Categories
သတင္း

ႏွစ္ေပါင္း (၁၀၀) ေက်ာ္ သက္တမ္းရွိ ေခ်ာင္းဆုံၿမိဳ႕နယ္က ေရႊက်င္ေက်ာင္းတိုက္ မီးေလာင္…a

ႏွစ္ေပါင္း (၁၀၀) ေက်ာ္ သက္တမ္းရွိ ေခ်ာင္းဆုံၿမိဳ႕နယ္က ေရႊက်င္ေက်ာင္းတိုက္ မီးေလာင္

မြန္ျပည္နယ္၊ ဘီလူးကၽြန္း၊ ေခ်ာင္းဆုံၿမိဳ႕နယ္၊ ကေညႇာ္ေက်းရြာ ရွိ ႏွစ္ေပါင္း (၁၀၀) ေက်ာ္ သက္တမ္းရွိဟု သိရေသာ ေရႊက်င္ေက်ာင္းတိုက္ မီးေလာင္မႈ ျဖစ္ပြားခဲ့ပါသည္။

မီးေလာင္မႈသတင္းရရျခင္း ေမာ္လၿမိဳင္ RESCUE လူမႈကယ္ဆယ္ေရးအဖြဲ႕၏ ေရွ႕တန္း (၁၀) ၿမိဳ႕နယ္ေဆာင္ CBFQ စခန္းတြင္ထားရွိေသာ ကၽြဲၿခံကုန္းမီးသတ္ကားတစ္စီး က်န္းမာခ်မ္းသာအဖြဲ႕၏ ေရကားတစ္စီး ေရႊေတာင္ RESCUE အေရးေပၚယာဥ္ (၁) စီး အုပ္ခ်ဳပ္မႈယာဥ္ (၁) စီး အင္အား (၁၂) ဦး ေနာက္တန္းအဖြဲ႕မွ ေရကားတစ္စီး အေရးေပၚယာဥ္ (၃) စီး အင္အား (၁၅) ဦး တို႔ျဖင့္ သြားေရာက္ကူညီ ေဆာင္ရြက္ ေပးခဲ့ပါသည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ ျမန္မာနိုင္ငံမီးသတ္တပ္ဖြဲ႕ (မြန္ျပည္နယ္) သေႏၶ/အရံတပ္ဖြဲ႕ဝင္မ်ား ေမာ္လၿမိဳင္ၿမိဳ႕ေပၚရွိ အေရးေပၚ RESCUE ကြန္ယက္အဖြဲ႕ မ်ား ေခ်ာင္းဆုံေဒသခံ RESCUE အဖြဲ႕မ်ား ေမာ္လၿမိဳင္ႏွင့္ ေခ်ာင္းဆုံ ၾကက္ေျခနီတပ္ဖြဲ႕ဝင္မ်ား ေဒသခံျပည္သူမ်ား စုေပါင္းအားျဖင့္ ဝိုင္းဝန္းၿငိမ္းသတ္ေပးခဲ့ၾကပါသည္။

မီးေလာင္မႈေၾကာင့္ ေရႊက်င္ေက်ာင္း (၂) ထပ္ေဆာင္အေပၚ ထပ္တခုလုံး မီးေလာင္ဆုံးရႈံးခဲ့ၿပီး မည္သည့္အတြက္ေၾကာင့္ မီးေလာင္ရသည္ကို မီးသတ္တပ္ဖြဲ႕ႏွင့္ တာဝန္ရွိသူမ်ားမွ ဆက္လက္ စစ္ေဆးေဆာင္ရြက္လၽွက္ ရွိပါသည္။crd

နှစ်ပေါင်း (၁၀၀) ကျော် သက်တမ်းရှိ ချောင်းဆုံမြို့နယ်က ရွှေကျင်ကျောင်းတိုက် မီးလောင်

မွန်ပြည်နယ်၊ ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာ ရှိ နှစ်ပေါင်း (၁၀၀) ကျော် သက်တမ်းရှိဟု သိရသော ရွှေကျင်ကျောင်းတိုက် မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။

မီးလောင်မှုသတင်းရရခြင်း မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့၏ ရှေ့တန်း (၁၀) မြို့နယ်ဆောင် CBFQ စခန်းတွင်ထားရှိသော ကျွဲခြံကုန်းမီးသတ်ကားတစ်စီး ကျန်းမာချမ်းသာအဖွဲ့၏ ရေကားတစ်စီး ရွှေတောင် RESCUE အရေးပေါ်ယာဉ် (၁) စီး အုပ်ချုပ်မှုယာဉ် (၁) စီး အင်အား (၁၂) ဦး နောက်တန်းအဖွဲ့မှ ရေကားတစ်စီး အရေးပေါ်ယာဉ် (၃) စီး အင်အား (၁၅) ဦး တို့ဖြင့် သွားရောက်ကူညီ ဆောင်ရွက် ပေးခဲ့ပါသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ (မွန်ပြည်နယ်) သန္ဓေ/အရံတပ်ဖွဲ့ဝင်များ မော်လမြိုင်မြို့ပေါ်ရှိ အရေးပေါ် RESCUE ကွန်ယက်အဖွဲ့ များ ချောင်းဆုံဒေသခံ RESCUE အဖွဲ့များ မော်လမြိုင်နှင့် ချောင်းဆုံ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ဒေသခံပြည်သူများ စုပေါင်းအားဖြင့် ဝိုင်းဝန်းငြိမ်းသတ်ပေးခဲ့ကြပါသည်။

မီးလောင်မှုကြောင့် ရွှေကျင်ကျောင်း (၂) ထပ်ဆောင်အပေါ် ထပ်တခုလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မည်သည့်အတွက်ကြောင့် မီးလောင်ရသည်ကို မီးသတ်တပ်ဖွဲ့နှင့် တာဝန်ရှိသူများမှ ဆက်လက် စစ်ဆေးဆောင်ရွက်လျှက် ရှိပါသည်။crd

Leave a Reply

Your email address will not be published.