2022 မွာ စည္းမ်ဥ္းစည္းကမ္း အသစ္ေတြျဖင့္ ပရိသတ္စိတ္ဝင္စားမႈ မ်ားျပားအာင္ ျပဳလုပ္မည့္’One Championship’

2022 မွာ စည္းမ်ဥ္းစည္းကမ္း အသစ္ေတြျဖင့္ ပရိသတ္စိတ္ဝင္စားမႈ မ်ားျပားအာင္ ျပဳလုပ္မည့္’One Championship’

‘One Championship’ အဖြဲ႕အစည္းသည္ စင္ကာပူ အေျခစိုက္ MMA အဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး၊ အေမရိကန္ အေျခစိုက္ UFC အဖြဲ႕အစည္းလို နာမည္ေက်ာ္ၾကားၿပီး ပရိသတ္စိတ္ဝင္စားမႈ မ်ားစြာရရွိေအာင္ အထူးႀကိဳးပမ္း၍ လုပ္ေဆာင္ေနတာဘဲ ျဖစ္ပါသည္။

‘One Championship’ အဖြဲ႕အစည္းကို 2011 ခုႏွစ္မွစတင္ တည္ေထာင္ခဲ့ၿပီး၊ ယခုဆိုရင္ 10 ႏွစ္ေက်ာ္ ၾကာျမင့္ခဲ့ၿပီလည္း ျဖစ္ပါသည္။ ‘One Championship’ တြင္လည္း ကမၻာ့ထိပ္တန္းဖိုက္တာမ်ားစြာ ေပၚထြက္လာခဲ့ၿပီး၊ UFC အဖြဲ႕အစည္း၏ လက္ေအာက္ခံ ဖိုက္တာမ်ားလည္း လာေရာက္ထိုးသတ္ေနတာ ဘဲျဖစ္ပါသည္။

သို႔ေသာ္လည္း ‘One Championship’ သည္ ‘UFC’ ၿပိဳင္ပြဲႏွင့္ ႏွိုင္းယွဥ္ပါက အဘက္ဘက္မွ အေရးနိမ့္ေနၿပီး၊ ပြဲတစ္ပြဲတြင္ ထိုးသတ္မည့္ ဖိုက္တာမ်ားအား ဆုေၾကးေပးေဆာင္ရာမွာလည္း ‘UFC’ ႏွင့္ေတာ္ေတာ္ ကြာျခားေနတာဘဲ ျဖစ္ပါသည္။

ဒါ့ေၾကာင့္ ‘One Championship’ သည္ 10 ႏွစ္ျပည့္ အခမ္းအနားမွစ၍ 2022 ခုႏွစ္အတြင္း ထိုးသတ္ၾကမည့္ ဖိုက္တာမ်ားကို ထိုးေၾကးအျပင္ အပိုဆုေၾကးေတြပါ ေပးအပ္ေတာ့မွာလည္း ျဖစ္ပါသည္။

One Championship ရဲ႕ CEO ျဖစိသည့္ ‘CHATRI’ က ပြဲစဥ္တစ္ပြဲအတြင္းတြင္ ဖိုက္တာမ်ားအား ထိုးေၾကးအျပင္ စြမ္းေဆာင္ရည္ေကာင္းသည့္ဖိုက္တာမ်ားကို ‘Performance of the Night’ ဆု၊ ပရိသတ္မ်ားကို အေကာင္းဆုံး ေဖ်ာ္ေျဖနိုင္သည့္ ပြဲစဥ္ေတြမွာဆိုရင္ ‘Fighter of the Night’ ဆု တို႔ကို ထပ္တိုးခ်ီးျမႇင့္မွာ ျဖစ္ေၾကာင္း တရားဝင္ ေျပာၾကားခဲ့ပါသည္။

အဆိုပါ ဆုတစ္ခုခ်င္းဆီအတြက္ အေမရိကန္ ေဒၚလာ 50,000 ခ်ီးျမႇင့္မွာျဖစ္ၿပီး၊ ၿပိဳင္ပြဲတစ္ပြဲတြင္ အဆိုပါ Bonus ဆုမ်ားကို အနည္းဆုံး 1 ဆုမွ အမ်ားဆုံး 5 ဆုအထိ ခ်ီးျမႇင့္မွာလည္း ျဖစ္ပါသည္။

