အမျိုးသားစွမ်းဆောင်ရည်တိုးဖို့ လုပ်ဆောင်ရမယ့် အချက်(၈)ချက်

အမျိုးသားစွမ်းဆောင်ရည်တိုးဖို့ လုပ်ဆောင်ရမယ့် အချက်(၈)ချက်

လိင်မှုကိစ္စမှာ စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ဖို့ဆိုတာ အမျိုးသားတိုင်းရဲ့ ဆန္ဒပါပဲ။ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကို သာယာမှုအပြည့်အဝပေးလိုတာ ဖြစ်စေ၊ စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေတဲ့ အမျိုးသားတွေမှာ ဒီလို ကာမခွန်အား မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းတွေကို အမြဲရှာဖွေလေ့ရှိကြပါတယ်။

လိင်ကိစ္စမှာ သာယာမှုအပြည့်အ၀ ရဖို့ဆိုတာလည်း ကိုယ့်ရဲ့ ညီငယ် ဖွားဖက်တော်က အပြည့်အ၀ လိုအပ်ချိန်တိုင်း အဆင်သင့်ဖြစ်နေမှ အဆင်ပြေမှာပေါ့။ ဖွားဖက်တော် အားအင်ပြည့်ဝနေဖို့အတွက် နှလုံးအားကောင်းဖို့ လိုသလို သွေးလည်ပတ်မှု အားကောင်းဖို့လည်း အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖွားဖက်တော် ထောင်မတ်နိုင်ဖို့ဆိုတာ လိင်အင်္ဂါအတွင်း သွေးကြောထဲ သွေးကောင်းစွာ စီးဆင်းနိုင်မှ ဖြစ်မှာကိုး။

အမျိုးသားတွေဆိုတာလည်း အလုပ်က စိတ်ဖိစီးမှုတွေ၊ ဆေးလိပ်၊ အရက်သောက်တာ၊ စားသောက်နေထိုင်မှုပုံစံ မမှန်တာ၊ အိပ်ချိန်မပြည့်ဝတာ၊ အဝလွန်တာ၊ ကျန်းမာရေးအခြေအနေ အစရှိတဲ့ အကြောင်းရင်းတွေကြောင့် လိင်စိတ်ဆန္ဒ တဖြည်းဖြည်း နည်းပါးလာပြီး စိတ်သွားတိုင်း ကိုယ်မပါတဲ့ အခြေအနေမျိုးတွေ ကြုံလာရတာပေါ့။

ဈေးကွက်ထဲမှာ အလွယ်တကူ ဝယ်လို့ ရတဲ့ ကြာဆေးေတွဟာလည်း တစ်ခဏတာ ဖြေရှင်းဖို့အတွက်သာ အဆင်ပြေပြီး ရေရှည် ကျန်းမာရေးအတွက်ရော လိင်မှုဘဝမှာပါ အကျိုးကျေးဇူးတွေ သိပ်မရှိပါဘူး။ ဒီလို ဖြတ်လမ်းနည်းတွေအစား ကိုယ့်ရဲ့ ညီတော်မောင်ကို သဘာဝအတိုင်း သန်စွမ်းစေဖို့ ကြိုးစားတာက အကောင်းဆုံးပါပဲ။ ဒီဆောင်းပါးမှာတော့ ကိုယ့်လူတို့ စိတ်သွားတိုင်း ကိုယ်ပါပြီး ကာမခွန်အားတိုးစေမယ့် နည်းလမ်းကောင်းတွေကို ပြောပြပေးချင်ပါတယ်။

၁။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ လိင်မှုကိစ္စမှာ စိတ်သွားတိုင်း ကိုယ်ပါဖို့ နှလုံးအားကောင်းဖို့ အရေးကြီးတယ်ဆိုတာ မေ့ထားလို့ မဖြစ်ဘူးနော်။ လေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့အခါ နှလုံးခုန်နှုန်း မြန်စေတယ်။ နှလုံးကောင်းတော့ သက်လုံကောင်းပြီး အမောပိုခံနိုင်တယ်။ လိင်စိတ်ဆန္ဒကို တိုးလာစေပြီး ကိုယ်ခန္ဓါတွင်း သွေးလည်ပတ်မှုကောင်းစေလို့ ဖွားဖက်တော်ကိုလည်း လိုအပ်ချိန်တိုင်း အဆင်သင့်ဖြစ်နေအောင် ကူညီပေးနိုင်တာပေါ့။ ဒါကြောင့် အမျိုးသားတိုင်း တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ခန့် ချွေးများများ ထွက်စေမယ့် အားကစား၊ လေ့ကျင့်ခန်းမျိုး ပုံမှန်လုပ်ပေးဖို့ လိုပါတယ်။

