Categories
ဗဟုသုတ

ရှမ်းပြည်နယ်ရှိ အထင်ကရ နေရာများနှင့် ရိုးရာပွဲတော်များ

ရှမ်းပြည်နယ်ရှိ အထင်ကရ နေရာများနှင့် ရိုးရာပွဲတော်များ

ညောင်ရွှေမြို့နယ်ရှိ အင်းလေးဖောင်တော်ဦးစေတီတော် နမ့်စန်မြို့ မတ်ကျန်းဒေသရှိ ကမ္ဘာ့အကြီးဆုံး ဇိနရဋ္ဌ တေဇမုနိ နှီးဘုရားကြီး

မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ရှမ်းပြည်နယ်သည် ပထဝီနယ်နိမိတ် အကျယ်ဆုံးနှင့် တိုင်းရင်းသားမျိုးနွယ်စု အများဆုံးဖြစ်သည်။ ရှမ်းပြည်နယ်အတွင်းရှိ ကမ္ဘာကျော်ထင်ရှားသော နေရာဒေသများ၊ ကမ္ဘာကျော်ရိုးရာပွဲ တော်များအကြောင်း လက်လှမ်းမှီသရွေ့ စုစည်းတင်ပြအပ်ပါသည်။ ထိုသို့ တင်ပြရာတွင် ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းဟူ၍ သုံးပိုင်းခွဲ၍ တင်ပြလိုပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်းတွင် တောင် ကြီးခရိုင်၊ လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင် ဟူ၍ ခရိုင်သုံးခုပါဝင်သည်။ တောင်ကြီးခရိုင် တွင် ၁၀ မြို့နယ်၊ လွိုင်လင်ခရိုင်တွင် ခုနစ်မြို့ နယ်နှင့် လင်းခေးခရိုင်တွင် လေးမြို့နယ် ခရိုင် ချုပ်မြို့နယ်ပေါင်း ၂၁ မြို့နယ် ပါဝင်သည်။ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် တွင် တောင်ကြီး၊ ညောင်ရွှေ (အင်းလေး)၊ ကလော၊ ဖယ်ခုံ၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တို့မှာ ထင်ရှားသည်။ လွိုင်လင်ခရိုင်တွင် ပင် လုံ၊ မိုင်းရှူးနှင့် ကွန်ဟိန်းတို့မှာ ထင်ရှားသည်။ လင်းခေးခရိုင်တွင် မိုးနဲနှင့် ကျိုင်းတောင်းမှာ ထင်ရှားသည်။

ကမ္ဘာကျော် ထင်ရှားနေရာဒေသများ ညောင်ရွှေဒေသသည် ရှေးနှစ်ထောင် ပေါင်းများစွာကပင် တည်ရှိခဲ့သော မြို့တော် ဟောင်း အများအပြားတည်ရှိသည်။ အင်း လေးကန်သည် နိုင်ငံတကာအဆင့် ထိန်းသိမ်း ရေးနယ်မြေများအဖြစ် လေးကြိမ် သတ်မှတ်ခံ ထားရပြီး ၎င်းင်းတို့မှာ () ၂၀၀၃ ခုနှစ်တွင် အာ ဆီယံအမွေအနှစ်ဥယျာဉ် (ASEAN Heritage Park)) () ၂၀၀၄ ခုနှစ်တွင် အရေးပါသည့် ငှက်မျိုးစိတ်နှင့် ဇီဝမျိုးစုံမျိုးကွဲနယ်မြေ (Important Bird and Biodiversity Area-IBA) () ၂၀၁၅ ခုနှစ်တွင် ယူနက်စကို၏ လူသားနှင့် ဇီဝအဝန်းနယ်မြေအစီအစဉ် (UNESCO Man and the Biosphere Re-serve Programme- MAB) တွင် ပါဝင်သည့် အင်းလေးကန်ဇီဝအဝန်းနယ်မြေ (Biosphere Reserve) တို့အဖြစ် သတ်မှတ်ခံထားရပြီး ဖြစ်သည်။

ယခု ထပ်မံအတည်ပြုသတ်မှတ်ခံရသည့် နိုင်ငံတကာ အရေးပါသည့် ရေဝပ်ဒေသ (ရမ် ဆာထိန်းသိမ်းရေးနယ်မြေ) သည် အင်းလေး ကန်ကြီးအတွင်းရှိ ငှက်မျိုးစိတ်များ၊ ငါးမျိုးစိတ် များ အဓိကပေါက်ပွားရာ နေရင်းဒေသနှင့် ဆောင်းခိုငှက်များ ကျရောက်ကျက်စားရာ နယ်မြေများပါဝင်နေသည့် ညောင်ရွှေမြို့နယ် အပိုင်း အင်းလေးကန်ရေပြင်ဧရိယာနှင့် သဘာဝ ကျွန်းမျောဧရိယာများပါဝင်ပြီး စုစုပေါင်း ဧရိ ယာ ၁၄၃၂၆ ဒသမ ၁၈ ဧက၊ ၅၇၉၇ ဒသမ ၆ ဟက်တာကို ရမ်ဆာထိန်းသိမ်းရေး နယ်မြေ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ရှမ်းပြည် နယ် သစ်တောဦးစီးဌာနမှ သိရသည်။