ဒါဟာ ‘One Championship’ မွာ လက္ရွိထိုးသတ္ေနသည့္ ဖိုက္တာမ်ားအပါအဝင္ တက္သစ္စ ဖိုက္တာမ်ားပါ မက္မက္ေမာေမာ လိုခ်င္ေတာင္းတေနသည့္ ဆုလည္း ျဖစ္ပါသည္။အဆိုပါ Bonus ဆုကို 2019 ခုႏွစ္က ေပးအပ္ခဲ့ဖူးၿပီး၊

ရရွိခဲ့ဖူးသည့္ ဖိုက္တာကေတာ့ ျမန္မာ့စပါးအုံးႀကီး ေအာင္လအန္ဆန္းဘဲ ျဖစ္ပါသည္။ 2019 ခုႏွစ္ UFC ဖိုက္တာေဟာင္း ဘရန္ဒါ ဗီရာႏွင့္ ေအာင္လအန္ဆန္းတို႔ ပြဲစဥ္တြင္ ေအာင္လသည္ ဗီရာကို အလဲထိုးအနိုင္ယူျပနိုင္သည့္ အတြက္ေၾကာင့္ CEO ‘CHATRI’ က ကန္ေဒၚလာ 50,000 ခ်ီးျမႇင့္ခဲ့တာလည္း ျဖစ္ပါသည္။

‘One Championship’ ရဲ႕ 2022 ခုႏွစ္အတြင္း ပြဲစဥ္မ်ားတြင္ ထိုးသတ္ၾကမည့္ ဖိုက္တာမ်ား၏ စြမ္းေဆာင္ရည္ေကာင္းမ်ား ပိုမို ေပၚထြက္လာေစရန္ ရည္႐ြယ္ခဲ့ၿပီး၊ ပရိသတ္စိတ္ဝင္စားမႈ ပိုမို မ်ားျပားလာေအာင္ ရည္႐ြယ္ခဲ့ကာ ယခုလို အပိုဆုေၾကးမ်ား ထပ္ေဆာင္းေပးအပ္မည့္ စည္းမ်ဥ္းစည္းကမ္း အသစ္တစ္ခုကို ထည့္သြင္းေရးဆြဲခဲ့တာလည္း ျဖစ္ပါသည္ခင္ဗ်ာ။crd

2022 မှာ စည်းမျဉ်းစည်းကမ်း အသစ်တွေဖြင့် ပရိသတ်စိတ်ဝင်စားမှု များပြားအာင် ပြုလုပ်မည့်’One Championship’

‘One Championship’ အဖွဲ့အစည်းသည် စင်ကာပူ အခြေစိုက် MMA အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ အမေရိကန် အခြေစိုက် UFC အဖွဲ့အစည်းလို နာမည်ကျော်ကြားပြီး ပရိသတ်စိတ်ဝင်စားမှု များစွာရရှိအောင် အထူးကြိုးပမ်း၍ လုပ်ဆောင်နေတာဘဲ ဖြစ်ပါသည်။

‘One Championship’ အဖွဲ့အစည်းကို 2011 ခုနှစ်မှစတင် တည်ထောင်ခဲ့ပြီး၊ ယခုဆိုရင် 10 နှစ်ကျော် ကြာမြင့်ခဲ့ပြီလည်း ဖြစ်ပါသည်။ ‘One Championship’ တွင်လည်း ကမ္ဘာ့ထိပ်တန်းဖိုက်တာများစွာ ပေါ်ထွက်လာခဲ့ပြီး၊ UFC အဖွဲ့အစည်း၏ လက်အောက်ခံ ဖိုက်တာများလည်း လာရောက်ထိုးသတ်နေတာ ဘဲဖြစ်ပါသည်။

