လာဘ်ပိတ်စေတ်သော အကျင့်ဆိုးလေးများ

လာဘ်ပိတ်စေတ်သော အကျင့်ဆိုးလေးများ

၁= ဘုရားခန်းတွင် လင်မယား (၂)ယောက် မအိပ်ရ။

၂= ယောကျာ်း၏ ညာဘက်တွင် မိန်းမ မအိပ်ရ။

၃= နံနက် (၄) နာရီခွဲမှ (၆) နာရီအတွင်းတွင် သာသနာစောင့် နတ်မင်းကြီး (၄) ပါးတို့သည် လူအများစု၏ ကောင်းမှု့ ၊ မကောင်းမှု့တို့ကို ကြည့်ရူသော အချိန်ဖြစ်ပါသည်။ ထိုအချိန်တွင် မေထုန်မှီဝဲမှု့ကို အထူးရှောင်ကြဉ်ရမည်။

၎= မိမိအိပ်စက်သော ကုတင်ထက် (သို့) အိပ်ယာထက် မြင့်သောနေရာတွင် ထဘီတန်း မပြုလုပ်ရ။

၅= သားသမီး ခေါင်းရင်း၊ မိဘခြေရင်းတွင် မနေရ မအိပ်ရ။

၆= မိမိအိပ်ယာခင်းနှင့် ပုဆိုးစောင်များကို မိမိအိပ်သော ခေါင်းအုံးပေါ်တွင် တင်၍ မထားရ။

၇=မိမိနေထိုင်ရာထက် မြင့်သောနေရာတွင် ဖျာ၊မွေ့ယာစောင်များ လှမ်းခြင်းမပြုလုပ်ရ။

၈= မိမိအိမ်ရှေ့ အပေါက်ဝတွင် မေးကို လက်ထောက်ပြီး မထိုင်ရ ၊မမှိုင်ရ။

၉= မိမိအိမ်ရှေ့ တံခါးအပေါက်ဝတွင် ဆံပင်ကို ဖြန့်ချ၍ သန်းဥ မဆွဲရ။

၁၀= မိမိအိမ်ရှေ့ တံခါးအပေါက်ဝတွင် ကလေးများ မစင် မစွန့်ရ။

၁၁= မိမိအိပ်ယာထ မင်္ဂလာယူသော အခါ၌ အော်ဟစ် ဆဲရေးတိုင်းထွာခြင်း မပြုလုပ်ရ။

၁၂= နံနက်စောစောအိပ်ယာထ မျက်နှာသစ်ရာတွင် လည်ချောင်ထဲမှ သလိပ်များကို မရ ရအောင် အသံကျယ်လောင်စွာ ပြု၍ မလုပ်ရ။

၁၃= ကျွဲခတ်ထားသော အဝတ်၊ မီးလောင်ထားပြီးသော အဝတ်၊ လေပွေဖြင့် လွှင့်ပါလာသော အဝတ်၊ ကြွက်ကိုက်ထားသော အဝတ်၊ လည်းကောင်း အဝတ်များကို လူတို့ မဝတ်ကောင်းပေ။

၁၄= အိမ်ပေါ်တွင် လမ်းလျှောက်လျှ င် ခြေသံပြင်းပြင်း မလျှောက်ရ။အိုးခွက် ၊ပန်းကန် ပစ္စည်းများကို အသံမြည်အောင် ကြမ်းတမ်းစွာ မပြုလုပ်ရ။

၁၅= ထမင်းစားလျှ င် ထမင်းပန်းကန်များကို လှည့်၍ ၊လူပ်၍ မစားရ။ငြိမ်သက်စွာ ညီညာစွာထားပြီးမှ စားရမည်။ထမင်းစာပွဲကိုလည်း လက်ထောက်၍ မစားရပါ။

၁၆= ထမင်းစား၍သော် လည်းကောင်း၊ တခြားအစားအစာများ စား၍သော်လည်းကောင်း၊ အစာစားရာတွင် ပါးစပ်မှ ပလပ်ပလပ် မြည်အောင် ခွေးများ ထမင်းရည်သောက်သကဲ့သို့ အသံမထွက်စေရပါ။

၁၇=လမ်းလျှောက်စဉ်အတွင်း ထမင်းနှင့် တခြားအစားအစာများကို မစားရ။

၁၈= မိမိအိမ်ရှေ့ အပေါက်ဝကို ကျောပေး၍ မထိုင်ရ။

၁၉= နံနက်စောစောနှင့် ညဘက်များတွင် ခြေဆစ်၊လက်ဆစ်များ မချိုးရ။

၂၀= နံနက်စောစောနှင့် ညဘက်တို့တွင် လေမချွန်ရ။

crd

Leave a Reply

Your email address will not be published.