တခေတ်တခါက မြန်မာ့ ဓာတ်ရထားတို့အကြောင်း

တခေတ်တခါက မြန်မာ့ ဓာတ်ရထားတို့အကြောင်း

ဓာတ်ရထားလိုင်းကို ထရော်လီဘတ်စ် (Trolley Bus) ဖြင့် ပြောင်းလဲ ပြေးဆွဲ၏။ အလုံပန်းခြံ (သခင်မြပန်းခြံ) အနီး ကီလီလမ်းအထိ ပြေးဆွဲသဖြင့် ယင်းနေရာကို ယနေ့တိုင် ထရော်လီကွေ့ဟု ခေါ်ဆိုနေကြသည်။ ထရော်လီဘတ်စ် ဟူသည် ဓာတ်ဆီ၊ ဒီဇယ်ဆီ မသုံးဘဲ လျှပ်စစ်ဓာတ်ဖြင့် မောင်းနှင်သော ကားမျိုး ဖြစ်သည်။ လျှပ်စစ်ဓာတ်အားကို ကောင်းကင်ကြိုး မျဉ်းပြိုင် နှစ်ကြိုးတွင် ဘတ်စ်၏ အမိုးထက်မှ လျှပ်စစ်ဓာတ်အား သွယ်ယူရန် လက်တံနှစ်ချောင်းဖြင့် ရယူပါသည်။

နောက်ပိုင်း ထရော်လီလိုင်းများကို တစ်စတစ်စ တိုးချဲ့ ဖွင့်လှစ်ခဲ့သည်။ ဖရေဇာလိုင်း၊ မားချင်းလိုင်း စသည်ဖြင့် ခေါ်ဆိုကြသည်။ ဖရေဇာလိုင်းမှာ ဗိုလ်တစ်ထောင်ဘက်မှ အနော်ရထာလမ်းတစ်လျှောက်၊ ယင်းမှ ရွှေတိဂုံဘုရား လမ်းဆုံ၊ သိမ်ကြီးဈေးအထိ ဖောက်လုပ်ထားသော လမ်းဖြစ်သည်။ မားချင်းလိုင်းမှာ တာမွေမှ ကုန်သည်လမ်းအထိ ပြေးဆွဲသောလိုင်း ဖြစ်သည်။

ထရော်လီကားများသည် အင်္ဂလန်နိုင်ငံလုပ် ဘက်ဖို့ဒ် ဘတ်စ်ကားများ ဖြစ်ကြသည်။ ရှေ့နှင့်ဘေးတို့တွင် အတက်အဆင်းပေါက်များ ပါရှိသည်။ မြန်မာနှင့် မြန်မာကပြားများက မောင်းနှင်ကြပြီး လက်မှတ်ရောင်းတို့မှာ အိန္ဒိယ တိုင်းသားများ ဖြစ်ကြသည် ဆို၏။ လက်မှတ်ရောင်းနှင့် ခရီးသည်တို့မှာ အများအားဖြင့် ဟင်ဒီဘာသာဖြင့် ဆက်သွယ် ပြောဆိုကြရသည်။ လမ်းခုလတ်မှ ကပြားလက်မှတ်စစ်များ တက်လာလေ့ရှိကြသည်။

ခရီးပိုစီးမိပါက နောက်ထပ် ကျသင့်သည့် လက်မှတ် ထပ်ဝယ်ရသည်။ သို့သော် ထိုသို့ ဖြစ်လေ့ ဖြစ်ထ မရှိဘဲ စည်းကမ်းတကျ စီးလေ့ရှိကြသည် ဆို၏။ credit to original uploader

တေခတ္တခါက ျမန္မာ့ ဓာတ္ရထားတို႔အေၾကာင္း

ဓာတ္ရထားလိုင္းကို ထေရာ္လီဘတ္စ္ (Trolley Bus) ျဖင့္ ေျပာင္းလဲ ေျပးဆြဲ၏။ အလုံပန္းၿခံ (သခင္ျမပန္းၿခံ) အနီး ကီလီလမ္းအထိ ေျပးဆြဲသျဖင့္ ယင္းေနရာကို ယေန႔တိုင္ ထေရာ္လီေကြ႕ဟု ေခၚဆိုေနၾကသည္။ ထေရာ္လီဘတ္စ္ ဟူသည္ ဓာတ္ဆီ၊ ဒီဇယ္ဆီ မသုံးဘဲ လွ်ပ္စစ္ဓာတ္ျဖင့္ ေမာင္းႏွင္ေသာ ကားမ်ိဳး ျဖစ္သည္။ လွ်ပ္စစ္ဓာတ္အားကို ေကာင္းကင္ႀကိဳး မ်ဥ္းၿပိဳင္ ႏွစ္ႀကိဳးတြင္ ဘတ္စ္၏ အမိုးထက္မွ လွ်ပ္စစ္ဓာတ္အား သြယ္ယူရန္ လက္တံႏွစ္ေခ်ာင္းျဖင့္ ရယူပါသည္။

ေနာက္ပိုင္း ထေရာ္လီလိုင္းမ်ားကို တစ္စတစ္စ တိုးခ်ဲ႕ ဖြင့္လွစ္ခဲ့သည္။ ဖေရဇာလိုင္း၊ မားခ်င္းလိုင္း စသည္ျဖင့္ ေခၚဆိုၾကသည္။ ဖေရဇာလိုင္းမွာ ဗိုလ္တစ္ေထာင္ဘက္မွ အေနာ္ရထာလမ္းတစ္ေလွ်ာက္၊ ယင္းမွ ေ႐ႊတိဂုံဘုရား လမ္းဆုံ၊ သိမ္ႀကီးေဈးအထိ ေဖာက္လုပ္ထားေသာ လမ္းျဖစ္သည္။ မားခ်င္းလိုင္းမွာ တာေမြမွ ကုန္သည္လမ္းအထိ ေျပးဆြဲေသာလိုင္း ျဖစ္သည္။

ထေရာ္လီကားမ်ားသည္ အဂၤလန္ႏိုင္ငံလုပ္ ဘက္ဖို႔ဒ္ ဘတ္စ္ကားမ်ား ျဖစ္ၾကသည္။ ေရွ႕ႏွင့္ေဘးတို႔တြင္ အတက္အဆင္းေပါက္မ်ား ပါရွိသည္။ ျမန္မာႏွင့္ ျမန္မာကျပားမ်ားက ေမာင္းႏွင္ၾကၿပီး လက္မွတ္ေရာင္းတို႔မွာ အိႏၵိယ တိုင္းသားမ်ား ျဖစ္ၾကသည္ ဆို၏။ လက္မွတ္ေရာင္းႏွင့္ ခရီးသည္တို႔မွာ အမ်ားအားျဖင့္ ဟင္ဒီဘာသာျဖင့္ ဆက္သြယ္ ေျပာဆိုၾကရသည္။ လမ္းခုလတ္မွ ကျပားလက္မွတ္စစ္မ်ား တက္လာေလ့ရွိၾကသည္။

ခရီးပိုစီးမိပါက ေနာက္ထပ္ က်သင့္သည့္ လက္မွတ္ ထပ္ဝယ္ရသည္။ သို႔ေသာ္ ထိုသို႔ ျဖစ္ေလ့ ျဖစ္ထ မရွိဘဲ စည္းကမ္းတက် စီးေလ့ရွိၾကသည္ ဆို၏။ credit to original uploader Yangon Rangon

Leave a Reply

Your email address will not be published.