၂။ နေ့စဉ် အစာအာဟာရကို ဂရုစိုက်စားသုံးပေးပါ။
တချို့သော အစားအစာတွေမှာ ကိုယ်ခန္ဓါအတွက် အကျိုးဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေအပြင် လိင်အင်္ဂါအတွင်း သွေးစီးဆင်းမှုကောင်းစေတဲ့ အာဟာရဓါတ်တွေလည်း အများအပြား ပါဝင်ပါတယ်။ သွေးလည်ပတ်မှုစနစ်ကို ကောင်းမွန်စေတဲ့ အစားအစာတွေ ဖြစ်တဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငှက်ပျောသီး၊ ငရုတ်သီး၊ ငရုတ်ပွ၊ အိုမီဂါ-၃ အဆီဓါတ်ကြွယ်ဝတဲ့ ဆောလ်မွန်ငါး၊ တူနာငါး၊ ထောပတ်သီး၊ သံလွင်ဆီ၊ အာရုံကြောစနစ်ကောင်းစေဖို့ ကူညီပေးတဲ့ ဗီတာမင် ဘီ-ဝမ်း ပါဝင်တဲ့ ဝက်သား၊ ပဲကို များများစားပေးသင့်ပါတယ်။ ကြက်ဥမှာလည်း လိင်စိတ်ဆန္ဒကို ဖြစ်စေတဲ့ ဗီတာမင် ဘီအပြင် လိင်မှုကိစ္စကို အနှောင့်အယှက်ဖြစ်စေတဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေကို လျှော့ချပေးနိုင်တာကြောင့် များများ စားပေးရပါမယ်။

၃။ စိတ်ဖိစီးမှုကို လျှော့ချပါ။ စိတ်ဖိစီးမှုရဲ့ အရိပ်က ကိုယ့်ရဲ့ ကျန်းမာရေးကိုသာမက လိင်စိတ်ဆန္ဒကိုပါ သွားပြီး လွှမ်းမိုးနေပါတယ်။ ကိုယ့်ရဲ့ စိတ်ထဲမှာ စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေ ရှိနေရင် လိင်မှုကိစ္စမှာလည်း အပြည့်အ၀ သာယာတဲ့ ခံစားချက်မျိုး ရစေမှာ မဟုတ်သလို ဒီစိတ်ကြောင့်ပဲ ကိုယ့်ရဲ့ ဖွားဖက်တော် ထောင်မတ်အားကို သွားပြီး ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ စိတ်ဖိစီးမှုအပြင် တခြားသော စိတ်ကျန်းမာရေးပြဿနာတွေ ရှိတယ်ဆိုရင် လေ့ကျင့်ခန်းလုပ်တာဖြစ်စေ၊ တရားထိုင်ပြီးဖြစ်စေ အမြန်ဆုံး လျှော့ချဖို့ ကြိုးစားရပါမယ်။

၄။ လိင်မှုကိစ္စကို အဟန့်အတားဖြစ်စေတဲ့ အကျင့်ဆိုးတွေကို ဖျောက်ပစ်ပါ။ ဆေးလိပ်သောက်တာ၊ အရက်သောက်တာဟာ ကျန်းမာရေးအတွက်လည်း ဆိုးကျိုးများစွာ ဖြစ်စေနိုင်သလို ကိုယ့်ရဲ့ လိင်စွမ်းဆောင်ရည်ကိုပါ ထိခိုက်စေတဲ့ အဓိကတရားခံတွေပါပဲ။ ဆေးလိပ်နဲ့ အရက်ထဲမှာ သွေးကြောကျဉ်းစေတဲ့ ဓါတ်ပစ္စည်းတွေ အများအပြား ပါဝင်နေပါတယ်။ ကိုယ်က သာယာပျော်ရွှင်တဲ့ လိင်မှုဘဝကို ပိုင်ဆိုင်လိုတယ်ဆိုရင်တော့ ဒီမကောင်းတဲ့ အကျင့်ဆိုးလေးတွေကို စောစော ဖျောက်ဖို့ ကြိုးစားတာ အကောင်းဆုံးပါပဲ။

