Categories
ဗဟုသုတ

ဘဏ်တွေကနေထုတ်ပေးနေတဲ့ အသစ်ထွက် ၁ သောင်းတန်ကို ဆိုင်တွေကမယူရဲကြတာ

ဘဏ်တွေကနေထုတ်ပေးနေတဲ့ အသစ်ထွက် သောင်းတန်ကို ဆိုင်တွေကမယူရဲကြတာ

အတုလို့ပြောဆိုကြတာတွေ လက်တွေ့ကြုံနေရလို့ဘာတွေကွာသွားလဲ ယှဥ်ပြပေးထားပါတယ်

အပြာရွက်တွေမထွက်ခင်က ထုတ်ခဲ့တဲ့ အဖြူရွက်တွေလို့သိရပါတယ်Security အားနည်းလို့ ပေးမသုံးခဲ့တဲ့ တရားဝင်အရွက်တွေပါပဲလူတွေလက်ထဲ နောက်မှရောက်လာတော့လည်း အသစ်လို့ပဲသုံးနှုန်းလိုက်ပါတယ်

(1) စစချင်းမြင်ရမှာကတော့အရောင်အသွေးပါအဟောင်းက အပြာဘက်သန်းပြီး အသစ်ကတော့ ဖြူဖျော့ဖျော့နဲ့ပါအထူအပါးအနေနဲ့လဲ အဟောင်းက ထူထူထဲထဲနဲ့ကိုင်ရတာမာမာကျောကျောရှိပေမယ့် အသစ်ကတော့ ပါးတာမှကိုင်လို့ကိုင်ထားမှန်းတောင်မသိရပါဘူး။

(2) ညာဘက်အောက်ထောင့်မှာရေးထားတဲ့ ၁၀၀၀၀ ဆိုတဲ့စာသားပုံစံလဲမတူပါဘူးသိသိသာသာကို ကွဲပြားပါတယ်ရောင်ပြန်ကြိုးထည့်ထားပုံကလဲသောက်တလွဲပါဘယ်ဘက်က အဖြူကွက်မှာလည်း အသစ်ကဘေးဘက်အချွန်ကြီး၂ခုနဲ့ အပေါ်အောက်အချွန်လေး ၄ခုသာပါပေမယ်

အဟောင်းမှာတော့ ဘေးဘက်အချွန်ကြီး ၄ခု နဲ့အပေါ်အောက်အချွန်လေး ၄ ခုစီ ပါခဲ့ပါတယ်ဒါ့ကြောင့်မို့ အတုဆိုပြီးမယူရဲကြတာဖြစ်ပါလိမ့်မယ်။(တကယ်သာအတုထုတ်ချင်ရင်ချွတ်စွပ်တူအောင် ထုတ်မှာပေါ့ စောက်ကျိုးနဲ

(3)ဒါကတော့နောက်ကျောဘက်ပါ လေးထောင့်ဗလာအဖြူကွက်သိသိသာသာကိုသေးပါတအဟောင်းရဲ့လေးထောင့်ကွက်က ထောင့်မှန်စတုဂံနဲနဲဆန်ပြီးအသစ်ကတော့ လုံးဝလေးဘက်ညီ စတုရန်းကွက်ပါTEN THOUSAND KYATS ဆိုတဲ့စာသားကြီးကလည်းအသစ်ထုတ်တဲ့အရွက်မှာ အကြွေးဆပ်သလားအောက်မေ့ရတယ်နည်းနည်းနောနောမဟုတ်ဘူး။

(4)ဒါကတော့ အလင်းခံကြည့်ရင်မြင်ရမယ့် အသစ်ထုတ် ၁သောင်းတန်ရဲ့ ကြာပွင့်ပါ ကြာပွင့်ရယ် ၁၀၀၀၀ရယ်ပဲ ပါပါတယ်

(5)၁သောင်းတန်အဟောင်းရဲ့ကြာပွင့်ကတော့ အလင်းဖြာနေသလိုပုံစံလေးပါ အဆစ်ပါ ပါသေးတယ်

(6)အသစ်ထုတ် ၁သောင်းတန်မှာ ဘေးဘက်က ကုတ်လိုင်းတွေ လုံးဝမပါပါဘူး

(7)အောက်ကဘားတန်းကလည်း အဟောင်းမှာ တော်တော်ရှည်ပေမယ့် အသစ်မှာတော့ သူ့အရပ်လိုပဲ တော်တော်တိုပါတယ်။

အချုပ်အားဖြင့်ပြောရရင် ဒါလည်းပဲ ဗဟိုဘဏ်ကနေတရားဝင်ထုတ်ထားတဲ့၁ သောင်းတန်ငွေစက္ကူအသစ်တွေဖြစ်တာမို့ ယူကြပါအတုဆိုပြီး မစွပ်စွဲပါနဲ့၊မျက်စိဖွင့်ပါ နားစွင့်ပါဘဏ်တော်တော်များများမှာနောက်ပိုင်းထုတ်ပေးတဲ့၁ သောင်းတန်တွေက အဲ့လိုတွေချည်းပါပဲအတု လုံးဝမဟုတ်ပါဘူးခင်ဗျာ crd

အချုပ်အားဖြင့်ပြောရရင် ဒါလည်းပဲ ဗဟိုဘဏ်ကနေတရားဝင်ထုတ်ထားတဲ့၁ သောင်းတန်ငွေစက္ကူအသစ်တွေဖြစ်တာမို့ ယူကြပါအတုဆိုပြီး မစွပ်စွဲပါနဲ့၊မျက်စိဖွင့်ပါ နားစွင့်ပါဘဏ်တော်တော်များများမှာနောက်ပိုင်းထုတ်ပေးတဲ့၁ သောင်းတန်တွေက အဲ့လိုတွေချည်းပါပဲအတု လုံးဝမဟုတ်ပါဘူးခင်ဗျာ crd 

Leave a Reply

Your email address will not be published.