ကလောမြို့နယ်သည် တောင်စဉ်တောင် တန်းများဖြင့် ရှုခင်းလှပပြီး နိုင်ငံခြားသားခရီး သွားဧည့်သည်များ ဒုတိယအများဆုံး လာ ရောက်လည်ပတ်သောနေရာဖြစ်သည်။ ကလောမြို့သည် အနည်းငယ်ကျဉ်းသော တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်ပြီး ကိုလိုနီ ခေတ် အငွေ့အသက်များ ထုံမွှမ်းနေပြီး ထင်း ရှူးမြို့တော်ဟုလည်း တင်စားခေါ်ဝေါ်ကြ သည်။ တောင်ကြီးမြို့နယ်တွင် ထူးခြားသော နေရာများစွာရှိပါသည်။ တောင်ကြီးမြို့နယ် ကျောက်တစ်လုံးကြီးမြို့တွင် ရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ် ကက္ကူမွေတော် စေတီ တော်စုများမှာ မူလလက်ရာအတိုင်း ဆက် လက်ထိန်းသိမ်းရန်လိုအပ်သည်။

တောင်ကြီးမြို့နယ် ရွှေညောင်မြို့ရှိ အရိပ်မပေါ်မွေတော်ဘုရားတည်ရှိရာ လွယ် မိုင်းစဉ်တောင်တော်မှာ ထူးခြားသည်။ တောင် ကြီးအရှေ့ဘက်ရှိ နဂါးတောင်တန်းများမှာ ခရီးသွားဧည့်သည်များ သွားရောက်လည်ပတ် စရာ နေရာများဖြစ်ပေသည်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်ဟူ၍ ပါဝင် ပေသည်။ ရွာငံမြို့နယ်တွင် ကမ္ဘာဦးကျောက် ခေတ်လူသားများ နေထိုင်ခဲ့ရာ ကျောက်ခေတ် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော ပြဒါးလင်းဂူ အမှတ် () နှင့် အမှတ် () ဟူ၍ ကမ္ဘာ့အမွေအနှစ်များ တည်ရှိပေသည်။ ထို့ ပြင် ရွာငံမြို့နယ်တွင် ရေတံခွန်စိမ့်စမ်းများ၊ သဘာဝလိုဏ်ဂူကြီးများ၊ တောတောင် ကျောက်တောင်ကြီးများ စသည်ဖြင့် လူမသိ သေးသော နေရာဒေသများစွာ ကျန်ရှိသေး သဖြင့် အပျိုစင်ဒေသဟုပင် ခေါ်နိုင်ပေသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွင် ဟိုပုံး၊ ဆီဆိုင် နှင့် ပင်လောင်းဟူ၍ မြို့နယ်သုံး ခု ပါဝင်သည်။ ဟိုပုံးမြို့နယ်တွင် အမြင့်ဆုံး သော လွယ်မိုင်းတောင်တည်ရှိပြီး မဲနယ် တောင်ဒေသတွင် ရှေးဟောင်းနှစ်တစ်ရာ ကျောင်း တည်ရှိသည်။ ကျောက္ကချားကျေးရွာ မှာ ကျောက္ကချား ဘုန်းတော်ကြီးကျောင်းဟု ခေါ်သလို နမ့်ဟုတ်ကျောင်းလို့ ခေါ်တွင်သည့် သက်တမ်းနှစ်တစ်ရာကျော် ကြာမြင့်ပြီဖြစ် သော သစ်သားကျောင်းဆောင်ကြီး ယနေ့တိုင် အထင်အရှား တည်ရှိနေပါသည်။

ပင်လောင်းတွင် လူသိနည်းသော ဟား ရေတံခွန် တည်ရှိသည်။

ဟိုက်ပါ ရေတံခွန် ဟိုက်ပါရေတံခွန်သည် ရှမ်းပြည်တောင် ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ် ဟိုက်ပါ ကျေးရွာ၏ အနောက်တောင်ဘက်တွင် တည် ရှိသည်။ အရှေ့တောင်အာရှတွင် အလှပဆုံး သော ရေတံခွန်ကြီးအဖြစ် ထင်ရှားကျော်ကြား သည်။ ရေတံခွန်ပုံစံမှာ အဆင့်ဆင့် အထပ် ထပ်ဖြင့် လှပစွာမြင်တွေ့ရပြီး ဟိုက်ပါရေ တံခွန်သည် နမ့်ပန်ချောင်းပေါ် တည်ရှိကာ အဆင့်ပေါင်း ၁၁ ဆင့် ရှိသည်။

