး မ်ားမ်ားလႉတန္းလိုက္မိတာပါပဲ။ အဲဒီအခ်ိန္ၾကရင္ ဝင္းလက္ျပဳံးရႊင္သြားတဲ့ သူတို႔ေလးေတြရဲ့မ်က္ႏွာက သူတို႔အတြက္ ကိုယ့္ရင္ထဲက ေသာကမီးကို တဒဂၤေတာ့ ၿငိမ္းေစပါတယ္။

ေပ်ာ္ေပ်ာ္ပါးပါးနဲ႔ ထြက္သြားတဲ့ သူတို႔ေလးေတြရဲ့ ေနာက္ေက်ာကို ၾကည့္ရင္း “သမီးတို႔သားတို႔ ကံေကာင္းၾကပါေစလူတစ္လုံးသူတစ္လုံး ျဖစ္ၾကပါေစ”လို႔ ဆုေတာင္းေပးရင္းသာ။
Crd

ဒီအရွယ်ဆိုတာ မိဘနှစ်ပါးရဲ့ ရင်ခွင်ထဲမှာ ကလေးဘဝကိုအပူပင်ကင်းကင်းနဲ့ ဆော့ကစားရင်း ဖြတ်ကျော်နေရမယ့် အရွယ်ပါ

အခုလိုမျိုး သီလရင် ကလေးလေးတွေ၊ ကိုရင် ကလေးလေးတွေကို မြင်တိုင်း ရင်ထဲမှာ အတိုင်းအဆမရှိ ဆို့နင့်မိပါတယ်။အရွယ်လေးတွေနဲ့ မလိုက်အောင် မနက်အစောကြီးမှာ ဆွမ်းခံထွက်ကြရတယ်။တစ်ချို့ဆိုရင် အဝေးကြီးကနေ ကားတွေအဆင့်ဆင်းစီးပြီး လာခဲ့ကြရပါသတဲ့။

သူတို့လေးတွေရဲ့ ဘဝနောက်ကြောင်းဟာ မသာယာလှဘူးဆိုတာ မေးဖို့မလိုအောင် ထင်ရှားပါတယ်၊ တော်ပါသေးရဲ့ သာသနာ့ဘောင်ရဲ့ စောင့်ရှောက်မှု အရိပ်အောက်မှာခိုလှုံခွင့်ရသေးလို့ဆိုပြီး စိတ်ဖြေရပါတယ်၊ စောင့်ရှောက် အရိပ်အောက်မှာခိုလှုံခွင့်ရသေးလို့ဆိုပြီး စိတ်ဖြေရပါတယ်၊

စောင့်ရှောက်လက်ခံထားတဲ့ ကျောင်းတွေကိုလည်း ကျေးဇူးတင်မိပါတယ်။ သားသနာ့ဘောင်မှာဆိုတော့လည်း စည်းကမ်း ဝိနည်းတော်တွေနဲ့အညီ ထိန်းသိမ်း နေထိုင်ရတော့ ကလေးတွေ ပင်ပမ်းကြမယ်ဆိုတာကတော့ သေချာပါတယ်။

(လူကြီးတွေတောင် လိုက်နာကျင့်ကြံဖို့ခဲယဉ်းတယ် မဟုတ်လား)ကိုယ့်သားသမီးလေးတွေသာ ဆိုတဲ့ အတွေးသက်သက်နဲ့စာနာကြည့်မိတိုင်း ကလေးဘဝလေးတွေကို ဆုံးရှုံးသွားတဲ့ သူတို့ရဲ့အဖြစ်ကို သနားမိပါတယ်။ကိုယ့်သားသမီးလေးသာဆိုရင် အိပ်ပါစေလေဆိုပြီးမနက်အစောကြီး နှိုးရက်မှာ မဟုတ်ပါ။

နေပူကြဲကြဲကြီးထဲမှာလမ်းအဝေးကြီးသွားရတဲ့အခါ ချီးပိုးသွားမိမှာပါလမ်းဘေးဆိုင်လေးတွေမှာ ဖြစ်သလို ဝင်စားနေတာမျိုး အဖြစ်မခံနိုင်ပါဘူး၊ တော်ကြာ ရောဂါရနေရင် မခက်ဘူးလား ကြပ်ပိတ်နေတဲ့ လိုင်းကားစီးရင် မူးမှာစိုးရိမ်လို့ တက္ကစီငှားစီးသွားမိလေမလား ဆိုတဲ့ အတွေးတွေနဲ့ သူတို့လေးတွေကို တွေ့တိုင်း မျက်ရည်ဝဲရပါတယ်။

ဒါပေမယ့် တစ်ခုတည်းသော ကိုယ်လုပ်ပေးနိုင်တာကတော့ သူတို့လေးတွေကို တွေ့ရင် ချွေးနှဲစာလေးထဲက အတတ်နိုင်ဆုံး များများလှူတန်းလိုက်မိတာပါပဲ။ အဲဒီအချိန်ကြရင် ဝင်းလက်ပြုံးရွှင်သွားတဲ့ သူတို့လေးတွေရဲ့မျက်နှာက သူတို့အတွက် ကိုယ့်ရင်ထဲက သောကမီးကို တဒင်္ဂတော့ ငြိမ်းစေပါတယ်။

ပျော်ပျော်ပါးပါးနဲ့ ထွက်သွားတဲ့ သူတို့လေးတွေရဲ့ နောက်ကျောကို ကြည့်ရင်း “သမီးတို့သားတို့ ကံကောင်းကြပါစေလူတစ်လုံးသူတစ်လုံး ဖြစ်ကြပါစေ”လို့ ဆုတောင်းပေးရင်းသာ။
Crd

Leave a Reply

Your email address will not be published.