အိမ်စောင့်နတ်

အိမ်စောင့်နတ်

အိမ်စောင့်နတ် ဆိုတဲ့အဓိပ်ပါယ်က Duty ချထားလို့ စောင့်တာတော့ မဟုတ်ဘူး။  ကိုယ့်အိမ်ကို အမှီပြုပြီးဖြစ်နေတဲ့နတ်ကို  အိမ်စောင့်နတ်လို့ ခေါ်တာနော်။ အေး အိမ်ကိုစောင့်ရမယ်လို့  တာဝန်ပေးထားတာလို့တော့ မအောက်မေ့လေနဲ့။

ကုသိုလ်ကောင်းမှုလုပ်ပြီးတိုင်း နတ်တွေကိုလည်း အမျှဝေပါ။ ကိုယ်မမြင်ရပေမယ့်လို့ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ အိမ်စောင့်နတ်တို့၊ တောစောင့်နတ်တို့ တောင်စောင့်နတ်တို့ဆိုတာ ရှိတယ်။ စောင့်ဆိုတဲ့အဓိပ်ပါယ်က Duty ချထားလို့ စောင့်တာတော့ မဟုတ်ဘူး။  ကိုယ့်အိမ်ကို အမှီပြုပြီးဖြစ်နေတဲ့နတ်ကို အိမ်စောင့်နတ်လို့ ခေါ်တာနော်။

အေး အိမ်ကိုစောင့်ရမယ်လို့ တာဝန်ပေးထားတာလို့တော့ မအောက်မေ့လေနဲ့။ ကိုယ်စောင့်နတ်ဆိုတာလည်း ကိုယ့်ခန္ဓာကိုယ်နဲ့ဆက်စပ်ပြီး ဖြစ်ပေါ်နေတဲ့ သတ္တဝါတစ်မျိုးပဲ။ စဉ်းစားကြည့်လေ။  ကိုယ့်မှာအိမ်လေးဆောက်ထားပြီဆိုလို့ရှိရင်အိမ်မြှောင်တို့ပိုးဟပ်တို့အကောင်ပလောင်တွေဟာရောက်လာတာပဲလေ။အဲဒီလိုပဲ

ကိုယ်မမြင်ရတဲ့နတ်တွေဘာတွေဆိုတာလည်းကိုယ့်အိမ်နဲ့ဆက်စပ်ပြီးသူတို့ဘုံဗိမ္မာန်တွေဖြစ်နေတာ။

အဲဒါကိုပဲ အိမ်စောင့်နတ်လို့ ခေါ်တာ။ သစ်ပင်ကို အမှီုပြုပြီး ဘုံဗိမ္မာန်တွေ ဖြစ်လာတဲ့အခါ ရုက္ခစိုးလို့ ခေါ်တယ်။ မြေကြီးပေါ်မှာ ဘုံဗိမ္မာန်ပေါ်လာရင် ဘုမ္မစိုးလို့ ခေါ်တယ်။  အဲဒါတွေက ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတတ်တယ်။ အဲဒီလိုရှိနေတာကိုသူလည်း သူ့ဟာသူနေ၊

ကိုယ်လည်း ကိုယ်ဟာကိုယ်နေဆိုတာမျိုးမဟုတ်ဘဲနဲ့မိမိကိုယ်တိုင်ကအသိအမှတ်ပြုပြီးတော့ကုသိုလ်ကောင်းမှုလုပ်တိုင်းမိမိအနီးပါးမှာရှိတဲ့နတ်တွေကိုချမ်းသာကြပါစေ၊ကုသိုလ်ကောင်းမှုအမျှဝေပတယ်၊အမျှယူကြပါလို့အမျှဝေလို့အမျှရတဲ့အခါကျရင်ဘုန်းတန်ခိုးတွေတိုးတက်သွားတယ်။

နတ်ဆိုတာ လုပ်ကိုင်စားသောက်ရတဲ့ အမျိုးအစားမဟုတ်ဘူး။ သာဓုခေါ်လိုက်လို့ ကုသိုလ်ကောင်းမှု တိုးသွားရင် အစွမ်းတန်ခိုးတွေ တိုးသွားတယ်။ စီးပွားတိုးသွားတယ်လို့ ခေါ်တယ်။ လူတွေကျတော့ အလုပ်အကိုင်လုပ်မှ စီးပွားတိုးတက်တယ်။ လူတွေက_ဥဋ္ဌာန_ဖလူပဇီဝီလုပ်ကိုင်စားသောက်မှစီးပွားဥစ္စာဖြစ်တယ်။