၅။ နေရောင်ခြည်နဲ့ ထိတွေ့ပါ။ အိမ်ထဲမှာ နေတာကြာလာရင် လူကထိုင်းမှိုင်းပြီး တက်ကြွလန်းဆန်းနေမှာ မဟုတ်ပါဘူး။ ဒါကြောင့် အိမ်ထဲမှာ အောင်းနေမယ့်အစား အပြင်ထွက်ပြီး နေရောင်ခြည်နဲ့ ထိတွေ့ရင်း လေကောင်းလေသန့်လေး ရှူရှိုက်ကြည့်ပါ။ နေရောင်ခြည်မှာ ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ ဗီတာမင် ဒီ ဓါတ်တွေ ပါဝင်တဲ့အပြင် လိင်စိတ်ဆန္ဒကို အဟန့်အတားဖြစ်စေတဲ့ မယ်လတိုနင်ဟော်မုန်းတွေကို တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် မနက်ခင်း စောစော လမ်းလျှောက်တာ၊ ပြေးတာမျိုး ပုံမှန်လုပ်ပေးနိုင်ရင် ကိုယ့်ရဲ့ ကာမခွန်အားဟာလည်း ပုံမှန်အတိုင်း တက်ကြွလာမှာပါ။

၆။ တစ်ကိုယ်ရေ အာသာဖြေပါ။ လိင်မှုကိစ္စ ဆောင်ရွက်တဲ့အခါ ဆန္ဒပြီးမြောက်မှု မြန်တယ်ဆိုရင် ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်အတွက်လည်း ကာမသုခကို အပြည့်အ၀ ပေးစွမ်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်မှာ သုက်လွှတ်မြန်တဲ့ ပြဿနာတွေရှိရင် လိင်မဆက်ဆံခင် ၂နာရီလောက် ကြိုတင်ပြီး တစ်ကိုယ်ရေ အာသာဖြေထားတာ အကောင်းဆုံးပါပဲ။ အာသာဖြေရာမှာလည်း ချက်ချင်း ဆန္ဒပြီးမြောက်တာမျိုး မလုပ်ဘဲ အချိန်ဆွဲပြီး ဖြည်းဖြည်းချင်း လုပ်ပေးရင်း သုက်လွှတ်မမြန်စေဖို့ လေ့ကျင့်ပေးနိုင်ရင်လည်း ပိုကောင်းပါတယ်။

၇။ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကိုလည်း အမြဲအာရုံစိုက်ပါ။ လိင်မှုကိစ္စဆိုတာ တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်ရတဲ့ အရာမဟုတ်ပါဘူး။ ကိုယ်က ဆန္ဒပြီးမြောက်ပြီး ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်မှာ စိတ်တိုင်းမကျမှုတွေ၊ ဆန္ဒမပြီးမြောက်သွားတာတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် နှစ်ဦးနှစ်ဖက်လုံး သာယာမှု အပြည့်အ၀ ရစေနိုင်ဖို့ ဘယ်လိုအနေအထားနဲ့ ဆက်ဆံရတာ သဘောကျလဲ၊ ဘယ်လို ပုံစံမျိုးက သူ့အတွက် သက်တောင့်သက်သာ ဖြစ်စေလဲဆိုတာ ကြိုတင်မေးမြန်းပြီး ညှိနှိုင်းမှု ယူထားတာ အကောင်းဆုံးပါပဲ။

