မြန်မာနိုင်ငံမှာသာမကထိုင်းပရိတ်သတ်တွေကြားမှာပါရေပန်းစားနေတဲ့ မိုင်းလုံမိဖုရားကြီး နှင်းသွေးယုအောင်ရဲ့ ပရိတ်သတ်မသိသေးတဲ့ဘဝ အကြောင
ဒီနေ့မှာတော့ မြန်မာအမျိုးသားထုကြီးရော၊အမျိုးသမီးထုကြီးရောကြားမှာပါမကျန် ရေပန်းစားနေတဲ့ နတ်မိမယ်လေး နှင်းသွေးယုအောင်ရဲ့ ဘဝအကြောင်းကိုတင်ဆက်ပေးသွားပါမယ်။နှင်းသွေးဟာ August 24,1996 ခုနှစ်မှာမွေးဖွားခဲ့သူ လေးဖြစ်ပြီး အခုဆိုရင် သူမအသက်ဟာ 25နှစ်ရှိပါပြီ။
တာချီလိတ်သူလေးဖြစ်ပြီး Zodiac sign ကတော့ Virgo ဖြစ်ပါတယ်။အရပ်အမြင့် 1.65m (5’5) လက်မရှိပြီး fandom name ကတော့ snowee ဖြစ်ပါတယ်။ အ.ထ.က ၁ တာချီလိတ်မှာ အထက်တန်းကျောင်းတက်ရောက်ခဲ့ပြီး ကျိုင်းတုံတ က္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့ပါတယ်။နှင်းသွေးဟာ 2018 ခုနှစ်ရဲ့ မြန်မာ့မယ်စကြာဝဋ္ဌာတစ်ဦးဖြစ်ပြီး ထိုင်း၊ Eng၊ ရှမ်း စတဲ့ ဘာသာစကားတွေကိုကျွမ်းကျင်စွာနဲ့ပြောဆိုနိုင်သူပါ
မြန်မာနိုင်ငံရဲ့နွေဦးတော်လှန်ရေးကာလတွေမှာ တက်ကြွစွာနဲ့ပါဝင်ခဲ့သူတစ်ယောက်ဖြစ်သလို၊ ကိုဗစ်ကာလတုန်းကလည်း ပြည်သူလူထုအတွက် ကျန်းမာရေးအသိပညာတွေကိုမျှဝေပေးခဲ့ပါတယ်။Big bardiGang တစ်ယောက်ဖြစ်ပြီး Kpop Fan တစ်ယောက်လည်း ဖြစ်သူပါ။
ဘောလုံးအားကစားကိုလည်းနှစ်သက်ပြီးမန်ယူပရိသတ်လည်းဖြစ်ပါတယ်။နှင်းသွေးရဲ့ Nickname ကတော့ Ocean ဖြစ်ပါတယ်။ ငယ်စဉ်ကဆရာဝန်ဖြစ်ချင်ခဲ့ပြီး၊ Missပြိုင်ပွဲတုန်းကတော့ Business Woman တစ်ယောက်ဖြစ်ချင်တယ် လို့ဆိုခဲ့ပါတယ်။ လိုအပ်တဲ့နေရာတွေကိုလှူဒါန်းနိုင်ဖို့အတွက် သူမမြတ်နိုးရတဲ့ Crown ကိုတောင်ရောင်းဖို့အထိ ဆုံးဖြတ်ခဲ့တဲ့ အလှမယ်လေး တစ်ဦးလည်း ဖြစ်လို့နေပါတယ်။
ရင်သားနဲ့ နှာခေါင်းကို အနည်းငယ် ဆာဂျရီလုပ်ထားပြီး သူမရင်သားပေါ်က မှဲ့နက်လေးကို show off လုပ်ရတာအရမ်းကြိုက်တတ်သူတစ်ယောက်လည်း ဖြစ်ပါသေးတယ်။အရင်က ဝန်ထမ်းလည်းလုပ်ခဲ့ဖူးသလို စျေးလည်းရောင်းခဲ့ဖူးပါသေးတယ်။ အမြဲတမ်းပွင့်ပွင့်လင်းလင်းနေတတ်တဲ့သူမဟာ မိမိကိုယ်ကို နှိမ့်ချတတ်သူတစ်ယောက်လည်းဖြစ်သလို နာမည်ကောင်းနဲ့ အောင်မြင်ချင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။
နေတိုး၊ အူဝဲတို့နဲ့အတူ Box No.88 ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင် ခဲ့ဖူးပြီး၊ ယခုလတ်တလောပြီးဆုံးသွားတဲ့ ထိုင်း– မြန်မာ ချစ်ကြည်ရေး ဇာတ်လမ်းတွဲ”From Chao Phraya to Irrawaddy” မှတစ်ဆင့် အောင်မြင်ကျော်ကြားလာသူပါ။ အဆိုပါ ဇာတ်လမ်းတွဲမှာ မိဖုရားကြီးသီရိရတနာမာလာဒေဝီအဖြစ်သရုပ်ဆောင်ခဲ့ပြီး ထိုင်းမလေးတွေထက်တောင် ထင်းခနဲပေါ်အောင်လှလွန်းနေတာကြောင့် မြန်မာ၊ထိုင်း၊ကမ္ဘောဒီးယားပရိသတ်တွေကြားမှာ အထူးအာရုံစိုက်ခြင်းကိုခံနေ ရပါ တယ်။
နှင်းသွေးဟာ Netflix ရဲ့ Hit Series ဖြစ်တဲ့ Stranger Things ရဲ့ Big Fan တစ်ယောက်ဖြစ်ဖို့လည်းသေချာပါတယ်။ အစ်မသွေးရဲ့ Ig မှာ ST ရဲ့ Casts အတော်များများကို Follow လုပ်ထားတာတွေ့ရပါတယ်။မိုးရာသီကို သဘောကျပြီး မိုးစက်လေးတွေကြည့်ရင်း coffeeသောက်ကာ ဆွေးရတာကိုကြိုက်တတ်တဲ့သူလေးပါ။
စိတ်ရှုပ်စရာတွေရှိရင် စာအုပ်ဖတ်ပြီး စိတ်ဖြေတယ်လို့လည်းသိရပါတယ်။အပေါင်းအသင်းတွေအပေါ်တန်ဖိုးထားမြတ် နိုးတတ်သူဖြစ်ပြီး လက်ရှိမှာတော့ ပုဒ်မ ၅၀၅(က)နဲ့ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် နယူးယောက်မြို့သို့ရှောင် ပြေးနေရပြီး ဝမ်းစာရပ်တည်ရေးကိုလုပ်ဆောင်နေရပါတယ်။မြန်မာ့အလှမယ်လေး မနှင်းသွေးယုအောင်ကို အားပေး ကြပါဦးနော် ပရိသတ်ကြီးရေ… crd