ပြောရလျှင်အင်္ဂလိပ်တို့မြန်မာနိုင်ငံကိုကျူးကျော်တိုက်ခိုက်သိမ်းပိုက်ရခြင်းရည်ရွယ်ချက်မှာမြန်မာနိုင်ငံ၏ဆန်ရေစပါး၊ရေနံ၊ကျွန်းသစ်၊ကျောက်မျက်ရတနာများကိုလိုချင်တပ်မက်၍ဟူသောအချက်တစ်ချက်လည်းပါဝင်သည်။ထိုသို့မြန်မာ့သမိုင်းတစ်လျှောက်ထင်ရှားသောကျောက်မျက်ရတနာများထွက်ရှိရာဒေသမိုင်းရှူးတောင်ပေါ်ဝမ်ကန်ဒေသသည်မိုင်းရှူးကျောက်မျက်ရတနာဒေသအဖြစ်ထင်ရှားလှသည်။

မိုင်းရှူးမြို့သည် တောင်ခြေတွင်တည်ရှိပြီး ကျောက်မျက် ရတနာထွက်ရှိသော တောင်ပေါ်တက်ရန် မော်တော်ဆိုင်ကယ်များဖြင့် ငှားရမ်းတက်ရ သည်။ မိုင်းရှူးတောင်ပေါ် ဝမ်ကန်ဒေသတွင် ကျောက်မျက်ရတနာများ တူးဖော်နေသော မှော်ကျင်းများကို လေ့လာနိုင်သည်။ မိုင်းရှူး တွင် ကျောက်မျက်ရတနာမျိုးစုံ ထွက်ရှိသည်။ မြန်မာနိုင်ငံတွင် ပတ္တမြား ထွက်ရှိရာ ဒေသနှစ် ခုမှာ မိုးကုတ်နှင့် မိုင်းရှူးတို့ပင် ဖြစ်သည်။

နမ့်စန်မြို့နယ်ရှိ ကမ္ဘာ့အကြီးဆုံး နှီးဘုရားကြီး နှီးဘုရားများစွာထဲကမှ မြန်မာနိုင်ငံမှာ သာမက ကမ္ဘာပေါ်မှာ အကြီးဆုံးဖြစ်သည့် နှီးဘုရားကြီး ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန် မြို့နယ်ထဲမှာ ထူးခြားအံ့ဖွယ် တည်ရှိနေပါ သည်။ ထိုနေရာက ရှမ်းပြည်တောင်ပိုင်း လွိုင် လင်ခရိုင် နမ့်စန်မြို့ မတ်ကျန်းဒေသ ပန်လင်း ဆိုင်တွင် ထူးခြားဆန်းပြားလှသော ဗုဒ္ဓဂယာ ပုံစံတူ ဘုရားဖြူနှင့် ကမ္ဘာ့အကြီးဆုံး နှီးဘုရား ကြီး တည်ရှိခြင်း ဖြစ်သည်။

တကယ်တမ်း ကမ္ဘာ့အကြီးဆုံး နှီးဘုရား ကြီးအဖြစ် ကမ္ဘာ့ဂင်းနစ် စံချိန်တင်နိုင်မည် ဆိုပါက မြန်မာမှာသာမက ကမ္ဘာကပါ စိတ် ဝင်စားပြီးတော့ ရှမ်းတောင် မတ်ကျန်းဒေသ ဟာလည်း ထင်ရှားလာမည်အမှန်ပင်ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး နှီးဘုရားကြီး မတ်ကျန်းဒေသရှိ လာဘသိဒ္ဓိစေတီ တော်ကြီးအနီးတွင် ကမ္ဘာ့အကြီးဆုံး ဇိနရဋ္ဌ တေဇမုနိ နှီးဘုရားကြီးကိုလည်း ၂၀၁၉ မတ် ၂၀ ရက်တွင် စတင်ရက်လုပ်ပူဇော်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇူလိုင် ၂ ရက်တွင် ပြုလုပ်ပြီးစီးခဲ့ကာ အချိန်သုံးလကျော် ပြုလုပ်ရကြောင်း ဦး ဆောင်ဆရာတော် ဦးဝိမလပုထိက မိန့်သည်။ အဆိုပါဦးဆောင်ဆရာတော် ဦးဝိမလပုထိ ဦးဆောင်မှုဖြင့် သံဃာတော်ပေါင်း ၁၇ ပါး ကျော်ဖြင့် ပန်လင်းဆိုင် ရွာသူရွာသား ၁၀၀၀ ကျော်တို့က ၀ါးခွဲခြင်း၊ နှီးသယ်ခြင်း၊ နှီးဖျာခြင်း လုပ်ငန်းများကို ညီညီညာညာနှင့် စုပေါင်း တည်ဆောက်ခဲ့ရသည်။

