မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး မိန့်တော်မူသော “အနန္တရေတော်”

မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး မိန့်တော်မူသောအနန္တရေတော်

မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး မိန့်တော်မူသောအနန္တရေတော်ယနေ့ မြန်မာပြည်မှာ ကျနော်အကြည်ညိုဆုံး သံဃာ တော်တစ်ပါးဖြစ်တဲ့ မဟာဗောဓိမြိုင် ဆရာတော်ကြီးပေးတဲ့ အနန္တ ရေအကြောင်းကို မိတ်ဆွေတို့ အတွ က် မျှဝေ ပေးပါရစေ။ အခုအချိန် အခါအရ လည်း မျှဝေဖို့ တကယ်လို အပ်နေပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး ငယ်စဉ်အခါ အသက် လေးဆယ်ဝန်းကျင် လောက်တုန်းက သမထကိုအလွန် ပြင်းထ န်တဲ့ ဓူတင်တွေနဲ့ လုံ့လကြီးစွာ အားထုတ်ခဲ့ပါတယ်။ နေသဇ္ဇိကဓူတင်နဲ့ အားထုတ် ကျင့်ကြံရာမှာ အနေ၊အစား၊အအိပ်တွေ မမှန်တော့တဲ့ အတွက် တစ်နေ့တ စ်ခြား ကျန်းမာရေး ချို့ယွင်းလာပါတော့တယ်။

နောက်ဆုံးမှာတော့ သွေးဝမ်းတွေ ပါလာပြီး လူကမျော့မျော့ပဲ ကျန်ပါတော့တယ်။ တစ်ညမှာတော့အိပ်ရင်းနဲ့ ထူးဆန်းတဲ့ အိပ်မက်တစ်ခု မက်ပါတယ်။ အိ ပ် မက်ထဲမှာ ဆရာတော်ကို နယ်ပြောင်း ခိုင်းတာပါ။ အောက်မြန်မာ ပြည်ကနေ အထက်မြန်မာပြည်ဘက်ကိုပြောင်းပြီး တရားကျင့်ဖို့ ပြောတာဖြစ်တယ်။ ဒါနဲ့

ဆရာတော်လည်းပြောင်းရတော့တာပေါ့။အထက်မြန်မာပြည်ကိုခရီးသွားရင်းနဲ့မြေလတ်ဒေသမုန်တိုင်ဆည်နားမှာခရီးတစ်ထောက်နားတုန်းဥပတိရုပ်ကောင်းကောင်းနဲ့ထူးဆန်းတဲ့လူတစ်ယောက်ရောက်လာပါတယ်။

ဆရာတော်ကိုဦးချပြီးလျှောက် ထားပါတယ်။ သူလျှောက်ထားတာကို အတိုချုံးပြီး ပြောပြရရင်တော့အရှင်ဘုရား၊ မြေတို့ မည်သည်ရေနှင့်မကင်းကောင်းပါဘုရား။ အရှင်ဘုရားရဲ ကို ယ်မှာလည်း မြေဓာတ်၂၀နဲ့တည်ဆောက်ထားလေတော့ ရေကိုများများ သောက်ပေးဖို့ လိုနေတယ်ဘုရား။ သောက်နည်းကို တပည့်တော်ပေးပါရစေ

()ပထမတစ်ကျိုက်သောက်ရင် ဗုဒ္ဓဂုဏောအနန္တောလို့ရွတ်ပြီးမျိုချ၊ စိတ်ကဘုရားဂုဏ်တော်ကိုမှန်း။ ()ဒုတိယ တစ်ကျိုက်သောက်ရင် ဓမ္မဂုဏောအနန္တောလို့ရွတ်ပြီးမျိုချ၊ စိတ်ထဲကတရားဂုဏ်တော်ကိုမှန်း။

()တတိယတစ်ကျိုက်သောက်ရင် သံဃဂုနောအနန္တောလို့ရွတ်ပြီးမျိုချ၊ စိတ်ထဲကသံဃဂုဏ်တော်ကိုမှန်း။ ()စတုတ္ထတစ်ကျိုက်သောက်ရင် မာတာပိတုဂုနောအနန္တောလို့ရွတ်ပြီးမျိုချ၊ စိတ်ထဲကအမိအဖမျက်နှာကိုမှန်း။

