လင်မယား ချစ်တင်းနှောတဲ့အခါ အပေးအယူ မျှစေဖို့

လင်မယား ချစ်တင်းနှောတဲ့အခါ အပေးအယူ မျှစေဖို့

အပေးအယူ တည့်စေမယ့် နည်းလမ်းလေးတွေ သုံးကြည့်နော်
လင်ရယ် မယားရယ်လို့ ဖြစ်လာပြီဆိုရင် စုံတွဲလေးတို့မှာ ချစ်တင်းနှောတဲ့ ကိစ္စက ရှိလာမှာပါ။ အိမ်ထောင်ရေး သာယာဖို့ဆိုတာ လိင်မှုကိစ္စ အဆင်ပြေနေဖို့လည်း လိုပါတယ်။ လင်နဲ့မယား နှစ်ကိုယ်ကြားကိစ္စတွေ အဆင်ပြေနေမှ ကျန်တဲ့ စီးပွားရေးနဲ့ လူမူရေးကိစ္စတွေမှာ အဆင်ပြေနိုင်မှာပါ။ ဒီတော့ အဆင်ပြေခြင်းရဲ့ အစဖြစ်တဲ့ ချစ်တင်းနှောတဲ့နေရာမှာ နှစ်ယောက်သား အပေးအယူ မျှစေဖို့ ဘာတွေ လုပ်ဆောင်လို့ရမလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

အိမ်ထောင်ဘက်က ဆက်ဆံချင်လား
အိမ်ထောင်ရေးမှာ ဆက်ဆံချင်တဲ့အချိန်မှာ အချိန်၊ရက်တွေ ရှိသလို မဆက်ဆံချင်တဲ့ အချိန်တွေ၊နေ့ရက်တွေလည်း ရှိပါတယ်။ အိမ်ထောင်ဘက်က အလုပ်ကိစ္စနဲ့တခြားစိတ်ဖိစီးမှုတွေ ရှိနေရင် လိင်ဆက်ဆံချင်စိတ် လျှော့နည်းတတ်ပါတယ်။ ဒီလိုမျိုး အိမ်ထောင်ဘက်က စိတ်မပါတဲ့အချိန်မှာ အတင်းအကြပ် ဆက်ဆံဖို့ မတောင်းဆိုတာက ပိုပြီး စိတ်ပျော်ရွှင်စေနိုင်သလို မျှတတဲ့ အပေးအယူ ဖြစ်မှာပါ။

အသစ်အဆန်းတွေ စဉ်းစားပါ နှစ်ယောက်စလုံး ဆက်ဆံဖြစ်မယ့် အချိန်ကို ညှိပါ
အိမ်ထောင်ရေးမှာ လိင္မႈကိစၥေတြ အဆင်ပြေစေဖို့ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်းထားဖို့ လိုပါတယ်နော်။ တယောက်က အပြင်အမြဲတမ်းထွက်နေတာ၊ ခရီးတွေ တောက်လျှောက်ထွက်နေတာတွေက ချစ်တင်းနှောတာကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဆက်ဆံမယ့် အချိန်ကို နှစ်ဦးစလုံး အဆင်ပြေအောင် ညှိပါ။

နှစ်ယောက်စလုံး ဆက်ဆံဖြစ်မယ့် အချိန်ကို ညှိပါ ပျော်စရာကောင်းတဲ့ ဆက်ဆံခြင်း ဖြစ်ပါစေ
နှစ်ယောက်စလုံး ဆက်ဆံတဲ့အချိန်မှာ ပျော်စရာကောင်းဖို့ လိုပါတယ်။ တစ်ယောက် ဖြစ်ချင်တဲ့ စိတ်ဆန္ဒကို လိုက်လျောပေးဖို့ လိုသလို ဒီလိုအချိန်မျိုးမှာ စိတ်ညစ်ရမယ့် ရန်ဖြစ်ရမယ့် ကိစ္စတွေ မပြောဖို့ လိုပါတယ်။ ပျော်စရာကောင်းတဲ့ ဆက်ဆံမှုရဖို့အတွက် တစ်ယောက်နဲ့ တစ်ယောက် ကြည်ကြည်နူးနူးလေး ပြောပေးပါ။