အဆိုပါ ကမ္ဘာ့အကြီးဆုံးနှီးဘုရားကြီး သည် ပလင်အောက်ခြေမှ ၆၃ ပေ သုံးလက်မ မြင့်ပြီး သဘာဝ၀ါးဖြင့် ရက်လုပ်ပူဇော်၍ သစ် စေးကိုင်ထားခြင်းဖြစ်၏။ အဆိုပါနှီးဘုရားကြီး သည် ကမ္ဘာပေါ်တွင် အကြီးဆုံးနှီးဘုရားကြီး ဖြစ်ပြီး ဒုတိယအကြီးဆုံးမှာ အိန္ဒိယတွင် တည် ရှိကြောင်း သိရသည်။ အဆိုပါနှီးဘုရားကြီး ထူးခြားချက်မှာ ဆံတော် ကိုးပေ၊ မျက်နှာတော် ကိုးပေ၊ နား ရွက်တော် ကိုးပေ၊ လက်ဖဝါးတော် ကိုးပေ၊ ခြေဖဝါးတော် ကိုးပေ၊ နှာခေါင်းတော်၊ မျက် လုံးတော်၊ ပါးစပ်တော်တို့မှ သုံးပေရှိပြီး ဒူး အလျားအကျယ်မှာ ၃၆ ပေ ရှိကာ အောက်ခြေ ပလင်တော်မှ အထက်ဆံတော် အထိ ၆၃ ပေ ကျော်မြင့်ကြောင်းသိရသည်။ နှီးဘုရားသီး သန့်  ၅၇ ပေ သုံးလက်မရှိပြီး အုတ်ခုံက ခြောက်ပေ မြင့်ပါသည်။

အဆိုပါနှီးဘုရားများ ရက်လုပ်ပူဇော်သူ ဦးဝိမလပုထိသည် ယခင်က မိုင်းဖုန်းဆရာ တော်ကျောင်းတွင်ရှိခဲ့ပြီး ကျွမ်းကျင်အဆင့် ထူးခြားသော နှီးပညာရှင်ဖြစ်ပြီး သက်တော် ၇၀ ကျော်ပြီဖြစ်ကာ ထိုသို့ကြီးမားသော နှီး ဘုရားကို ထပ်မံမပြုလုပ်နိုင်တော့ဘဲ ခြောက် ပေခန့်ရှိသော ဆင်းတုတော်တို့ကိုသာ ပြုလုပ် နိုင်တော့ကြောင်း သိရသည်။ အဆိုပါနှီးဘုရား ကြီးအနီးတွင် ၀ါးတဲငယ်လေးဖြင့် နှီးဘုရား ငယ်များ ပြုလုပ်နေသည်ကိုလည်း မြင်တွေ့ရ ပါသည်။ ဆရာတော် ဦးဝိမလပုထိ ရက်လုပ် ပူဇော်ခဲ့သော နှီးဘုရားအဆူပေါင်း ၁၆၀ ကျော်ရှိပြီဟု သိရသည်။

ထို့ပြင် မတ်ကျန်းဒေသတွင် ဗုဒ္ဓဂယာ ပုံစံတူ လာဘသိဒ္ဓိစေတီတော် (ဘုရားဖြူ) လေးမျက်နှာ၊ လေးမုခ်ဝင်ဖြစ်ပြီး မုခ်ကြီး တစ် ပေါက်စီတွင် အစိမ်းရောင် နဂါးကြီး နှစ်ကောင် မုခ်ပေါက်စောင့်အဖြစ် ထားရှိကာ မုခ်လေး ပေါက်တွင် နဂါးကြီးရှစ်ကောင် တည်ထား သည်။

ကွန်ဟိန်းမြို့ လူသိနည်းနေပြီး ထင်ရှားသော နေရာ အများအပြား ရှိသည်။ ကွန်ဟိန်းသည် ရှမ်း ဘာသာစကား ကျွန်းတစ်ထောင်ဟု အဓိပ္ပာယ် ရသည်။ ကွန်ဟိန်းတွင် လည်ပတ်စရာ () ကုန်အော်ကျွန်း၊ () တာကော်ရှေး‌ဟောင်း ဘုရား၊ () ဟိုလင်းတန်ခိုးကြီးဘုရား၊ () နမ့် ပန်ချောင်း၊ () သံလွင်မြစ်တို့ရှိသည်။ နမ့်ပန် ချောင်းတစ်လျှောက် နမ့်ပန်နှင့် သံလွင်မြစ်ဆုံ နေရာသည် အရှေ့တောင်အာရှတွင် အလှဆုံး နေရာဖြစ်သဖြင့် ယခင်က ပြည်ပခရီးသွားများ ကနူးလှေ လာရောက်လှော်ခတ်ကြကြောင်း သိရသည်။     

