Categories
သတင္း

ေက်ာင္းထိုင္ဆရာေတာ္တစ္ပါး ေရတြင္းထဲျပဳတ္က်ၿပီး ပ်ံလြန္ေတာ္မူ…z

ေက်ာင္းထိုင္ဆရာေတာ္တစ္ပါး ေရတြင္းထဲျပဳတ္က်ၿပီး ပ်ံလြန္ေတာ္မူ

ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ခရိုင္၊ေက်ာင္းကုန္းၿမိဳ႕နယ္၊ကိုင္းတာအုပ္စု၊ က်ီးေတာေက်းရြာရွိ ေက်ာင္းထိုင္ဆရာေတာ္တစ္ပါးသည္ အသုံးမျပဳသည္မွာ(၈)ႏွစ္ခန္႔ၾကာေနေသာ ေရတြင္းေဟာင္းထဲ ျပဳတ္က်ၿပီး ပ်ံလြန္ေတာ္မူေနေၾကာင္း ယမန္ေန႔ညေန ၆း၃၀ နာရီအခ်ိန္ခန္႔က သိရသည္။

ျဖစ္စဥ္မွာ တရားလို ဒုရဲအုပ္ ထက္ေဝဦးသည္ ရဲစခန္း၌ တာဝန္မႉးတာဝန္ ေဆာင္ရြက္ေနစဥ္ က်ီးေတာေက်းရြာတြင္ ဘုန္းႀကီးတစ္ပါး ေရတြင္းထဲျပဳတ္က် ပ်ံလြန္ေတာ္မူေနေၾကာင္း သတင္းရရွိသျဖင့္ သက္ေသမ်ားႏွင့္အတူ အခင္းျဖစ္ရပ္သို႔ သြားေရာက္စစ္ေဆးရာ

ဒီဇင္ဘာလ ၂၇ ရက္ေန႔နံနက္၁၀ နာရီအခ်ိန္ ေန႔ဆြမ္အလွည့္က်သူအလႉရွင္မွ ေက်ာင္းသို႔ဆြမ္းခ်ိဳင့္သြားပို႔စဥ္ ဆရာေတာ္အား မေတြ႕ရွိေၾကာင္း၊ ဆရာေတာ့္ဖုန္းကို ဆက္ေသာ္လည္း ဆက္သြယ္၍ မရခဲ့ေၾကာင္းကို ေက်းရြာအုပ္ခ်ဳပ္ေရးမႉးအား အသိေပးခဲ့ေၾကာင္း၊

ဒီဇင္ဘာလ ၂၈ ရက္ေန႔ညေန ၅ နာရီအခ်ိန္ခန္႔တြင္ ေက်ာင္းဝန္းအတြင္းရွိ အသုံးမျပဳေတာ့သည့္ ေရတြင္းေဟာင္းအတြင္း ေမွာက္လၽွက္အေနအထားျဖင့္ေရနစ္ပ်ံလြန္ေတာ္မူေနေၾကာင္း စစ္ေဆးေတြ႕ရွိရသျဖင့္ ဓမၼတာအတိုင္း ေသဆုံးျခင္းဟုတ္/မဟုတ္

စစ္ေဆးနိုင္ရန္ ေက်ာင္းကုန္းၿမိဳ႕ နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ၿပီး၊လက္ေထာက္ဆရာဝန္ ေဒါက္တာေဇယ်ာလင္းမွ PR အမွတ္(၃၂/၂၀၂၀) ျဖင့္ ရင္ခြဲစစ္ေဆးသြားမည္ျဖစ္ေၾကာင္း၊ ေက်ာင္းကုန္းၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္(၇/၂၀၂၀)ျဖင့္ ဖြင့္လွစ္စစ္ေဆးသြားမည္ ျဖစ္ေၾကာင္း ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး႐ုံးက သိရသည္။

ေက်ာင္းကုန္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးဝင္းေရႊဦးေဆာင္၍အခင္းျဖစ္ရပ္ရွိ ေရတြင္းႏႈတ္ခမ္းအထူ(၈)လက္မ၊အဝ(၅)ေပ၊အျမင့္(၂)ေပခြဲ၊ အေပၚမွေရအထိ(၁၆)ေပ၊‌အနက္(၈)ေပရွိေသာအသုံးမျပဳေတာ့သည့္ေရတြင္းထဲျပဳတ္က်ၿပီး ပ်ံလြန္ေတာ္မူသြားေသာ ေက်ာင္းထိုင္ဆရာေတာ္သည္

