2022 အတွက် အချစ်ရေး၊အိမ်ထောင်ရေးဟောကိန်း

2022 အတွက် အချစ်ရေး၊အိမ်ထောင်ရေးဟောကိန်း

တနင်္ဂနွေသားသမီးများအိမ်ထောင်ရေးမှာ ကလေးလိုချင်သူများကလေးရတတ်ပါတယ်။ အိမ်ထောင်ဖက်ကစန်းပွင့်နေတတ်ပါတယ်။ အိမ်ထောင်ရေးသာယာ

နေတဲ့ကြားမှာဘဲ ပြဿနာအချို့တတ်ပါလိမ့်မည်။ ကိုယ်ဖြစ်ချင်တာကို အေးဆေးချော့ပြောပါအဆင်ပြေနေမည်။ အချစ်ရေးမှာ Rsများသတိထားပါကြားဝင်ပြီးစကားရှုပ်သူများတွေ့ရတတ်သည်။စန်းပွင့်နေတတ်သည်။သူများတွေအမြင်မှာအလိုလိုချောနေတတ်သည်။ကိုယ့်ချစ်သူကိုလိုချင်သူများရှိနေတတ်သည်။

ကိုယ်တိုင်ကလည်းချစ်သူအပေါ်အရင်ကထက်စွဲဆောင်မှုရှိအောင်နေတတ်သည်။ Singleများစန်းပွင့်တတ်သည်။လူအများရဲ့အာရုံကိုစွဲဆောင်ချင်တတ်ကြသည်။အရင်ကထက်ပိုလှချင်တတ်သည်။ရေချိုးရင်ပိုကြာတတ်သည်။အရက်ဝိုင်အချိုရည်ပိုသောက်ချင်ပြီးပျော်ချင်စိတ်များနေတတ်သည်။

တနင်္လာသားသမီးများအိမ်ထောင်ရေးမှာဘေးပတ်ဝန်းကျင်ကြောင့်ရန်ဖြစ်စကားများရတတ်သည်။စကားရှုပ်သူများကြောင့်စိတ်ရှုပ်ရတတ်သည်။အိမ်ထောင်ဖက်ရဲ့ကူညီထောက်ပံ့ပေးမှုရတတ်သည်။စိတ်မထိန်းနိုင်ပါကအမှားများကျူးလွန်မိတတ်သည်။ဒေါသကိုထိန်းပါမထိန်းနိုင်ပါကပြသနာတစ်ခုပြီးတစ်ခုရှင်းရတတ်သည်။

အချစ်ရေးမှာ Rsများအချစ်ရေးမှာစန်းပွင့်နေတတ်သည်။ ချစ်သူအပေါ်စိတ်ပျက်ပြီးတခြားလူများအပေါ်စိတ်ရောက်နေတတ်သည်။ ဘေးလူများကြောင့်အချစ်ရေးမှာစိတ်ဆင်းရဲရတတ်သည်။ စိတ်ဆိုးပြီဆိုရင်မထိန်းနိုင်အောင်ဒေါသကြီးတတ်သည်။  Singleများအချစ်ရေးမှာကိုယ့်အပေါ်ကောင်းတဲ့လူမျိုးတွေ့ရတတ်သည်။စန်းပွင့်ပြီးစိတ်ထင်ရာလုပ်တတ်သည်။အချစ်ကိုကစားချင်နေကြသည်။ ဘယ်သူ့ရွေးရမလဲတွေးပြီးအာရုံများရောထွေးနေတတ်သည်။

အင်္ဂါသားသမီးများအိမ်ထောင်ရေးမှာ အိမ်ထောင်ဖက်အပေါ်အနိုင်ယူပြောဆိုခြင်း၊ အပြစ်တင်ခြင်း၊ အလွန်အကျွံပြောဆိုတာမျိုးမလုပ်ပါနဲ့ကိုယ့်ရဲ့ဒေါသကိုထိန်းပါအိမ်ထောင်ရေးမှာတစ်ဖက်သားက စိတ်ကုန်သွားတတ်သည်။ ကိုယ့်ရဲ့အပြုအမူကြောင့်ဘဲအိမ်ထောင်ရေးပြသနာဖြစ်ပေါ်တတ်သည်။