အသစ်အဆန်းတွေ ရှိပါ
စုံတွဲလေးတို့ရေ လင်နဲ့မယားရယ်လို့ ဖြစ်လာရင် သူ့အသားဟာ ကိုယ့်အသားလို ဖြစ်တော့ တခါတလေမှာ အတွေ့အထိတွေဟာ ရိုးရှင်းနေတယ်လို့ ခံစားရတတ်ပါတယ်။ လူဆိုတာ အသစ်အဆန်းတွေကို ကြိုက်နှစ်တာပဲမို့ ကိုယ့်အိမ်ထောင်ဘက်နဲ့ ထိတွေ့တဲ့အခါမှာ အသစ်အဆန်းလေးတွေ ဖြစ်အောင် ဖန်တီးပေးပါ။ ဒါဆိုရင် အပေးအယူတည့်ပြီး ပျော်စရာကောင်းတဲ့ လိင်ဆက်ဆံရေးလည်း ရရှိမှာပါ။

စုံတွဲလေးတို့ရေ လိင်ဆက်ဆံချင်စိတ်ကလည်း တစ်ခါတလေမှာ လျော့နည်းတတ်တာမို့ အခု Marry က ပြောပြတဲ့ အပေးအယူ တည့်စေမယ့် နည်းလမ်းလေးတွေ သုံးကြည့်နော်။ crd

လင္မယား ခ်စ္တင္းေႏွာတဲ့အခါ အေပးအယူ မွ်ေစဖို႔

အေပးအယူ တည့္ေစမယ့္ နည္းလမ္းေလးေတြ သုံးၾကည့္ေနာ္
လင္ရယ္ မယားရယ္လို႔ ျဖစ္လာၿပီဆိုရင္ စုံတြဲေလးတို႔မွာ ခ်စ္တင္းေႏွာတဲ့ ကိစၥက ရွိလာမွာပါ။ အိမ္ေထာင္ေရး သာယာဖို႔ဆိုတာ လိင္မႈကိစၥ အဆင္ေျပေနဖို႔လည္း လိုပါတယ္။ လင္နဲ႔မယား ႏွစ္ကိုယ္ၾကားကိစၥေတြ အဆင္ေျပေနမွ က်န္တဲ့ စီးပြားေရးနဲ႔ လူမူေရးကိစၥေတြမွာ အဆင္ေျပႏိုင္မွာပါ။ ဒီေတာ့ အဆင္ေျပျခင္းရဲ႕ အစျဖစ္တဲ့ ခ်စ္တင္းေႏွာတဲ့ေနရာမွာ ႏွစ္ေယာက္သား အေပးအယူ မွ်ေစဖို႔ ဘာေတြ လုပ္ေဆာင္လို႔ရမလဲဆိုတာ ေဖာ္ျပလိုက္ပါတယ္။

အိမ္ေထာင္ဘက္က ဆက္ဆံခ်င္လား
အိမ္ေထာင္ေရးမွာ ဆက္ဆံခ်င္တဲ့အခ်ိန္မွာ အခ်ိန္၊ရက္ေတြ ရွိသလို မဆက္ဆံခ်င္တဲ့ အခ်ိန္ေတြ၊ေန႔ရက္ေတြလည္း ရွိပါတယ္။ အိမ္ေထာင္ဘက္က အလုပ္ကိစၥနဲ႔တျခားစိတ္ဖိစီးမႈေတြ ရွိေနရင္ လိင္ဆက္ဆံခ်င္စိတ္ ေလွ်ာ့နည္းတတ္ပါတယ္။ ဒီလိုမ်ိဳး အိမ္ေထာင္ဘက္က စိတ္မပါတဲ့အခ်ိန္မွာ အတင္းအၾကပ္ ဆက္ဆံဖို႔ မေတာင္းဆိုတာက ပိုၿပီး စိတ္ေပ်ာ္႐ႊင္ေစႏိုင္သလို မွ်တတဲ့ အေပးအယူ ျဖစ္မွာပါ။