၈။ ကိုယ့်မှာ ပြဿနာရှိတာဆိုရင် အမြန်ဆုံးဖြေရှင်းပါ။ ပြဿနာဆိုတာကတော့ အမျိုးသားအများစု ဝန်ခံရမှာ ကြောက်တဲ့ ဖွားဖက်တော် ကောင်းစွာ မထောင်မတ်နိုင်တာ၊ ပျော့ကျသွားတဲ့ ကိစ္စပါပဲ။ ဒါဟာ အမျိုးသားတွေအတွက်တော့ ရှက်စရာကောင်းနိုင်ပေမဲ့ တစ်ပွဲတိုး ကြာဆေးတွေ သောက်လိုက်တာဟာ ပြဿနာကို နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းတာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်မှာ ဖွားဖက်တော် မသန်စွမ်းတဲ့ ပြဿနာရှိရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး စောစီးစွာ ကုသမှု ခံယူတာ အကောင်းဆုံးပါပဲ။ crd

အမ်ိဳးသားစြမ္းေဆာင္ရည္တိုးဖို႔ လုပ္ေဆာင္ရမယ့္ အခ်က္(၈)ခ်က္

လိင္မႈကိစၥမွာ စြမ္းစြမ္းတမံ ထမ္းေဆာင္ႏိုင္ဖို႔ဆိုတာ အမ်ိဳးသားတိုင္းရဲ႕ ဆႏၵပါပဲ။ ကိုယ့္ရဲ႕ လိင္ဆက္ဆံေဖာ္ကို သာယာမႈအျပည့္အဝေပးလိုတာ ျဖစ္ေစ၊ စိတ္သြားတိုင္း ကိုယ္မပါျဖစ္ေနတဲ့ အမ်ိဳးသားေတြမွာ ဒီလို ကာမခြန္အား ျမႇင့္တင္ေပးႏိုင္မယ့္ နည္းလမ္းေတြကို အၿမဲရွာေဖြေလ့ရွိၾကပါတယ္။

လိင္ကိစၥမွာ သာယာမႈအျပည့္အ၀ ရဖို႔ဆိုတာလည္း ကိုယ့္ရဲ႕ ညီငယ္ ဖြားဖက္ေတာ္က အျပည့္အ၀ လိုအပ္ခ်ိန္တိုင္း အဆင္သင့္ျဖစ္ေနမွ အဆင္ေျပမွာေပါ့။ ဖြားဖက္ေတာ္ အားအင္ျပည့္ဝေနဖို႔အတြက္ ႏွလုံးအားေကာင္းဖို႔ လိုသလို ေသြးလည္ပတ္မႈ အားေကာင္းဖို႔လည္း အေရးႀကီးပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဖြားဖက္ေတာ္ ေထာင္မတ္ႏိုင္ဖို႔ဆိုတာ လိင္အဂၤါအတြင္း ေသြးေၾကာထဲ ေသြးေကာင္းစြာ စီးဆင္းႏိုင္မွ ျဖစ္မွာကိုး။

အမ်ိဳးသားေတြဆိုတာလည္း အလုပ္က စိတ္ဖိစီးမႈေတြ၊ ေဆးလိပ္၊ အရက္ေသာက္တာ၊ စားေသာက္ေနထိုင္မႈပုံစံ မမွန္တာ၊ အိပ္ခ်ိန္မျပည့္ဝတာ၊ အဝလြန္တာ၊ က်န္းမာေရးအေျခအေန အစရွိတဲ့ အေၾကာင္းရင္းေတြေၾကာင့္ လိင္စိတ္ဆႏၵ တျဖည္းျဖည္း နည္းပါးလာၿပီး စိတ္သြားတိုင္း ကိုယ္မပါတဲ့ အေျခအေနမ်ိဳးေတြ ႀကဳံလာရတာေပါ့။

