Tial Thang နဲ့ Sunoto ပွဲကြိုသုံးသပ်ချက်

Tial Thang နဲ့ Sunoto ပွဲကြိုသုံးသပ်ချက်

Tial Thang နဲ့ Sunoto တို့က သောကြာနေ့ ညနေ (၄) နာရီ (၃၀) မိနစ်မှာ ကစားမယ်။ ONE: Bad Blood ပြိုင်ပွဲမှာ ပထမဆုံးတွဲဆိုင်းဖြစ်ပါတယ်။

Tial Thang က အကြမ်းပတမ်း။ လက်တံတိုလို့ ပူးကပ်ထိုးမှပဲ အဆင်ပြေတယ်။ ပြိုင်ဘက်ကို ခပ်မြန်မြန်ပဲ အလဲထိုးချင်တယ်။ တွဲလုံးထိုးတယ်။ ဝင်လုံးတယ်။ Ground & Pound မှာ ပွဲသိမ်းတယ်။

Sunoto က ဝါရင့်နေပြီ။ Range Control လုပ်တတ်တယ်။ ပူးကပ်လာရင် ဝင်လုံးတယ်။ Single Leg & Double Leg စုံတယ်။ Side Control လုပ်ပြီး ဖိအားပေးတယ်။ ပြိုင်ဘက်က လူးလဲထရင် Rear Naked Choke လုပ်တယ်။ Body Transition ကောင်းတယ်။ Bottom Position ဖြစ်တာတောင် လှိမ့်ထွက်နိုင်တယ်။

အရင်ပွဲမှာ Tial Thang က ရှုံးထားတယ်။ ဆက်ရှုံးလို့ မဖြစ်ဖူး။ နိုင်ရင် Bantamweight Ranking မှာ အဆင့်ချိတ်နိုင်တယ်။ Sunoto ကလည်း ဖိအားရှိတယ်။ Terminator Top Team ထောင်ပြီး ပြန်ကစားတဲ့ ပထမဆုံးပွဲမှာ အမှားမခံဘူး။ တပည့်တွေရှေ့မှာ မျက်နှာမပျက်ချင်ဘူး။

Sunoto က ပွဲမထိုးတာ (၂) နှစ်ကျော်ပြီ။ (၃၆) နှစ်ဖြစ်နေလို့ ကြံ့ခိုင်မှုပိုင်းကို အားမရဘူး။ Range Control လုပ်ပြီး ခွာကစားလိမ့်မယ်။ အခွင့်သာရင် ဝင်လုံးပြီး အစောပိုင်းမှာ ပွဲသိမ်းဖို့ ကြိုးစားလိမ့်မယ်။

ပထမအချီမှာ Tial Thang က သတိထားရမယ်။ ငယ်ဂုဏ်ရှိတယ်။ Takedown Defense ကောင်းဖို့ပဲ လိုတယ်။ ဝင်လုံးခံရတိုင်း ကြမ်းပြင်ပေါ်ပါသွားရင် ဆက်ရှုံးလိမ့်မယ်။ အချီကြာရင် Sunoto က နှေးလာလိမ့်မယ်။ ဒါဆိုရင် Tial Thang က အနိုင်ပဲ။ စာဖတ်သူတွေ ဘေးကင်းပါစေ။crd

Leave a Reply

Your email address will not be published.