ကြော်ငြာဘုရင်မတစ်ဦးဖြစ်တဲ့ ထက်ထက်မိုးဦး ကိုယ်တိုင် ပြောပြလာတဲ့ အောင်မြင်ခြင်း ရဲ့ လျို့ဝှက်ချက်

ကြော်ငြာဘုရင်မတစ်ဦးဖြစ်တဲ့ ထက်ထက်မိုးဦး ကိုယ်တိုင် ပြောပြလာတဲ့ အောင်မြင်ခြင်း ရဲ့ လျို့ဝှက်ချက်

ပရိတ်သတ်ကြီးရေ ကြော်ညာ ဘုရင်မ ထက်ထက်မိုးဦးကတော့ အခုလို အနုပညာ လုပ်ငန်းများ ရပ်နား ထားရစဉ် မှာ online ကနေတဆင့် Live လွှင့်ကာ စျေးရောင်းချနေခဲ့တာ အားလုံးသိပြီး ဖြစ်မယ်ထင်ပါတယ်နော်။ စျေးရောင်းရပ်နားထားရတဲ့ နေ့တွေမှာလည်း ထက်ထက်ကတော့ သူမ ဖြတ်သန်းခဲ့ရတဲ့ ဘဝတစိတ်တပိုငြးအကှောငြးမွား နဲ့ ပကသြကပြှီး ပရိတသြတကြို မွှဝပေေးေ နခဲ့ပါတယြ။

ဒီနေ့မှာတော့ လောကဓံ အနိမ့်အမြင့် အတက်အကျ တွေကြားထဲမှာ သူမ ကိုယ်တိုင် ခံယူထားတဲ့ အောင်မြင်ခြင်းနဲ့ ပက်သက်ပြီးလည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။ သူမ ပြောခဲ့တာကတော့ ခံယူထားတဲ့ အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက် – နေ့စဉ် အလုပ်လုပ်တဲ့ အခါတိုင်းမှာ အချိန်ကုန်ရင် ငါအိမ်ပြန်ရမှာပဲလို့ ဘယ်တော့မှမတွေးဘူး။ ကိုယ်လုပ်လို့ မရောင်းရမှာ၊ ပရိသတ်တွေမကြိုက်မှာ၊ clientအဆင်မပြေ မှာ ပဲတွေးတယ်။ ဒါကြောင့် နေ့စဉ်အမြဲမပြတ် လေ့လာရတယ်။စာကျက်ရတယ်။

ပရိသတ်ရဲ့ အားပေးစကားတွေ၊ဝေဖန်တာတွေ အမြဲနားထောင်ရတယ်၊ အားပေးတာတွေ အတွက် စိတ်ခွန်အားရသလို ဝေဖန်မှုတွေဆိုလည်း ကိုယ့်ကိုချစ်လို့ ပြောပေးတာမို့ ပြင်ဆင်တယ် ပိုပြီးကောင်းအောင် ကြိုးစား တယ်။ ဇီးထုတ်ကြော်ငြာဆိုလည်း အလှဆုံးပြင်ပြီး အားစိုက် တာပဲ။

ရွှေဆိုင် ကြော်ငြာလည်းအားစိုက်တာပဲ။ အခု Live တွေ လွှင့်ပြီး ရောင်းရတဲ့အချိန်မှာ တစ်ထောင်တန်လည်း အကောင်းဆုံးစိတ်စေတနာထား၊
သေချာ ကုန်ပစ္စည်းအကြောင်း သိအောင်လုပ်ပြီး ရောင်းတယ်။

သိန်း ၃၀၀၀ တန်လည်း သေသေချာချာ လေ့လာပြီးမှ ရောင်းတယ်။ဘဝမှာ အောင်မြင်ခြင်းရဲ့ နံပါတ် ၁ က သည်းခံနိုင်မှုပဲ။ ဘဝမှာ ပင်ပန်းခက် ခဲခဲ့တယ်။ ဘယ်အရာမှ အလကားမရဘူးဆိုတာသိနေတဲ့အတွက် အရမ်းကြိုးစားတယ်။ ယဉ်ကျေးအောင်နေတယ်။ စိတ်ရောလူရော ထည့်ပြီး အလုပ်လုပ် တယ်။ အခုချိန် ပြန်ပြီးအလုပ်တွေလုပ်လာတဲ့အခါ၊အားလုံးက ချစ်ပေးကြတဲ့အခါမှာ လည်း လက်လွတ်စပယ် မလုပ်ဘူး။

ကိုယ့်အယူ အဆတွေမှားသွားရင် သူများထောက်စရာဖြစ်မှာကြောင့် သေချာလေ့လာတယ်။ အလုပ်အပေါ် သစ္စာရှိတယ်။ ဝါသနာပါလို့ လုပ်တာဆိုတော့ လဲခဲ့ရတာတွေ၊ အပေးအယူလုပ်ခဲ့ရတာတွေ အများကြီး ရှိပေမဲ့ဘယ်တော့မှ မလုပ်ချင်တော့ဘူးဆိုတာမျိုး မရှိခဲ့ဘူး။ ဆိုကာ အလုပ်ကိစ္စနဲ့ပက်သက် ပြီး သူမရဲ့ ကြိုးစားအားထုတ်ဖြစ်ခဲ့ပုံကို မျှဝေခဲ့ပါတယ်။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါ တယ်ရှင်။ crd

Leave a Reply

Your email address will not be published.