အချစ်ရေးမှာ Rsများ ချစ်သူအပေါ်အလိုမကျမှုများနေပြီးဒေါသထွက်ပြီးပြသနာရှာမိတတ်သည်။ ချုပ်ကိုင်ချင်စိတ်များတတ်သည်။ ချစ်သူကိုအလိုလိုနေရင်းကြည့်မရဖြစ်နေတတ်သည်။ ကိုယ့်ကိုကိုယ်သတိထားဆင်ခြင်ပါ။ Singleများ အချစ်ရေးမှာသိပ်ပြီးစိတ်မဝင်စားဘဲကိုယ့်ဘဝအတွက်ပိုပြီးအာရုံရောက်နေတတ်သည်။ ချစ်သူမရနိုင်သေးပါသဘောကျသူမတွေ့နိုင်သေးပါဘူး။

ဗုဒ္ဓဟူးသားသမီးများအိမ်ထောင်ရေးမှာ အိမ်ထောင်ဖက်နဲ့အတူနေသူများမကြာခင်ခွဲနေရတတ်ပါတယ်။ အလုပ်ကိစ္စများ တခြားလူတွေကိုကူညီပေးရတဲ့အတွက်ကြောင့်ခရီးသွားရတာတွေကြုံလာတတ်ပါတယ်။အိမ်ထောင်ဖက်နဲ့အတူတူမနေသူများမကြာခင်ပြန်လာရဖို့ရှိပါတယ်။ အိမ်ထောင်ဖက်နဲ့ကိုယ်နဲ့ကြားအခက်အခဲတွေကျော်လွှားပြီး အရင်ကထက်နားလည်မှုရှိပြီး သင့်မြတ်ကြပါလိမ့်မယ်။ ဒေါသကြီးတာလေးတော့လျော့ပါ။

အချစ်ရေးမှာ Rsများအတွက်ကတော့ကြားလူဝင်လာတတ်ပါတယ်။တစ်ဖက်လူကလည်းစန်းပွင့်နေသလိုကိုယ့်ကိုလည်းသွေးတိုးစမ်းချင်နေတဲ့သူတွေတွေ့ရတတ်ပါတယ်။ချစ်သူအပေါ်မျှော်လင့်ထားတာလေးတွေတဖြည်းဖြည်းချင်းရလာပါလိမ့်မယ်။

အရင်ကထက်ချစ်သူအပေါ်နားလည်ပေးနေပါလိမ့်မယ်။ Singleများအတွက်တော့ အလွန်စန်းပွင့်နေတတ်ပါတယ်။ ချစ်ခင်သူများဝိုင်းဝိုင်းလည်နေတတ်ပြီးစိတ်ရှုပ်ရတတ်ပါတယ်။ ကိုယ်ချစ်တဲ့သူကိုဘဲစိတ်ရှည်ရှည်စောင့်နေတတ်ပါတယ်။ ရည်းစားဟောင်းပြန်လာတတ်ပါတယ်။

ကြာသပတေးသားသမီးများအိမ်ထောင်ရေးမှာ ခွဲခွာနေရသော ကွဲကွာနေရသောအိမ်ထောင်ဖက်များနဲ့ပြန်ဆုံရတတ်သည်။ အတူနေသောအိမ်ထောင်သည်များမကြာခင်အလုပ်ကိစ္စကြောင့်ခွဲခွာရတတ်သည်။တခြားတစ်နေရာသို့ပြောင်းရွှေ့အခြေချချင်စိတ်များဖြစ်နေတတ်သည်။ မာနစိတ်တွေဝင်နေတတ်သည်။ ဒေါသကြီးနေတတ်သည်။

အချစ်ရေးမှာ Rsများချစ်သူအဟောင်းများပြန်လာတတ်သည်။ စိတ်ထဲထင်ရာလုပ်ချင်မိနေတတ်သည်။ ကိုယ့်ကိုကိုယ်မာနတက်နေပြီးတစ်ဖက်လူအပေါ်နားလည် မပေးနိုင်ဖြစ်နေတတ်သည်။ အချစ်စိတ်ကုန်နေပြီးချစ်သူအပေါ်ထားခဲ့ချင်နေတတ်သည်။