သက္ေတာ္ (၃၉)ႏွစ္သာ ရွိေသးၿပီး၊ကြန္ကရစ္ျဖင့္ ျပဳ လုပ္ထားေသာေရတြင္း ႏႈတ္ခမ္းေပၚတြင္ထိုင္လၽွက္ ေန႔စဥ္ဖုန္းေျပာတတ္ေၾကာင္း၊ ေသြးတိုးေရာဂါႏွင့္ႏွလုံးေရာဂါအခံရွိေၾကာင္း ဆရာေတာ္၏တူေတာ္စပ္သူ ေမာင္ၿငိမ္းခ်မ္းကိုထံမွ သိရသည္။
crd

ကျောင်းထိုင်ဆရာတော်တစ်ပါး ရေတွင်းထဲပြုတ်ကျပြီး ပျံလွန်တော်မူ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ကိုင်းတာအုပ်စု၊ ကျီးတောကျေးရွာရှိ ကျောင်းထိုင်ဆရာတော်တစ်ပါးသည် အသုံးမပြုသည်မှာ(၈)နှစ်ခန့်ကြာနေသော ရေတွင်းဟောင်းထဲ ပြုတ်ကျပြီး ပျံလွန်တော်မူနေကြောင်း ယမန်နေ့ညနေ ၆း၃၀ နာရီအချိန်ခန့်က သိရသည်။

ဖြစ်စဉ်မှာ တရားလို ဒုရဲအုပ် ထက်ဝေဦးသည် ရဲစခန်း၌ တာဝန်မှူးတာဝန် ဆောင်ရွက်နေစဉ် ကျီးတောကျေးရွာတွင် ဘုန်းကြီးတစ်ပါး ရေတွင်းထဲပြုတ်ကျ ပျံလွန်တော်မူနေကြောင်း သတင်းရရှိသဖြင့် သက်သေများနှင့်အတူ အခင်းဖြစ်ရပ်သို့ သွားရောက်စစ်ဆေးရာ

ဒီဇင်ဘာလ ၂၇ ရက်နေ့နံနက်၁၀ နာရီအချိန် နေ့ဆွမ်အလှည့်ကျသူအလှူရှင်မှ ကျောင်းသို့ဆွမ်းချိုင့်သွားပို့စဉ် ဆရာတော်အား မတွေ့ရှိကြောင်း၊ ဆရာတော့်ဖုန်းကို ဆက်သော်လည်း ဆက်သွယ်၍ မရခဲ့ကြောင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးအား အသိပေးခဲ့ကြောင်း၊

ဒီဇင်ဘာလ ၂၈ ရက်နေ့ညနေ ၅ နာရီအချိန်ခန့်တွင် ကျောင်းဝန်းအတွင်းရှိ အသုံးမပြုတော့သည့် ရေတွင်းဟောင်းအတွင်း မှောက်လျှက်အနေအထားဖြင့်ရေနစ်ပျံလွန်တော်မူနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ်

စစ်ဆေးနိုင်ရန် ကျောင်းကုန်းမြို့ နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး၊လက်ထောက်ဆရာဝန် ဒေါက်တာဇေယျာလင်းမှ PR အမှတ်(၃၂/၂၀၂၀) ဖြင့် ရင်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းကုန်းမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ်(၇/၂၀၂၀)ဖြင့် ဖွင့်လှစ်စစ်ဆေးသွားမည် ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ကျောင်းကုန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းရွှေဦးဆောင်၍အခင်းဖြစ်ရပ်ရှိ ရေတွင်းနှုတ်ခမ်းအထူ(၈)လက်မ၊အဝ(၅)ပေ၊အမြင့်(၂)ပေခွဲ၊ အပေါ်မှရေအထိ(၁၆)ပေ၊‌အနက်(၈)ပေရှိသောအသုံးမပြုတော့သည့်ရေတွင်းထဲပြုတ်ကျပြီး ပျံလွန်တော်မူသွားသော ကျောင်းထိုင်ဆရာတော်သည်

သက်တော် (၃၉)နှစ်သာ ရှိသေးပြီး၊ကွန်ကရစ်ဖြင့် ပြု လုပ်ထားသောရေတွင်း နှုတ်ခမ်းပေါ်တွင်ထိုင်လျှက် နေ့စဉ်ဖုန်းပြောတတ်ကြောင်း၊ သွေးတိုးရောဂါနှင့်နှလုံးရောဂါအခံရှိကြောင်း ဆရာတော်၏တူတော်စပ်သူ မောင်ငြိမ်းချမ်းကိုထံမှ သိရသည်။
crd

Leave a Reply

Your email address will not be published.