ေဈးကြက္ထဲမွာ အလြယ္တကူ ဝယ္လို႔ ရတဲ့ ၾကာေဆးေတြဟာလည္း တစ္ခဏတာ ေျဖရွင္းဖို႔အတြက္သာ အဆင္ေျပၿပီး ေရရွည္ က်န္းမာေရးအတြက္ေရာ လိင္မႈဘဝမွာပါ အက်ိဳးေက်းဇူးေတြ သိပ္မရွိပါဘူး။ ဒီလို ျဖတ္လမ္းနည္းေတြအစား ကိုယ့္ရဲ႕ ညီေတာ္ေမာင္ကို သဘာဝအတိုင္း သန္စြမ္းေစဖို႔ ႀကိဳးစားတာက အေကာင္းဆုံးပါပဲ။ ဒီေဆာင္းပါးမွာေတာ့ ကိုယ့္လူတို႔ စိတ္သြားတိုင္း ကိုယ္ပါၿပီး ကာမခြန္အားတိုးေစမယ့္ နည္းလမ္းေကာင္းေတြကို ေျပာျပေပးခ်င္ပါတယ္။

၁။ ေလ့က်င့္ခန္း ပုံမွန္လုပ္ပါ။ လိင္မႈကိစၥမွာ စိတ္သြားတိုင္း ကိုယ္ပါဖို႔ ႏွလုံးအားေကာင္းဖို႔ အေရးႀကီးတယ္ဆိုတာ ေမ့ထားလို႔ မျဖစ္ဘူးေနာ္။ ေလ့က်င့္ခန္း ပုံမွန္လုပ္တဲ့အခါ ႏွလုံးခုန္ႏႈန္း ျမန္ေစတယ္။ ႏွလုံးေကာင္းေတာ့ သက္လုံေကာင္းၿပီး အေမာပိုခံႏိုင္တယ္။ လိင္စိတ္ဆႏၵကို တိုးလာေစၿပီး ကိုယ္ခႏၶါတြင္း ေသြးလည္ပတ္မႈေကာင္းေစလို႔ ဖြားဖက္ေတာ္ကိုလည္း လိုအပ္ခ်ိန္တိုင္း အဆင္သင့္ျဖစ္ေနေအာင္ ကူညီေပးႏိုင္တာေပါ့။ ဒါေၾကာင့္ အမ်ိဳးသားတိုင္း တစ္ေန႔ကို အနည္းဆုံး မိနစ္ ၃၀ခန႔္ ေခြၽးမ်ားမ်ား ထြက္ေစမယ့္ အားကစား၊ ေလ့က်င့္ခန္းမ်ိဳး ပုံမွန္လုပ္ေပးဖို႔ လိုပါတယ္။

၂။ ေန႔စဥ္ အစာအာဟာရကို ဂ႐ုစိုက္စားသုံးေပးပါ။
တခ်ိဳ႕ေသာ အစားအစာေတြမွာ ကိုယ္ခႏၶါအတြက္ အက်ိဳးျဖစ္ေစတဲ့ ဗီတာမင္နဲ႔ သတၱဳဓါတ္ေတြအျပင္ လိင္အဂၤါအတြင္း ေသြးစီးဆင္းမႈေကာင္းေစတဲ့ အာဟာရဓါတ္ေတြလည္း အမ်ားအျပား ပါဝင္ပါတယ္။ ေသြးလည္ပတ္မႈစနစ္ကို ေကာင္းမြန္ေစတဲ့ အစားအစာေတြ ျဖစ္တဲ့ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ငွက္ေပ်ာသီး၊ င႐ုတ္သီး၊ င႐ုတ္ပြ၊ အိုမီဂါ-၃ အဆီဓါတ္ႂကြယ္ဝတဲ့ ေဆာလ္မြန္ငါး၊ တူနာငါး၊ ေထာပတ္သီး၊ သံလြင္ဆီ၊ အာ႐ုံေၾကာစနစ္ေကာင္းေစဖို႔ ကူညီေပးတဲ့ ဗီတာမင္ ဘီ-ဝမ္း ပါဝင္တဲ့ ဝက္သား၊ ပဲကို မ်ားမ်ားစားေပးသင့္ပါတယ္။ ၾကက္ဥမွာလည္း လိင္စိတ္ဆႏၵကို ျဖစ္ေစတဲ့ ဗီတာမင္ ဘီအျပင္ လိင္မႈကိစၥကို အေႏွာင့္အယွက္ျဖစ္ေစတဲ့ စိတ္ဖိစီးမႈေဟာ္မုန္းေတြကို ေလွ်ာ့ခ်ေပးႏိုင္တာေၾကာင့္ မ်ားမ်ား စားေပးရပါမယ္။