ဒီအတိုင်းထိုင်နေလို့ဘာမှဖြစ်မလာဘူး။

နတ်တွေကျတော့အဲလိုမဟုတ်ဘူး။ကုသိုလ်ကောင်းမှုပြုလိုက်လို့သာဓုခေါ်လိုက်ရရင်ဘုန်းတန်ခိုးတိုးသွားတယ်။အရည်အချင်းတွေတက်သွားတယ်။အဝတ်အစားတွေပိုကောင်းလာတယ်။ဘုံဗိမ္မာန်တွေပိုကောင်းလာတယ်။စားစရာသောက်စရာတွေပိုပြည့်စုံလာတယ်။အရှိန်အဝါတွေပိုတက်လာတယ်။ကိုယ်ကမပြတ်မေတ္တာပို့ပေးတယ်၊အမျှဝေပေးတယ်ဆိုရင်အဲဒီအမျှကိုသာဓုခေါ်ရတဲ့နတ်တွေဟာတန်ခိုးတိုးတက်သွားတယ်။

ကိုယ်မမြင်ရလို့ မယုံဘူးမပြောနဲ့။ မြတ်စွာဘုရားကိုယ်တိုင်က ဘယ်လိုပြောထားတုန်းဆိုတော့ယသ်မိ ံ_ပဒသေ_ကပ်ပတေိ၊  ဝါသံ ပဏ္ဍိတ ဇာတိယောတဲ့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာအရပ်တစ်ခုခုမှာနေတယ်ဆိုရင်ကုသိုလ်ကောင်းမှုလုပ်ပြီးအဲဒီကုသိုလ်ကောင်းမှုရဲ့အဖို့ဘာဂကိုပတ်ဝန်းကျင်မှာရှိတဲ့နတ်တွေကိုအမျှဝေပါတဲ့။

#အမျှဝေလိုက်လို့ရှိရင် နတ်တွေက ကိုယ့်ကိုစောင့်ရှောက်လိမ့်မယ်။ ကိုယ်က အမျှအတန်းပေးဝေတော့ သူတို့မှာ ဘုန်းတန်ခိုးတွေ တက်တယ်။  ဘုန်းတန်ခိုးတက်တော့ ကိုယ့်အပေါ်မှာအကြင်နာတရားတွေ ထားလာတယ်။ဒေဝတာနုကမ္ပိတော ပေါသော၊ သဒါဘဒှာနိ ပဿတိနတ်တွေရဲ့ အစောင့်အရှောက်ရတဲ ပုဂ္ဂိုလ်ဟာ အကောင်းချည်းပဲ တွေ့တယ်။ တိုးတက်ဖို့ အခွင့်အလမ်းတွေ အများကြီး ကြုံလာတယ်။ ဘာလုပ်လုပ် အဆင်ပြေလာတယ်။  အန္တရာယ်တွေ ကင်းလာတယ်။

မာတာပုတ်တံဝ_သွရသံမိခင်က သားသမီးအပေါ်မှာ စောင့်ရှောက်သလို နတ်တွေက ကိုယ့်အပေါ်မှာ အကြင်နာတွေ ပိုပြီးတော့ ကိုယ့်ကိုစောင့်ရှောက်လာတယ်။ ဒါကြောင့်မို့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ်မမြင်ရတဲ့ နတ်တွေကို ကုသိုလ်ကောင်းမှုလုပ်တိုင်း အမျှဝေရမယ်။ ဘုရားဆွမ်းတော်တင်၊ ဆီမီး၊ ပန်း၊ လှူဒါန်းပြီးရင် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အိမ်စောင့်နတ်တို့ ဘာတို့ကို ဖိတ်ခေါ်ပြီး အမျှအတန်း ပေးဝေရမယ်။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ#ပညာ့အလင်းရောင် ဆင့်ပွားကူးညှိခြင်းသာ ဖြစ်ပါတယ်ခင်ဗျ #ပြန်လည်မျှဝေခြင်း ဖြစ်တာကြောင့် မူရင်းရေးသားသူ ဓာတ်ပုံပိုင်ရှင်များကို လေးစားစွာ Credit ပေးပါတယ်ဗျ #သော်တာမင်း

Be the first to comment

Leave a Reply

Your email address will not be published.


*