Singleများ ex မျှော်နေသူများပြန်လာတတ်သည်။ ရည်းစားအသစ်မရနိုင်သေးပါဘူး။ အချစ်စိတ်ကုန်နေတတ်သည်။

သောကြာသမီးများအိမ်ထောင်ရေးမှာ ပြသနာကြီးကြီးမားမားကြောင့်မဟုတ်ဘဲတစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်စကားများတတ်ပါတယ်။ မဟုတ်တဲ့ ပြဿနာကို အကျယ်ချဲ့ ရန်လုပ်တတ်ပါတယ်။ တစ်ဖက်လူနားပူအောင်ပါးစိပါးစပ်မပြောပါနဲ့ အိမ်ပေါ်ကဆင်းသွားတတ်ပါတယ်။ ကိုယ်တိုင်ကလည်းအိမ်ထောက်ရေးကိုစိတ်ကုန်ပြီးအိမ်ပေါ်ကဆင်းချင်နေတတ်ပါတယ်။

အချစ်ရေးမှာ Rsများသတိထားပါကြားလူဝင်လာတတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ငြီးငွေ့တတ်ပါတယ်။ ချစ်သူအပေါ်အမြင်မကြည်ဘဲအပြစ်တွေချည်းမြင်နေတတ်ပါတယ်။ Singleများရည်းစားဟောင်းကိုဘဲမျှော်ရမလိုအသစ်ပဲရှာရမလိုဖြစ်နေတတ်ပါတယ်။

မကောင်းတဲ့လူကိုမမေ့နိုင်ဘဲမသိစိတ်ကမျှော်နေတတ်ပါတယ်။ အချစ်ရေးမှာထပ်ပြီးခံစားရမှာကြောက်နေပါပြီကိုယ့်အပေါ်မကောင်းတဲ့လူများနဲ့တွေ့ခဲ့ရတာမို့လို့ကောင်းတဲ့လူကိုမျှော်နေတတ်ပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုနည်းနေပါတယ်။ ရည်းစားအသစ်မရနိုင်သေးပါဘူး။

စနေသားသမီးများအိမ်ထောင်ရေးမှာ အိမ်ထောင်ဖက်အပေါ်နားပူတာမျိုးမလုပ်ပါနဲ့သူ့ဘာသာသူကိုအတွေးပေါင်းစုံနဲ့စိတ်ညစ်နေတတ်ပါတယ်။ အိမ်မှာမနေချင်ဘဲဖြစ်နေပါတယ်ပြသနာရှာမိပါကအိမ်ပေါ်ကဆင်းသွားတတ်ပါတယ်။ ဘေးလူများကြောင့်အဆင်မပြေဖြစ်တတ်ပါတယ်။ လူကြီးများရဲ့စကားကြောင့်ရန်ဖြစ်စကားများတတ်ပါတယ်။ အိမ်ထောင်ရေးမှာ အတွေးပေါင်းများစွာနဲ့အိပ်မရတာမျိုး အထီးကျန်ဆန်ရတာမျိုးကြုံရတတ်ပါတယ်။

အချစ်ရေးမှာ Rsများတစ်ဉီးအပေါ်တစ်ဉီးစိတ်ကုန်နေတတ်ပါတယ်။အလိုလိုနေရင်းအပြစ်မြင်နေတတ်ပါတယ်။ ချစ်သူအပေါ်ရစ်တာမျိုး ပြသနာရှာတာမျိုးမလုပ်ပါနဲ့ နောက်တစ်ယောက်ဆီပါသွားတတ်ပါတယ်။ Singleများအချစ်ရေးမှာကိုယ့်အပေါ်ကောင်းသူကိုသာရှာပါတော့မယ်အထီးကျန်ပေမဲ့အသစ်တစ်ယောက်ကိုအလွယ်တကူမရွေးချယ်ချင်တော့ပါဘူး။ အတိတ်ကခံစားချက်များကြောင့်ပင်ပန်းနေပါပြီတစ်ခါတစ်ရံအထီးကျန်စိတ်ကြောင့်သိမ်ငယ်နေတတ်ပါတယ်။ crd

Be the first to comment

Leave a Reply

Your email address will not be published.


*