မိုးနဲဘုရားများ ရှမ်းပုဂံဟု တင်စားခေါ်ဝေါ်ကြသော မိုးနဲဒေသတွင် ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ် စေတီပုထိုးပေါင်း မြောက်မြားစွာ တည် ရှိသည်။ မိုးနဲမြို့နယ်သည် လင်းခေးခရိုင် မြောက်ဘက်ပိုင်းတွင်တည်ရှိပြီး မိုးနဲမြို့နယ် မြောက်ဘက်တွင် ကျိုင်းတောင်းမြို့ ရှိသည်။ ကျိုင်းတောင်းရေတံခွန်ရှိ ရေဆင်းဧရိယာ အခြေပြု၍ ကျိုင်းတောင်းရေအားလျှပ်စစ် စက်ရုံစီမံကိန်းကို ၂၀၀၄ ခုနှစ်တွင် စတင်အ ကောင်အထည်ဖော်ခဲ့သည်။

ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲ မြို့သည် အညာဒေသရှိ စေတီပုထိုးပေါင်းရှစ် သောင်းလေးထောင်ကျော်တည်ရှိသော ပုဂံ ဒေသကဲ့သို့ ပုံစံတူ ဘုရားစေတီများပြည့်နှက် နေသော မြို့တစ်မြို့ဖြစ်သည့်အတွက် ရှမ်း ပုဂံဒေသဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့တွင် ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေ သော စေတီတော်ပေါင်း ၄၄၇ ဆူရှိကြောင်း သိရသည်။ အစားထိုးမရသော ရှေးဟောင်းယဉ်ကျေးမှုရိုးရာအမွေအနှစ်များကို ဆက် လက်ထိန်းသိမ်းရန်လိုအပ်ပြီး မြန်မာ့ရှေး ဟောင်းအမွေအနှစ်ဒေသအဖြစ် သတ်မှတ် ရန်လိုအပ်သည်ဟု ဒေသခံများက ဆန္ဒရှိနေ ကြသည်။

မိုးနဲမြို့ရှိ ရှေးဟောင်းစေတီတော်များ သည် ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ခြင်းမရှိသည့်အတွက်ယခုအခါ တစ်စစ ပြိုပျက်လာရ ကြောင်း သိရသည်။ လင်းခေးခရိုင်အတွင်း ပါဝင်သော လင်းခေး၊ မိုးနဲ၊ မောက်မယ်နှင့် မိုင်းပန် စသည့် မြို့နယ်လေးခုတို့သည် ပြည် ပခရီးသည်များ လေ့လာလည်ပတ်နိုင်ခြင်း မရှိသော မြို့များတွင် ပါဝင်ပြီး နယ်မြေလုံခြုံ ရေးအရ ကန့်သတ်ထားခြင်းဖြစ်သည်။

ကမ္ဘာကျော်တဲ့ ရိုးရာပွဲတော်များ ရှမ်းပြည်နယ်အတွင်းရှိ ထင်ရှားသော ပွဲတော်များမှာ အင်းလေးဖောင်တော်ဦးရုပ်ပွားတော်မြတ်များ ဒေသစာရီ ကြွချီအပူဇော်ခံ သော ပွဲတော်၊ တောင်ကြီးတန်ဆောင်တိုင်ရိုး ရာမီးပုံးပျံပွဲတော်တို့မှာ လူသိများ ထင်ရှား ကျော်ကြားသည်။ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဖောင် တော်ဦး ရုပ်ပွားတော်မြတ်များ ဒေသစာရီကြွ ချီအပူဇော်ခံသော ပွဲတော်ကြီးသည် ရှမ်းပြည် နယ်တွင် ရက်အရှည်ကြာဆုံးပွဲတော်ကြီးတစ် ခုဖြစ်ပြီး ရှေးနှစ်ထောင်ပေါင်းများစွာကပင် စတင်ကျင်းပလာသည်ဟု ဒေသခံများက ယုံ ကြည်ကြသည်။ ထိုသို့ လှည့်လည်အပူဇော်ခံရာ တွင် သီတင်းကျွတ်လဆန်း ၁ ရက်မှ စတင်၍ လပြည့်ကျော် ၃ ရက်အထိ အင်းလေးဒေသ ၂၁ ဌာနကို ရက်ပေါင်း ၁၈ ရက်တိုင် လှည့် လည်အပူဇော်ခံခြင်းဖြစ်သည်။

တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံး ပျံပွဲတော်ကြီးသည် မြန်မာတွင်သာမက ကမ္ဘာ မှာပါ နာမည်ကျော်ကြားသော ရိုးရာပွဲတော် တစ်ခု ဖြစ်ပေသည်။ ထိုမီးပုံးပျံပွဲတော်သို့ ပြည် တွင်းရော ပြည်ပခရီးသွားဧည့်သည် အများ အပြား လာရောက်ကြည့်ရှုလေ့ရှိပြီး တောင် ကြီးမီးပုံးပျံကြီးများအတိုင်း လိုက်လံတုပ၍ ပြုလုပ်လွှတ်တင်သော မြို့များနှင့် နိုင်ငံများ လည်း ရှိနေသည်ကို သိပြီးဖြစ်ပေသည်။ ရှမ်း ပြည်နယ်တွင် ရှေးနှစ်ထောင်ပေါင်းများစွာ ကပင် မီးပုံးပျံလွှတ်တင်ခြင်းဓလေ့ရှိခဲ့သည်။  တောင်ကြီးမီးပုံးပျံပြိုင်ပွဲအစဂတ်တဲပွဲကဟုလည်းကောင်း၊တောင်ကြီးမီးပုံးပျံကြီးအစကုန်းသာကျောင်းကဟုလည်းကောင်းဆိုရိုးစကားရှိပါသည်။

ကုန်းသာကျောင်းမီးပုံးပျံကြီး ကို သက္ကရာဇ် ၁၃၀၃ ခုနှစ်၊ တန်ဆောင်မုန်းလ ပြည့်၊ ခရစ်နှစ် ၁၉၄၁ ခုနှစ်၊ နိုဝင်ဘာ ၂ ရက် တနင်္ဂနွေနေ့တွင် လွှတ်တင်ခဲ့ကြောင်း မှတ် တမ်းအရ သိရသည်။ ထိုမီးပုံးပျံကြီးမှာ ကမ္ဘာ့ အကြီးဆုံး မီးပုံးပျံကြီးဟုပင် ခေါ်ဝေါ်နိုင် လောက်အောင် ကြီးမားသည်။ မီးပုံးပျံကြီး သည် ခေါင်အချင်း ပေ ၅၀ နီးပါးရှိပြီး မီးစာ ကြီးမှာ ၁၀ ပေနီးပါးရှိသည်။ ထိုမီးပုံးပျံကြီးကို ဆရာတော်ဦးစီးမှုဖြင့် ဒကာဒကာမများက စု ပေါင်းပြုလုပ်ပေးခြင်းဖြစ်ကာ တစ်လခန့် အချိန်ယူလုပ်ရပြီး ပိတ်ဖြူအုပ်ပေါင်း ၄၀ နီးပါး ကုန်ကျကြောင်း သိရသည်။

တောင်ကြီးမီးပုံးပျံပြိုင်ပွဲအစမှာတောင်ကြီးမြို့ပျက်ပြီးနောက်၁၉၄၅ခုနှစ်တွင်မဟာမိတ်စစ်အောင်ပွဲသဘင်အထိမ်းအမှတ်အနေဖြင့်အာဝါဒေးပွဲကိုဂါတ်တဲဝင်းအတွင်းကျင်းပသောကြောင့်ဂါတ်တဲပွဲဟုခေါ်ကြခြင်းဖြစ်ကြောင်းသိရသည်။ခရစ်နှစ်၁၉၄၅ခုနှစ်နိုဝင်ဘာ၁၉ရက်သက္ကရာဇ်၁၃၀၇ခုနှစ်တန်ဆောင်မုန်းလပြည့်တနင်္လာနေ့တွင်ကျင်းပခြင်းဖြစ်သည်။အဆိုပါနေ့စွဲသည်မီးပုံးပျံပြိုင်ပွဲစတင်ကျင်းပသောနေ့ရက်ဟုလည်းဆိုနိုင်သည်။ယနေ့ခေတ်တွင်မူရိုးရာမီးပုံးပျံကြီးများမှာနေ့လွှတ်အရုပ်နှင့်ညလွှတ်မီးပုံးပျံဟုအကြမ်းဖျင်းနှစ်မျိုးရှိသည်။

ညလွှတ်မီးပုံးပျံ တွင် ယမ်းမီးရောင်စုံအလှအပဖြင့် ဖော်ကျူး ထားသော ညမီးကြီး (ခေါ်) မီးကျည်တစ်မျိုး၊ မီးပုံးငယ်လေးများဖြင့် အလှဆင်ထားသော စိန်နားပန်မီးပုံးပျံတစ်မျိုးဟူ၍အမျိုးအစား နှစ်မျိုး လွှတ်တင်ပြိုင်ပွဲဝင်ကြခြင်းဖြစ်သည်။ ညလွှတ်မီးပုံးပျံကြီးများမှာ ပျမ်းမျှအားဖြင့် ခေါင်အချင်းပေ ၂၀ ကျော် မြင့်ပြီး ရှမ်းစက္ကူ (မှိုင်းကိုင်စက္ကူ) ဖြင့် ပြုလုပ်ထားခြင်း ဖြစ် သည်။