()ပဉ္စမတစ်ကြိုက်သောက်ရင် အာစရိယဂုနောအနန္တောလို့ရွတ်ပြီးမျိုချ၊ စိတ်ထဲကမိမိကိုအကျိုးများစေခဲ့တဲ့ ဆရာရဲမျက်နှာကိုမှန်း။ အဲဒီနည်းနဲ့တတ်နိုင်သလောက် နေ့စဉ်ရေသောက်ပေးပါ။ အနန္တရေဖြစ်တယ်၊ ဒီလိုသာစွဲစြွဲမဲမြဲသောက်ပေးသွားရင် ဆေးမလိုပဲရှေးပုဂ္ဂိုလ် တွေလို အရည်အသွေးအလိုလို ပြ ည့်မှီလာပါလိမ့်မယ်ဘုရားလို့ လျှောက်ထားပြီးနောက် ဆရာတော်ကိုဦးချပြီး ထွက်သွားပါတယ်။အထက်မြန်မာပြည် ရောက်သွားတော့ ဆရာတော်လည်း အဲဒီနည်းအတိုင်း အနန္တရေကိုစသောက်ပါတယ်။

ရေသောက်လို့၅ရက်ပြီးမြောက်တဲ့နေ့မှာပဲ ၅နှစ်တာခံစားခဲ့ရတဲ့ တစ်ကိုယ်လုံးကရောဂါဝေဒနာတွေ ယူပစ်သလိုပျောက်ကင်းသွားပါတယ်။ ဒီလိုနဲ့တရားအားထုတ်လာခဲ့လိုက်တာ ယနေ့အချိန်မှာတော့ ဆရာတော်ကြီးဟာ ရဟန္တာကြီးတစ်ဆူအဖြစ်တောင် သမုတ်နေကြပြီမဟုတ်ပါလား။ အနန္တရေဟာ အင်မတန် အစွမ်းကြီးပါတယ်။ ဘာကြောင့်လဲ ဆိုရင်လောကမှာ ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာတို့ရဲ့ ဂုဏ်ကျေးဇူးနဲ့ မေတ္တာ ဂရုဏာတွေဟာ အတိင်း အဆမရှိ မရေတွက်နိုင်လောက်အောင် ကြီးမားလှပါတယ်။ အဲဒီဂုဏ်တွေက မျက်စိနဲ့မမြင်ရပေမယ့် ရေက ရေခွက်ထဲကို ဝင်ရောက် သွားတဲ့အခါမှာ အ လွန်စွမ်းတဲ့ဆေးတစ်ခွက်ဖြစ်သွားပြီး မိမိကိုကောင် းကျိုးပြုပေးပါတယ်။ အဲ့လိုရွတ်ပြီးသောက်တာကြာလာလေထုံလာလေ အစွမ်းကြီးလေ အကျိုးပေ

းလေပါပဲ။

မိမိကိုယ်တိုင်သာသီလလုံပါစေ၊ အနန္တရေနေ့စဉ်သောက်ရင် ကျန်းမာစေရုံမက အန္တရာယ်လည်းကင်းစေပါတယ်။ မိတ်ဆွေတို့တစ်သက်လုံးသောက်သွားရမယ့် ဆရာတော်ကြီးပေးတဲ့ အနန္တရေပဲဖြစ်ပါတယ်။ မဟာဗောဓိမြိုင်ဆရာတော်ကြီးဟ ယခုလည်းအထက်မြန်မာပြည်တစ်နေရာမှာ သီတင်

သုံးလျှက်ရှိနေပါတယ်။ ညစဉ်()နာရီတိတိမှာတစ်လောကလုံးကိုမေတ္တာပို့ပါတယ်။

ဆရာတော် ကြီးရဲ့မေတ္တာ ခံယူချင်တယ်ဆိုရင် ည()နာရီတိတိမှာ ဆရာတော်ကြီးကိုအာရုံပြုပြီးဆရာတော်ပို့သသောမေတ္တာကို တပည့်တော်မှခံယူပါ၏လို့မိမိစိတ်ထဲကနေရွတ်ပေးပါ။ပို့သတဲ့မေတ္တာကိုရပါလိမ့်မယ်။ဆရာတော်ကြီးပေးတဲ့နည်းကအင်မတန်ရိုးရှင်းလွယ်ကူလှပါတယ်။စွဲစွဲမြဲမြဲလုပ်သွားရင်အကျိုကျေးဇူးတွေအများကြီးခံစားရမယ်ဆိုတာကိုကိုယ့်တွေ့နဲ့မျှဝေလိုက်ခြင်းဖြစ်ပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး ကျန်းမာ၍အသက်ရာကျော်ရှည်ပါစေ။ မိတ်ဆွေအပေါင်းတို့လည်းထာဝရကျန်းမာရွှင်လန်းကြပါစေ။ ချစ်ခင်လေးစားလျှက် (အကျယ်ကိုဗုဒ္ဓအလိုကျ အနာရောဂါကင်းရှင်းခြင်း စာအုပ်မှာရေးထားပါသည်) Credit to original uploader ဓမ္မဝိဟာရီ Credit

Be the first to comment

Leave a Reply

Your email address will not be published.


*