၃။ စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ပါ။ စိတ္ဖိစီးမႈရဲ႕ အရိပ္က ကိုယ့္ရဲ႕ က်န္းမာေရးကိုသာမက လိင္စိတ္ဆႏၵကိုပါ သြားၿပီး လႊမ္းမိုးေနပါတယ္။ ကိုယ့္ရဲ႕ စိတ္ထဲမွာ စိတ္ဖိစီးမႈေတြ၊ စိတ္ညစ္စရာေတြ ရွိေနရင္ လိင္မႈကိစၥမွာလည္း အျပည့္အ၀ သာယာတဲ့ ခံစားခ်က္မ်ိဳး ရေစမွာ မဟုတ္သလို ဒီစိတ္ေၾကာင့္ပဲ ကိုယ့္ရဲ႕ ဖြားဖက္ေတာ္ ေထာင္မတ္အားကို သြားၿပီး ဒုကၡေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ့္မွာ စိတ္ဖိစီးမႈအျပင္ တျခားေသာ စိတ္က်န္းမာေရးျပႆနာေတြ ရွိတယ္ဆိုရင္ ေလ့က်င့္ခန္းလုပ္တာျဖစ္ေစ၊ တရားထိုင္ၿပီးျဖစ္ေစ အျမန္ဆုံး ေလွ်ာ့ခ်ဖို႔ ႀကိဳးစားရပါမယ္။

၄။ လိင္မႈကိစၥကို အဟန႔္အတားျဖစ္ေစတဲ့ အက်င့္ဆိုးေတြကို ေဖ်ာက္ပစ္ပါ။ ေဆးလိပ္ေသာက္တာ၊ အရက္ေသာက္တာဟာ က်န္းမာေရးအတြက္လည္း ဆိုးက်ိဳးမ်ားစြာ ျဖစ္ေစႏိုင္သလို ကိုယ့္ရဲ႕ လိင္စြမ္းေဆာင္ရည္ကိုပါ ထိခိုက္ေစတဲ့ အဓိကတရားခံေတြပါပဲ။ ေဆးလိပ္နဲ႔ အရက္ထဲမွာ ေသြးေၾကာက်ဥ္းေစတဲ့ ဓါတ္ပစၥည္းေတြ အမ်ားအျပား ပါဝင္ေနပါတယ္။ ကိုယ္က သာယာေပ်ာ္႐ႊင္တဲ့ လိင္မႈဘဝကို ပိုင္ဆိုင္လိုတယ္ဆိုရင္ေတာ့ ဒီမေကာင္းတဲ့ အက်င့္ဆိုးေလးေတြကို ေစာေစာ ေဖ်ာက္ဖို႔ ႀကိဳးစားတာ အေကာင္းဆုံးပါပဲ။

၅။ ေနေရာင္ျခည္နဲ႔ ထိေတြ႕ပါ။ အိမ္ထဲမွာ ေနတာၾကာလာရင္ လူကထိုင္းမႈိင္းၿပီး တက္ႂကြလန္းဆန္းေနမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ အိမ္ထဲမွာ ေအာင္းေနမယ့္အစား အျပင္ထြက္ၿပီး ေနေရာင္ျခည္နဲ႔ ထိေတြ႕ရင္း ေလေကာင္းေလသန႔္ေလး ရႉရႈိက္ၾကည့္ပါ။ ေနေရာင္ျခည္မွာ ကိုယ္ခႏၶါအတြက္ လိုအပ္တဲ့ ဗီတာမင္ ဒီ ဓါတ္ေတြ ပါဝင္တဲ့အျပင္ လိင္စိတ္ဆႏၵကို အဟန႔္အတားျဖစ္ေစတဲ့ မယ္လတိုနင္ေဟာ္မုန္းေတြကို တားဆီးေပးႏိုင္ပါတယ္။ ဒါေၾကာင့္ မနက္ခင္း ေစာေစာ လမ္းေလွ်ာက္တာ၊ ေျပးတာမ်ိဳး ပုံမွန္လုပ္ေပးႏိုင္ရင္ ကိုယ့္ရဲ႕ ကာမခြန္အားဟာလည္း ပုံမွန္အတိုင္း တက္ႂကြလာမွာပါ။