ရှမ်းပြည်နယ်ရိုးရာ တောင်ကြီးတန် ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးကို နိုင်ငံတစ် ဝန်းမှ လာရောက်ကြည့်ရှုကြပြီး လူဦးရေ သန်း ကျော်သည် အထိ လာရောက်လည်ပတ်ကြကာ စည်ကားသော ပွဲတော်တစ်ခုလည်းဖြစ်သည်။ တောင်ကြီးတန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲ တော်ကြီးကို ၂၀၁၈ ခုနှစ်တွင် ကမ္ဘာ့ အမွေအ နှစ် စာရင်းဝင်နိုင်စေရန် အတွက် ယူနက်စကို ထံ တင်ပြခဲ့သော်လည်း ကမ္ဘာ့ကပ်ရောဂါဆိုး ကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ပွဲတော် မကျင်းပ နိုင်ဘဲ ရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှမ်းပြည်မြောက်ပိုင်းတွင်ထင်ရှားသောမြို့တော်မှာနောင်ချိုမြို့နယ်ဖြစ်သည်။နောင်ချိုမြို့နယ်သည်နောင်တစ်ချိန်တွင်ခရီးသွားမြို့တော်ဖြစ်လာနိုင်ရန်အလားအလာများစွာရှိပြီးသွားလာလည်ပတ်နိုင်ရန်ရှုခင်းကောင်းများစွာရှိသည်။နောင်ချိုရှိတိမ်ပင်လယ်နှင့်ဂုတ်ထိပ်တံတားတို့မှာအထူးကျော်ကြားသည်။ထို့ပြင်ဗိလနညအကမနွှမငစခရီးစဉ်အဖြစ်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်အတွင်းရှိ

ဒုဋ္ဌာဝတီမြစ်အထက်ပိုင်း ရေပြန် ကြီး ရေတံခွန်ခရီးစဉ်နှင့် ဒုဋ္ဌာဝတီမြစ်အောက် ပိုင်းရှိ ပြောင်လျှိုကြီး၊ ပြောင်လျှိုလေးမြစ်ကျဉ်း ခရီးစဉ်တို့မှာလည်း သည်းထိတ်ရင်ဖို စွန့်စား သွားလာသူများ နှစ်ခြိုက်စေနိုင်မည့် ခရီးစဉ် များအဖြစ် ဖော်ဆောင်ထားကြောင်း သိရ သည်။ နောင်ချိုမြို့နယ် ဒုဋ္ဌာဝတီ တံတားတွင် မော်တော်ယာဉ်ကို ရပ်နားပြီး မြစ်အထက်ပိုင်း စက်လှေဖြင့် သွားလာရာတွင် ရေပြန်ကြီးရေတံ ခွန်ကို လှပစွာရှုမြင်ခံစားနိုင်ကြောင်း သိရ သည်။ ထို့ပြင် ကွတ်ခိုင်တွင် လွယ်ဆမ်ဆစ်နှင့် သီပေါမြို့တို့မှာ ခရီးသွားအများအပြား လာ ရောက်သော ဒေသများဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ် တာ ချီလိတ်မြို့နယ်သည် ခရီးသွားအများအပြား ဝင်ရောက်သော နေရာတစ်ခုဖြစ်ပြီး စည်ကား သည်။ ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံတွင် သစ် တစ်ပင်တောင်၊ လွိုင်မွေ နှစ်တစ်ရာအိမ်၊ ရှေး ကျသော မြေကြီးများဖြင့် ဆောက်ထားသော အိမ်များရှိသော ကျေးရွာတို့မှာ ထင်ရှားသည်။ ကျိုင်းတုံမြို့နယ် လွယ်တိုင်းရင်းသားများ နေ ထိုင်ရာ ဝမ်ဆိုင်းရွာသည်လည်း ခရီးသွားလုပ် ငန်းမြှင့်တင်ရန် လျာထားသော ကျေးရွာ ၁၀ ရွာစာရင်းတွင် ပါဝင်ကြောင်း သိရသည်။ မိုင်းယောင်းမှာဆိုလျှင် ထပ်လုံရှေး ဟောင်းစေတီ၊ စွန်ဟိန်းဂူရှိသည်။ မိုင်းဖြတ် နှင့် မိုင်းယောင်းအကြားတွင် တည်ရှိသည်။

ထင်ရှားသော တိုင်းရင်းသားများ ကရင်နီမျိုးနွယ် (ခေါ်) ကယန်းတိုင်းရင်း သားတစ်မျိုးဖြစ်သည့် ပဒေါင်ဟုခေါ်သော ကယန်းလဝီ (ပဒေါင်) တိုင်းရင်းသားမျိုးနွယ်စု သည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အများစု နေထိုင်ကြသည်။ ပဒေါင်ဟုခေါ်သော ကယန်းတိုင်းရင်း သားများ သည် အခြားအရှေ့တောင်အာရှ နိုင်ငံများတွင်လည်း ပျံ့နှံ့နေထိုင်ကြပြီး ကမ္ဘာ လှည့် ခရီးသွားဧည့်သည်များ အထူးစိတ်ဝင် စားခြင်းခံရသော တိုင်းရင်းသားတစ်မျိုးလည်း ဖြစ်သည်။

