အင်းစိန်အကျဉ်းထောင်အတွင်းမှာ (၁၀)လကျော်ကြာမြင့်သည်တိုင်အောင် မတရားဖမ်းဆီးခံထားရတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် သို့ လွမ်းချင်း…

အင်းစိန်အကျဉ်းထောင်အတွင်းမှာ (၁၀)လကျော်ကြာမြင့်သည်တိုင်အောင် မတရားဖမ်းဆီးခံထားရတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် သို့ လွမ်းချင်း

ပြေတီဦးဆိုတာ အင်ဂျင်နီယာဘွဲ့ရ၊အကယ်ဒမီ()ဆုရှင်၊ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတွေထဲက တစ်ဦး။ အခြေခံမိသားစုတွေထဲက ဆရာဝန်ဖြစ်ချင်တဲ့ ထူးချွန်ကျောင်းသား/သူ တွေအတွက် ဆေးတက္ကသိုလ်ကိုလွယ်လင့်တကူ တက်နိုင်အောင် ထောက်ပံ့ပေးတဲ့ပြေတီဦးဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌ (Founder & CEO) တစ်ဦး။

အိန္ဒြာကျော်ဇင် ဆိုတာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့မြေး၊ ကမ္ဘာ့အဆင့် နိုင်ငံတကာရုပ်ရှင်ပွဲတော်ကြီးမှာ ဆုရဖူးတဲ့ ပထမဦးဆုံးနဲ့ တစ်ဦးတည်းသော မြန်မာအမျိုးသမီးသရုပ်ဆောင်တစ်ဦး။ အနုပညာသက်တမ်း (၂၅)နှစ်ကျော်တဲ့အထိ မြန်မာပြည်ရဲ့ တတိယမြောက် အနုပညာကြေးအမြင့်ဆုံး ထိပ်တန်းမင်းသမီးအဖြစ် ရပ်တည်နေနိုင်ပြီး အောင်မြင်မှုကိုထိန်းထားနိုင်တဲ့ ပြည်သူချစ်အနုပညာရှင် တစ်ဦး။

ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် ဟာ အခြားရေပေါ်ဆီ အနုပညာရှင်တွေနည်းတူ ဘာသိဘာသာ အိမ်မှာအသာနှပ် ဥမကွဲသိုက်မပျက်ခရီးထွက်လို့ရတယ်။ သန်းနဲ့ချီတဲ့ချစ်ပရိသတ်တွေရှိလို့ စီးပွားရေးမကောင်း မုန့်လုပ်ရောင်း ဈေးသည်ဘဝနဲ့တောင် သူဌေးဖြစ်လို့ရတယ်။ ပရိသတ်အထာနပ်ပြီးသားမို့ အဆဲလွတ်အောင် ပရဟိတခေါင်းစဉ်တပ် အလှူအတန်းတွေ ပက်ပက်စက်စက်လုပ်ပြလို့ရတယ်။ ဒါပေမဲ့ ဒါတွေသူတို့မလုပ်ခဲ့ဘူး။လုပ်ဖို့လည်း စိတ်ကူးမရှိခဲ့ကြလို့ လူမမယ်ရင်သွေးလေး()ယောက်နဲ့ ခွဲခွာပြီး အမှန်တရားအတွက် ခရီးထွက်ခဲ့ကြတယ်။ပြည်သူ့အတွက် ပေးဆပ်ခဲ့ကြတယ်။

ကိုယ့်အိမ်၊ကိုယ့်ခြံ၊ကိုယ့်ဝန်း လေးထဲမှာ သားသားမီးမီးလေးတွေနဲ့ အတူတူ ပန်းချီလေးဆွဲလိုက်၊ဂစ်တာလေးတီးလိုက်၊သီချင်းလေးဆိုလိုက် သာသာယာယာနေလို့ရမယ့်အချိန် ထောင်ထဲသွားပြီး ဒုက္ခခံနေရှာရော့တယ် ကိုပြေတီနဲ့ မအူဝဲရယ်ဒီနေ့ဆို သူတို့နှစ်ယောက်ဖမ်းဆီးထိန်းသိမ်းအကျဉ်းချ ခံခဲ့ရတာ(၁၀)လ ပြည့်ခဲ့ပြီ။ ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး အချုပ်အနှောင်က အမြန်ဆုံးလွတ်ဖို့ နေ့ညမပျက်ဆုတောင်းနေဆဲပါလေ…..

သူတို့လွတ်ဖို့ ဒီပွဲ မြန်မြန်အောင်ဖို့လိုတယ်။ဓမ္မဘက်က ပြည်သူအားလုံးအတွက် အောင်ပွဲက ဝေးမနေပါဘူးမပူကြသေးသူ၊ မကူကြသေးသူတွေများနေသေးလို့သာ ကြန့်ကြာနှေးကွေးနေရတာ။ဆုတောင်းနေရုံနဲ့မပြီး ကိုယ်ကိုယ်တိုင်ရပ်တည်ပါဝင်မှသာ အောင်ပွဲကနီးမှာပါလေအနုပညာရှင် ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် သို့ (၁၀)လပြည့်အလွမ်း….

Leave a Reply

Your email address will not be published.