အသစ္အဆန္းေတြ စဥ္းစားပါ ႏွစ္ေယာက္စလုံး ဆက္ဆံျဖစ္မယ့္ အခ်ိန္ကို ညႇိပါ
အိမ္ေထာင္ေရးမွာ လိငၼႈကိေစၥၾတ အဆင္ေျပေစဖို႔ဆိုရင္ တစ္ေယာက္နဲ႔ တစ္ေယာက္ ညႇိႏႈိင္းထားဖို႔ လိုပါတယ္ေနာ္။ တေယာက္က အျပင္အၿမဲတမ္းထြက္ေနတာ၊ ခရီးေတြ ေတာက္ေလွ်ာက္ထြက္ေနတာေတြက ခ်စ္တင္းေႏွာတာကို ထိခိုက္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ဆက္ဆံမယ့္ အခ်ိန္ကို ႏွစ္ဦးစလုံး အဆင္ေျပေအာင္ ညႇိပါ။

ႏွစ္ေယာက္စလုံး ဆက္ဆံျဖစ္မယ့္ အခ်ိန္ကို ညႇိပါ ေပ်ာ္စရာေကာင္းတဲ့ ဆက္ဆံျခင္း ျဖစ္ပါေစ
ႏွစ္ေယာက္စလုံး ဆက္ဆံတဲ့အခ်ိန္မွာ ေပ်ာ္စရာေကာင္းဖို႔ လိုပါတယ္။ တစ္ေယာက္ ျဖစ္ခ်င္တဲ့ စိတ္ဆႏၵကို လိုက္ေလ်ာေပးဖို႔ လိုသလို ဒီလိုအခ်ိန္မ်ိဳးမွာ စိတ္ညစ္ရမယ့္ ရန္ျဖစ္ရမယ့္ ကိစၥေတြ မေျပာဖို႔ လိုပါတယ္။ ေပ်ာ္စရာေကာင္းတဲ့ ဆက္ဆံမႈရဖို႔အတြက္ တစ္ေယာက္နဲ႔ တစ္ေယာက္ ၾကည္ၾကည္ႏူးႏူးေလး ေျပာေပးပါ။

အသစ္အဆန္းေတြ ရွိပါ
စုံတြဲေလးတို႔ေရ လင္နဲ႔မယားရယ္လို႔ ျဖစ္လာရင္ သူ႔အသားဟာ ကိုယ့္အသားလို ျဖစ္ေတာ့ တခါတေလမွာ အေတြ႕အထိေတြဟာ ႐ိုးရွင္းေနတယ္လို႔ ခံစားရတတ္ပါတယ္။ လူဆိုတာ အသစ္အဆန္းေတြကို ႀကိဳက္ႏွစ္တာပဲမို႔ ကိုယ့္အိမ္ေထာင္ဘက္နဲ႔ ထိေတြ႕တဲ့အခါမွာ အသစ္အဆန္းေလးေတြ ျဖစ္ေအာင္ ဖန္တီးေပးပါ။ ဒါဆိုရင္ အေပးအယူတည့္ၿပီး ေပ်ာ္စရာေကာင္းတဲ့ လိင္ဆက္ဆံေရးလည္း ရရွိမွာပါ။

စုံတြဲေလးတို႔ေရ လိင္ဆက္ဆံခ်င္စိတ္ကလည္း တစ္ခါတေလမွာ ေလ်ာ့နည္းတတ္တာမို႔ အခု Marry က ေျပာျပတဲ့ အေပးအယူ တည့္ေစမယ့္ နည္းလမ္းေလးေတြ သုံးၾကည့္ေနာ္။ crd

Leave a Reply

Your email address will not be published.