၆။ တစ္ကိုယ္ေရ အာသာေျဖပါ။ လိင္မႈကိစၥ ေဆာင္႐ြက္တဲ့အခါ ဆႏၵၿပီးေျမာက္မႈ ျမန္တယ္ဆိုရင္ ကိုယ့္ရဲ႕ လိင္ဆက္ဆံေဖာ္အတြက္လည္း ကာမသုခကို အျပည့္အ၀ ေပးစြမ္းႏိုင္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ကိုယ့္မွာ သုက္လႊတ္ျမန္တဲ့ ျပႆနာေတြရွိရင္ လိင္မဆက္ဆံခင္ ၂နာရီေလာက္ ႀကိဳတင္ၿပီး တစ္ကိုယ္ေရ အာသာေျဖထားတာ အေကာင္းဆုံးပါပဲ။ အာသာေျဖရာမွာလည္း ခ်က္ခ်င္း ဆႏၵၿပီးေျမာက္တာမ်ိဳး မလုပ္ဘဲ အခ်ိန္ဆြဲၿပီး ျဖည္းျဖည္းခ်င္း လုပ္ေပးရင္း သုက္လႊတ္မျမန္ေစဖို႔ ေလ့က်င့္ေပးႏိုင္ရင္လည္း ပိုေကာင္းပါတယ္။

၇။ ကိုယ့္ရဲ႕ လိင္ဆက္ဆံေဖာ္ကိုလည္း အၿမဲအာ႐ုံစိုက္ပါ။ လိင္မႈကိစၥဆိုတာ တစ္ဦးတစ္ေယာက္တည္း လုပ္ေဆာင္ရတဲ့ အရာမဟုတ္ပါဘူး။ ကိုယ္က ဆႏၵၿပီးေျမာက္ၿပီး ကိုယ့္ရဲ႕ လိင္ဆက္ဆံေဖာ္မွာ စိတ္တိုင္းမက်မႈေတြ၊ ဆႏၵမၿပီးေျမာက္သြားတာေတြ ရွိႏိုင္ပါတယ္။ ဒါေၾကာင့္ ႏွစ္ဦးႏွစ္ဖက္လုံး သာယာမႈ အျပည့္အ၀ ရေစႏိုင္ဖို႔ ဘယ္လိုအေနအထားနဲ႔ ဆက္ဆံရတာ သေဘာက်လဲ၊ ဘယ္လို ပုံစံမ်ိဳးက သူ႔အတြက္ သက္ေတာင့္သက္သာ ျဖစ္ေစလဲဆိုတာ ႀကိဳတင္ေမးျမန္းၿပီး ညႇိႏႈိင္းမႈ ယူထားတာ အေကာင္းဆုံးပါပဲ။

၈။ ကိုယ့္မွာ ျပႆနာရွိတာဆိုရင္ အျမန္ဆုံးေျဖရွင္းပါ။ ျပႆနာဆိုတာကေတာ့ အမ်ိဳးသားအမ်ားစု ဝန္ခံရမွာ ေၾကာက္တဲ့ ဖြားဖက္ေတာ္ ေကာင္းစြာ မေထာင္မတ္ႏိုင္တာ၊ ေပ်ာ့က်သြားတဲ့ ကိစၥပါပဲ။ ဒါဟာ အမ်ိဳးသားေတြအတြက္ေတာ့ ရွက္စရာေကာင္းႏိုင္ေပမဲ့ တစ္ပြဲတိုး ၾကာေဆးေတြ ေသာက္လိုက္တာဟာ ျပႆနာကို နည္းမွန္လမ္းမွန္နဲ႔ ေျဖရွင္းတာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ကိုယ့္မွာ ဖြားဖက္ေတာ္ မသန္စြမ္းတဲ့ ျပႆနာရွိရင္ နားလည္တတ္ကြၽမ္းတဲ့ ဆရာဝန္နဲ႔ တိုင္ပင္ၿပီး ေစာစီးစြာ ကုသမႈ ခံယူတာ အေကာင္းဆုံးပါပဲ။ crd

Leave a Reply

Your email address will not be published.