နိုင်ပွဲဆာလောင်နေပေမယ့် ပွဲပျက်သွားတဲ့ တီရယ်ထန်ပွဲ…
နိုင်ပွဲဆာလောင်နေပေမယ့် ပွဲပျက်သွားတဲ့ တီရယ်ထန်ပွဲ…
ပွဲရလဒ်ကတော့ စိတ်မကောင်းစရာပါ။တီရယ်ထန်ပွဲကတော့ တီရယ်ထန်ဘက်က အသာစီးရအောင် ထိုးနိုင်တဲ့အနေအထားမှာရှိပေမယ့် ပေါင်ခွကြားကို ဒူးတိုက်မိသလို ဖြစ်တာကြောင့် ပွဲပျက်သွားပါတယ်။ဒူးတိုက်ချက်ကတော်တော်ပြောရခက်တဲ့အနေအထားပါ။ထမတစ်ချက်ကတော့ ပွတ်ပြီး တိုက်မိတာကြောင့် Sunoto ဘက်ကအနားတောင်းရပါတယ်။
ဒုတိယဒူးတိုက်ချက်ကတော့ One Championship က ကင်မရာအနေအထား ၃ မျိုးပြောင်းပြရမှာ (၂) မျိုးမှာ လွတ်တယ်လို့ထင်ရပေမယ့် (၁) မျိုးမှာတော့ ပေါင်ခွကြားနေရာကို တိုက်မိတဲ့အနေအထားမြင်ရပါတယ်။ ဒါပေမယ့်လည်း Sunoto ရဲ့ ပြုမူ‌ပုံကိုကြည့်ရတာတော့ ပေါင်ခွကြားနေရာကို ထိခိုက်သွားတယ်လို့ဘဲ သုံးသပ်ရမှာပါ။တီရယ်ထန်ဟာ ပထမအကြိမ်ကထဲက သတိပေးခံခဲ့ရပြီး ဒုတိယအကြိမ် တိုက်မိတာကြောင့် အဝါကတ်ပြခံရပါတယ်။
ဒါပေမယ့် Sunoto ကတော့ ဒဏ်ရာအနားယူချိန် (၅) မိနစ်ပြည့်တဲ့ထိကို ထမလာနိုင်တော့ပါဘူး။ဒါကြောင့် ပွဲပျက်ဖြစ်သွားပါတယ်။တီရယ်ထန်ကတော့ သူ့တိုက်ချက်က ရှင်းလင်းတယ်လို့ စောဒကတက်နေခဲ့ပြီး ပွဲပျက်သွားတာကြောင့် စိတ်ထိခိုက်နေခဲ့ပါတယ်။ Sunoto ဘာမှ ဆိုးဆိုးရွားရွားဒဏ်ရာမရဖို့ဘဲ မျှော်လင့်ပါတယ်။ ပွဲပြီးတာတောင်မထနိုင်လို့ ထမ်းစင်နဲ့ သယ်သွားရတဲ့အနေအထားပါ။Groin strike ဟာ သေနိုင်ပါတယ်။ တိုက်ခိုက်ရေးအားကစားဟာလည်း ပြင်းထန်တဲ့ အားကစားပါ။
ကောင်းတဲ့အမြင်နဲ့ကြည့်ရရင်တော့ တီရယ်ထန်ဟာ အရင်ကထက်စာရင် ‌စောင့်ပြီး ကစားတဲ့အနေအထားမျိုးနဲ့ သေသေသပ်သပ်ကစားနိုင်ခဲ့ပါတယ်။တိကျတဲ့ လက်သီးထိုးချက်ခြေကန်ချက်တွေ ထွက်ခဲ့သလို ၊ takedown ကိုလည်း ကာကွယ်နိုင်ခဲ့ပါတယ်။ crd
Leave a Reply
Your email address will not be published.