မိုးဗြဲမြို့နယ်တွင် ကယန်းတိုင်းရင်းသား ရှစ်သောင်းကျော် အများဆုံးနေထိုင်ကြပြီး ရှမ်းတိုင်းရင်းသား တစ်သောင်းကျော်၊ မြန်မာ ငါးထောင်ကျော်၊ ပအိုဝ်းနှင့် အင်း ၂၀၀၀ ကျော်ရှိပြီး တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြ သည်။ မိုးဗြဲ၏ ထူးခြားချက်မှာ ကယန်းလူမျိုး (ပဒေါင်) တိုင်းရင်းသားများ အများစုနေထိုင် ကြသဖြင့် ကမ္ဘာမှာပါ ထင်ရှားသော ကယန်း (ပဒေါင်) တိုင်းရင်းသားတို့၏ရိုးရာဓလေ့များကိုလေ့လာနိုင်ပါသည်။

လည်ပင်း ကြေးကွင်း စွပ်ထားသော ပဒေါင်တိုင်းရင်းသားဟု လူသိ များသော ကယန်းလူမျိုး (ပဒေါင်) တိုင်းရင်း သားများသည် ရှမ်းပြည်တောင်ပိုင်းတွင် ၄၀၀၀၀ ကျော်၊ ကယားပြည်နယ်တွင် ၂၀၀၀၀ ကျော်နေထိုင်ကြကာ လူဦးရေ ၁၃၀၀၀၀ ကျော်သာရှိပြီး ထိုင်း၊ ဗီယက်နမ်၊ အမေရိကန်၊ မင်နီဆိုးတားပြည်နယ်တို့တွင် ပျံ့နှံ့နေထိုင်ကြ သည်။ ကယန်းလူမျိုးသည် တောင်ပေါ်ဒေသ တွင်နေထိုင်သော လူမျိုးဖြစ်ပြီး ကရင်နီလူမျိုး စုနွယ်ဝင် လူမျိုးစုခွဲတစ်ခုဖြစ်ကာ ကယန်း လထာ၊ ကယန်းကငံ၊ ကယန်းလဝီ (ပဒေါင်)၊ ကခေါင်ဟူ၍ လူမျိုးစုခွဲများရှိသည်။

လူနည်းစု တိုင်းရင်းသားဓလေ့များ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပျောက် ကွယ်ရန်စိုးရိမ်ရသော လူနည်းစုတိုင်းရင်းသား များအဖြစ် လူဦးရေ လေးထောင်ကျော်ခန့်သာ ကျန်တော့သည့် ထနော့တိုင်းရင်းသားမျိုး နွယ်စုများ နေထိုင်ကြသည်။ ထို့ပြင် ရှမ်းတောင်၊ နမ့်စန်မြို့နယ်တွင် ပျောက်ကွယ်ရန်စိုးရိမ်ရသော လူနည်းစုတိုင်း ရင်းသားတစ်မျိုးဖြစ်သည့် ယင်းကြား၊ ယင်း နက်တိုင်းရင်းသားများလည်း နေထိုင်ကြသည်။

ရှမ်းပြည်နယ်မှာ လူနည်းစုဖြစ်နေသည့် တိုင်းရင်းသား ၁၀ မျိုးထက်မနည်းရှိကြောင်း စာရင်းအရ သိရသည်။ အဆိုပါ လူနည်းစု တိုင်းရင်းသားမျိုး နွယ်စုများမှာ () တရဲ(တိုင်းလိုင်) လူမျိုး၊ () ထနော့လူမျိုး၊ () ယင်းကျားလူမျိုး၊ () ယင်း နက်လူမျိုး၊ () မြောင်ဇီး() မှုန့်လူမျိုး၊ () ကွီလူမျိုး၊ () ဖျင်လူမျိုး၊ () အိုက်စွယ်လူမျိုး၊ () အဲန်လူမျိုးစု၊ (၁၀) လားဟူကော်နဲ စသည် ဖြင့် အခြားတိုင်းရင်းသားများလည်း ကျန်ရှိ သေးကြောင်း သိရသည်။ အဆိုပါ စာရင်းများထဲတွင် အနည်းဆုံး ဟုဆိုနိုင်သော တိုင်းရင်းသားမှာ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံအနီးတွင် နေထိုင်သော လူဦးရေ ၆၀၀ ကျော်သာ ကျန်ရှိတော့သည့် အဲန်တိုင်းရင်းသားများပင် ဖြစ်ပေသည်။ crd

Leave a Reply

Your email address will not be published.