Categories
လိင္ပညာေပး

ချစ်တင်းနှောလို့ပြီးသွားတဲ့အချိန် ဒါတွေ လုပ်ဖို့ မမေ့ပါနဲ့

ချစ်တင်းနှောလို့ပြီးသွားတဲ့အချိန် ဒါတွေ လုပ်ဖို့ မမေ့ပါနဲ့

လူရယ်လို့ဖြစ်လာပြီဆိုရင် နေ့စဉ်ဘဝမှာ လိင်မှုကိစ္စဆိုတာ မပါမဖြစ်ပဲမလား။ အဲ့တော့ ချစ်တဲ့သူနှစ်ဦး ချစ်တင်းနှောပြီးတဲ့အချိန်တိုင်း လုပ်မိတတ်တဲ့ အမှားလေးတွေနဲ့ ဘာတွေကို အဓိကထားပြီး လုပ်သင့်လဲဆိုတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ခုဆောင်းပါးလေးမှာ ပြောပြပေးလိုက်ချင်ပါတယ်။

၁။ သန့်ရှင်းရေးလုပ်ပါ။သန့်ရှင်းရေးလုပ်တယ်ဆိုတာ ရေအမြန်ချိုးခိုင်းတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ လိင်ဆက်ဆံတယ်ဆိုတာ သာယာမှုနဲ့ ချစ်ကြည်နူးမှုတွေ ပြည့်ဝနေတယ်ဆိုပေမယ့် သူ့နောက်ကွယ်မှာ မမြင်ရတဲ့ ဘက်တီးရီးယားတွေ၊ ရောဂါပိုးတွေဆိုတာ ကပ်ပါလာနိုင်တယ်ဆိုတာ မေ့ထားလို့မဖြစ်ပါဘူး။ ဒါကြောင့် ကာမဆက်ဆံပြီးတိုင်းခဏလောက်နားပြီးတာနဲ့အမြန်သန့်စင်ပေးပါ။ယောက်ျားလေးဆိုရင်လိင်အင်္ဂါတစ်ဝိုက်နဲ့ထိပ်အရေပြားကိုအောက်လှန်ဆွဲချပြီးသန့်စင်ပါ။

မိန်းကလေးဆိုရင်လည်း မိန်းမကိုယ် အစပ်နားလောက်ကို ဆပ်ပြာနဲ့ ရေနွေးနဲ့ သန့်စင်ပေးပါ။ ပြီးရင် လက်ကိုလည်း သေချာဆပ်ပြာနဲ့ ဆေးကြောဖို့ မမေ့ပါနဲ့။ ဒါတွေကိုတော့ ဦးစားပေးပြီး သန့်ရှင်းရေးလုပ်ပေးနိုင်ရင် ရပါတယ်။

၂။ အတင်းကာရော တိုက်ချွတ်ဆေးကြောစရာမလိုပါဘူး။ဒါကတော့မိန်းကလေးတွေတော်တော်များများလုပ်မိတတ်တဲ့အမှားတစ်ခုပါ။သန့်ချင်တဲ့ဇောနဲ့မိန်းမကိုယ်အတွင်းကိုဓါတုဗေဒပစ္စည်းတွေပါတဲ့ဆပ်ပြာနဲ့ပွတ်တိုက်လိုက်တာ၊လက်နဲ့ထိုးသွင်းနှိုက်ချွတ်ပြီးဆေးကြောတာတော့မလုပ်သင့်ပါဘူး။

အခန့်မသင့်ရင် မိန်းမကိုယ်ယားယံတာ၊ ပွန်းပဲ့ထိခိုက်မိပြီး ရောဂါပိုးဝင်ဖို့ ပိုလွယ်သွားနိုင်ပါတယ်။ အကောင်းဆုံးက ရေနဲ့ ဆပ်ပြာအပျော့စားနဲ့ သေချာသန့်စင်ပြီးရင် ခြောက်အောင်သုတ်ပေးပြီး ဒီအတိုင်းထားထားပါ။

၃။ ရေချိုးဖို့ အလျင်မလိုပါနဲ့။ကာမဆန္ဒအထွတ်အထိပ်ကို ရောက်ပြီးတာနဲ့ ချက်ချင်းကြီးထပြီး ရေချိုးတာမျိုးက မလုပ်သင့်ပါဘူး။ ကုတင်ပေါ်မှာ ဖက်ရင်း၊ စကားပြောရင်း၊ အမောဖြေလို့ ပြီးသွားပြီ၊ အနည်းငယ် သန့်ရှင်းရေးလုပ်ပြီးသွားပြီဆိုမှ အတူရေချိုးတာဖြစ်ဖြစ် လုပ်ပေးပါ။ ရေချိုးဖို့အတွက် အလျင်လိုစရာမလိုပါဘူး။