သို့သော်လည်း ‘One Championship’ သည် ‘UFC’ ပြိုင်ပွဲနှင့် နှိုင်းယှဉ်ပါက အဘက်ဘက်မှ အရေးနိမ့်နေပြီး၊ ပွဲတစ်ပွဲတွင် ထိုးသတ်မည့် ဖိုက်တာများအား ဆုကြေးပေးဆောင်ရာမှာလည်း ‘UFC’ နှင့်တော်တော် ကွာခြားနေတာဘဲ ဖြစ်ပါသည်။

ဒါ့ကြောင့် ‘One Championship’ သည် 10 နှစ်ပြည့် အခမ်းအနားမှစ၍ 2022 ခုနှစ်အတွင်း ထိုးသတ်ကြမည့် ဖိုက်တာများကို ထိုးကြေးအပြင် အပိုဆုကြေးတွေပါ ပေးအပ်တော့မှာလည်း ဖြစ်ပါသည်။

One Championship ရဲ့ CEO ဖြစိသည့် ‘CHATRI’ က ပွဲစဉ်တစ်ပွဲအတွင်းတွင် ဖိုက်တာများအား ထိုးကြေးအပြင် စွမ်းဆောင်ရည်ကောင်းသည့်ဖိုက်တာများကို ‘Performance of the Night’ ဆု၊ ပရိသတ်များကို အကောင်းဆုံး ဖျော်ဖြေနိုင်သည့် ပွဲစဉ်တွေမှာဆိုရင် ‘Fighter of the Night’ ဆု တို့ကို ထပ်တိုးချီးမြှင့်မှာ ဖြစ်ကြောင်း တရားဝင် ပြောကြားခဲ့ပါသည်။

အဆိုပါ ဆုတစ်ခုချင်းဆီအတွက် အမေရိကန် ဒေါ်လာ 50,000 ချီးမြှင့်မှာဖြစ်ပြီး၊ ပြိုင်ပွဲတစ်ပွဲတွင် အဆိုပါ Bonus ဆုများကို အနည်းဆုံး 1 ဆုမှ အများဆုံး 5 ဆုအထိ ချီးမြှင့်မှာလည်း ဖြစ်ပါသည်။

ဒါဟာ ‘One Championship’ မှာ လက်ရှိထိုးသတ်နေသည့် ဖိုက်တာများအပါအဝင် တက်သစ်စ ဖိုက်တာများပါ မက်မက်မောမော လိုချင်တောင်းတနေသည့် ဆုလည်း ဖြစ်ပါသည်။အဆိုပါ Bonus ဆုကို 2019 ခုနှစ်က ပေးအပ်ခဲ့ဖူးပြီး၊

ရရှိခဲ့ဖူးသည့် ဖိုက်တာကတော့ မြန်မာ့စပါးအုံးကြီး အောင်လအန်ဆန်းဘဲ ဖြစ်ပါသည်။ 2019 ခုနှစ် UFC ဖိုက်တာဟောင်း ဘရန်ဒါ ဗီရာနှင့် အောင်လအန်ဆန်းတို့ ပွဲစဉ်တွင် အောင်လသည် ဗီရာကို အလဲထိုးအနိုင်ယူပြနိုင်သည့် အတွက်ကြောင့် CEO ‘CHATRI’ က ကန်ဒေါ်လာ 50,000 ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါသည်။

‘One Championship’ ရဲ့ 2022 ခုနှစ်အတွင်း ပွဲစဉ်များတွင် ထိုးသတ်ကြမည့် ဖိုက်တာများ၏ စွမ်းဆောင်ရည်ကောင်းများ ပိုမို ပေါ်ထွက်လာစေရန် ရည်ရွယ်ခဲ့ပြီး၊ ပရိသတ်စိတ်ဝင်စားမှု ပိုမို များပြားလာအောင် ရည်ရွယ်ခဲ့ကာ ယခုလို အပိုဆုကြေးများ ထပ်ဆောင်းပေးအပ်မည့် စည်းမျဉ်းစည်းကမ်း အသစ်တစ်ခုကို ထည့်သွင်းရေးဆွဲခဲ့တာလည်း ဖြစ်ပါသည်ခင်ဗျာ။crd

Leave a Reply

Your email address will not be published.