Breaking News- အလုပ်သမား ၇၁၈ ဦး ကိုဗစ်ကူးစက်ခံရသော ရန်ကုန်မှန်ဘီလူးစက်ရုံမှ ဝန်ထမ်း ၉၀၆ ဦး တစ်နိုင်ငံလုံးအနှံ့ ခွင့်ပြန်သွားသည့်ကိစ္စ စစ်ကောင်စီက လျှို့ဝှက်ထား၊ စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ကိုဗစ် ဖြန့်ဖြူးသဖြင့် ကိုဗစ်စတုတ္တလှိုင်းအတွက် ပြည်သူများ ပြင်ဆင်ရန် သတိပေးနှိုးဆော်
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးရပ်ကွက်ရှိ Myanmar Asia Optical (မှန်ဘီလူး) စက်ရုံတွင် အလုပ်လုပ်နေသော ဝန်ထမ်း ၇၁၈ ဦးတွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရကြောင်း ဇန်နဝါရီ ၂၈ ရက်နေ့မှ ဇန်နဝါရီလ ၃၁ ရက်နေ့ အထိ စစ်ဆေးတွေ့ရှိခဲ့ရသည်။ အစုလိုက်အပြုံလိုက် ကိုဗစ်ကူးစက်မှု ဖြစ်ပွားသော Myanmar Asia Optical (မှန်ဘီလူး)စက်ရုံတွင်ဝန်ထမ်းပေါင်း၃၂၈၂ဦးရှိပြီးယင်းတို့အနက်မှ၉၀၆ဦးမှာတစ်နိုင်ငံလုံးသို့တရုတ်နှစ်သစ်ကူးအနေဖြင့်ခွင့်ပြန်သွားကြောင်း၊
စက်ရုံကြီးတစ်ခုလုံးအတိုင်းအတာဖြင့်ကိုဗစ်ကူးစက်မှုဖြစ်ပွားခြင်းဖြစ်သည့်အတွက်ယင်းခွင့်ပြန်သွားသည့်ဝန်ထမ်းအများစုမှာလည်းကိုဗစ်ကူးစက်ခံရသည့်ရာခိုင်နှုန်းအလွန်များကြောင်း၊သို့ရာတွင်စစ်တပ်ကယင်းကိုဗစ်ကူးစက်ခံထားရသောစက်ရုံမှအလုပ်သမား၉၀၆ခွင့်ပြန်သွားသည့်ကိစ္စကိုတရားဝင်ထုတ်ပြန်ခြင်းမပြုဘဲလျှို့ဝှက်ထားသဖြင့်တစ်နိုင်ငံလုံးကိုရည်ရွယ်ချက်ရှိရှိကိုဗစ်ဖြန့်ဖြူးလိုက်ခြင်းပင်ဖြစ်ကြောင်းရန်ကုန်ခေတ်သစ်သတင်းရင်းမြစ်ကပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် ကိုဗစ်ဒုတိယလှိုင်တုန်းက ရခိုင်ကနေပြန်လာတဲ့ လေယာဉ်မှာ ကိုဗစ်လူနာပါလာခဲ့တာ၊ လေယာဉ်တစ်စီးလုံး ခရီးသည်တွေ ကူးစက်နိုင်ပြီး တစ်နိုင်ငံလုံး ဖြန့်ဖြူးသလို ဖြစ်မှာစိုးရိမ်လို့ နိုင်ငံကို အမေစုကိုယ်တိုင် ကြေညာပြီး လေယာဉ်စီးခရီးသည်တွေ အားလုံး သက်ဆိုင်ရာကိုအကြောင်း ကြားဖို့နဲ့ အရေးယူမှုတွေ လုပ်ခဲ့တယ်။ အခုကျတော့ စစ်တပ်ကတော့ အဲဒီ ကိုဗစ်ကူးစက်တဲ့ စက်ရုံလုပ်သား ၉၀၆ ဦး တစ်နိုင်ငံလုံး အနှံ့ ခွင့်ပြန်သွားတာကို မကြေညာဘဲ လျှို့ဝှက်ထားတာက ပြည်သူတွေ ကိုဗစ် ကူးအောင် ရည်ရွယ်ချက်ရှိရှိလုပ်တာလို့ ပြောလို့ရပါတယ်” ဟုသတင်းရင်းမြစ်ကပြောသည်။
ကိုဗစ်အစုလိုက်အပြုံလိုက် ကူးစက်သော Myanmar Asia Optical (မှန်ဘီလူး) စက်ရုံမှ ခွင့်ပြန်ဝန်ထမ်း ၉၀၆ ဦးသည် ပြည်နယ်နှင့်တိုင်း နေရာအစုံသို့ ခွင့်ပြန်သွားကြရာတွင် နေပြည်တော် ၁၀ ဦး ကချင်ပြည်နယ် ၃ ဦး စစ်ကိုင်းတိုင်း ၄၃ ဦး ပဲခူးတိုင်း ၂၃၂ ဦး မကွေးတိုင်း ၁၃၀ ဦး မန္တလေးတိုင်း ၆၉ ဦး မွန်ပြည်နယ် ၃ ဦး ရခိုင်ပြည်နယ် ၂၁ ဦး ရန်ကုန်တိုင်း ၂၇၉ ဦး ရှမ်းပြည်နယ် ၄ ဦး ဧရာ၀တီတိုင်း ၁၁၂ ဦး တို့ဖြစ်ကြောင်းသိရှိရသည်။
အဆိုပါ ခွင့်ပြန်ဝန်ထမ်း ၉၀၆ ဦးသည် ၎င်းတို့ရောက်ရှိရာ နေရာ၊ မိဘ ဆွေမျိုးများထံသို့ ကိုဗစ်ဖြန့်ဖြူး ကူးစက်ရန် အလားအလာ အလွန်များနေပြီး မြန်မာ နိုင်ငံတွင် ကိုဗစ်ကူးစက်မှု စတုတ္တလှိုင်း ရောက်ရှိနိုင်ပါသဖြင့် ယင်း ဝန်ထမ်း ၉၀၆ ဦး၏ အသေးစိတ်အချက်အလက်များကို ရန်ကုန်ခေတ်သစ်က ပြည်သူ လူထု သိရှိ သတိထားနိုင်စေရန် တရားဝင် သတင်းထုတ်ပြန်ပေးမည်ဖြစ်ပါသည်။ crd khit thit media