၄။ ဆီးသွားပါ။ဒါကတော့ အရေးကြီးပါတယ်။ လိင်ဆက်ဆံနေရင်းကနေ အမျိုးသားရော၊ အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းအတွင်းပိုးဝင်ရောက်နိုင်ပါတယ်။ဒါကြောင့်လိင်ဆက်ဆံအပြီးနာရီဝက်အတွင်းတစ်ကြိမ်လောက်ဖြစ်ဖြစ်အပေါ့စွန့်ဖို့အရေးကြီးတယ်နော်။မိန်းကလေးတွေဆိုရင်လည်းအပေါ့သွားပြီးမိန်းမကိုယ်ကိုအရှေ့မှအနောက်သို့တစ်သျှူး၊ဂွမ်းစအသန့်နဲ့သုတ်ပြီးသန့်စင်ပေးပါ။

၅။ ရေသောက်ပါ။လိင်ဆက်ဆံနေတဲ့အချိန် နှစ်ဦးသား ချွေးတွေလည်းထွက်၊ မောလည်းမောနေမှာပဲလေ။ အဲ့အခါမှာ ကုန်ဆုံးသွားတဲ့ ရေဓါတ်ကို ပြန်လည်ဖြည့်တင်းပေးတဲ့အနေနဲ့ရော၊ ဆီးသွားရလွယ်ကူအောင် ရေတစ်ခွက်ေလာက်တော့ အဝသောက်ပေးပါ။

၆။ ချောင်ချိတဲ့ အဝတ်အစားတွေကိုပဲ ဝတ်ဆင်ပါ။ လိင်ဆက်ဆံပြီးတဲ့အချိန်ဆို ချွေးထွက်တာ သဘာဝပဲနော်။ ဒါကပြဿနာမရှိပေမဲ့ ဘက်တီးရီးယားဆိုတာ ချွေးပြန်နေတဲ့နေရာဆို ပေါက်ဖွားတာ အရမ်းမြန်တာကြောင့် ဒါကို သေချာဂရုစိုက်ဖို့တော့လိုပါတယ်။ အဲ့တော့ ရေချိုးပြီးတာနဲ့ လေဝင်လေထွက်ကောင်းမယ့် အတွင်းခံ၊ အဝတ်အစားတွေကိုပဲ အဓိကဝတ်ပေးပါ။ အတွင်းခံမဝတ်ရင်တော့ ပိုကောင်းပါတယ်။

၇။ သွေးအမြဲစစ်ပါ။ ကိုယ်က တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးတာမဟုတ်ဘဲ အပျော်အပါးလိုက်စားထားတာတွေလည်း ရှိတယ်ဆိုရင်တော့ ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ။ ၃လတစ်ကြိမ် နှစ်ယောက်အတူတူ သွေးသွားစစ်ကြည့်ပါ။ ရောဂါဆိုတာ ကြိုတင်ကာကွယ်နိုင်ရင် အကောင်းဆုံးဆိုပေမဲ့ ဖြစ်လာခဲ့ရင်လည်း စောစောသိတာနဲ့အမျှ ကိုယ့်ဘက်က ပြင်ဆင်လို့ရတာတွေ ပြင်ဆင်ထားလို့ ရပါတယ်။

၈။ ကိုယ်ဝန်မလိုချင်ဘူးဆိုရင်ရော။ ကလေးယူဖို့အတွက် အဆင်သင့်မဖြစ်သေးဘူးဆိုရင် ကွန်ဒုံးသုံးပြီး လိင်ဆက်ဆံပါ။ ဒါမှမဟုတ် နောက်တစ်နည်းအနေနဲ့ အမျိုးသမီးကို သန္ဓေတားဆေး၊ အရေးပေါ်တားဆေး သောက်ခိုင်းလို့ရပါတယ်။

မလိုအပ်တဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေနဲ့ ကူးစက်ရောဂါတွေ မဖြစ်စေဖို့ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အမြဲအသုံးပြုကြပါလို့ ထပ်မံတိုက်တွန်းရင်း အားလုံးပဲ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးသုခပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ crd

Leave a Reply

Your email address will not be published.