Categories
ဗဟုသုတ

ဘွဲ့ရနှင့် ငါးစိမ်းသည်တဲ့ ဘယ်သူက ပညာပိုတတ်လဲ ဆုံးဖြတ်ကြည့်ကြပါ

ဘွဲ့ရနှင့် ငါးစိမ်းသည်တဲ့ ဘယ်သူက ပညာပိုတတ်လဲ ဆုံးဖြတ်ကြည့်ကြပါ

ဘွဲ့ရနှင့် ငါးစိမ်းသည် ဘယ်သူကပညာပိုတတ်လဲ ဖတ်ပြီးရင်ဆုံးဖြတ်ကြည့်ပါ။ယနေ့မနက် ငါးကြော်လေးစားချင်လာသဖြင့် ဈေးထဲကို ငါးဝယ်ရန်ရောက်လာသည်။ ကျွန်တော် ဝယ်နေကျ ငါးဆိုင်ရှိသည် ငါးကြင်းတစ်မျိုးတည်းရောင်းပြီး ဖော်ရွေသည်။ဝယ်သူအကြိုက် မည ည်းမညူ လုပ်ပေးလေ့ရှိ သည်။ငါးရောင်းသူကို င းသည်ဟု ခေါ်ကြသည်။

ငါးစိမ်းသည်ဆိုသည်မှာ စွာတာတာ၊ ကက်ကက်လန်၊ မိုက်ရိုင်းသည်ဟု ထင်လျှင် ကျွန်တော်ငါးဝယ်သည့်ဆိုင်မှမရွှေကိုခေါ်ပြချင်ပါသည်။ဦးလေး မရောက်တာကြာပြီဘာလဲ ဆိုင်ဟင်းကိုမုန်းလို့ ရောက်လာတာလား”“မဟုတ်ပါဘူးခရီးထွက်တာတွေ များနေလို့”“ငါးကြင်းဖြူ ဗိုက်သားလေးနဲ့တွဲထားတဲ့အပိုင်း ချိန်လိုက်မယ်နော်

အစိတ်သားလောက်ပဲနော်”“၃၅ ကျပ်သားရှိတယ် ဦးလေးရယ်၃၀ သားဖိုးပဲပေး”“အေးအေး ခုတ်လိုက်ငါးဝယ်လျှင်အပိုဆောင်းအဖြစ် ကြော်နိုင်သည့် အတုံးလောက်ဖြစ်စေရန် ခုတ်ထစ်ပေးသည်။ အကြေးထိုးပေး သည်။ ရေဆေးပေးသည်။ အိမ်ရောက်လျှင်တန်းကြော်ရုံသာဖြစ်သည်။ ငါးဝယ်ပြီးနောက် ငါးဆိုင်ရှေ့ရှိ လက်ဖက်ရည်ဆိုင်တွင် ကျွန်တော်ထိုင်သည်။ ထိုဆိုင်တွင် ခေါက်ဆွဲသုပ်ကောင်း သည်။ အကြော်လည်းရသည်။

ခေါက်ဆွဲသုပ်မှာပြီး ရေနွေးကြမ်းသောက်နေစဉ် မရွှေဆိုင်ကို အမျိုးသမီးကြီး တစ်ယောက် ဝင်လာသည်။သူ့နောက်တွင် ဆွဲခြင်းဆွဲသော ကလေးတစ်ယောက်လည်း ပါလာသည်။ ပထမ ငါးမေးသည်အထက်စီး။ဒုတိယဈေးဆစ်သည်အကြိတ်အနယ်။တတိယအပိုတောင်းသည်ကလေးမုန့်ဖိုးတောင်းသလို

ဤအထိပြဿနာမရှိ။

မရွှေက စိတ်ရှည်သည်။ငါးခုတ်ပေး”“ကြော်တုံးလားချက်တုံးလား”“ငါပြောတဲ့အတိုင်းခုတ်ငါးရောင်းသူက အကြေးထိုးပေးသည်။ အူနုတ်ပေးသည်။ ခုတ်ပေးသည်။ဒီအတုံးကို နှစ်တုံးပြန်ခုတ်”“အမြီးပိုင်းကို ထက်ဝက်ခြမ်း”“ခေါင်းကိုထက်ခြမ်းပဲခုတ်လေ”“နေဦးနေဦးဒီအပိုင်း မကြိုက်ဘူးဟိုတစ်ပိုင်းခုတ်ပြီး လဲပေးကျွန်တော်ကဈေးဝယ်သူ၏စီးပိုးလှသောအပြောနှင့်ခိုင်းစေချက်များကိုကြည့်နေမိသည်။

ကိုယ့်ရှေ့လာချသည့် ခေါက်ဆွဲကိုပင် မစားမိ။အစ်မရယ်ဒီတစ်ကောင်ဝယ်ရင် ဒီတစ်ကောင်က အပိုင်းကိုပဲရမှာပေါ့ဟိုအပိုင်းသွားလဲပေးလို့ မရပါဘူး”“အတူတူပဲဟာဘာကွာလို့လဲ”“ကွာတယ်လေအစ်မဒါက ငါးကြင်းဖြူ”“ကွာကွာမကွာကွာအေလဲပေးမလားမလဲပေးဘူးလား”“အစ်မရယ်မဖြစ်နိုင်တာကို မပြောပါနဲ့ မရပါဘူး

ဟိုအတုံးကို ဒီအထဲထည့် ဒီတစ်တုံးကို ဟိုပြန်ထည့် ဘာဖြစ်လို့မရတာလဲ”“အမျိုးအစား မတူဘူး အစ်မရယ်ဈေးလည်းမတူဘူး”“ဘာဖြစ်ဖြစ်အေ ထည့်လိုက်ပါ”“မရပါဘူးအစ်မရယ်” “ညည်းတို့ ငါးစိမ်းသည်တွေဟာလေ လက်ပေါက်ကိုကပ်တယ်ငါကလည်း အဆင့်မရှိတာနဲ့မှ ဖက်ပြောမိတာ မှားပါတယ်”“အဲသည်လို မပြောပါနဲ့ အစ်မကြီးရယ်လူတိုင်း သူ့အဆင့်နဲ့သူတော့ ရှိပါတယ်

ညည်းအဆင့် ဘယ်လောက်ရှိလဲငါက ဘွဲ့ရပြီးပြီ”“အစ်မနောက်လူတွေ ရောင်းရဦးမယ်နော်ဒီမှာ ၂၆၅၀ ကျပါတယ်”“ရော့ ၃၀၀၀မရွှေက ပိုငွေကို ပြန်အမ်းလိုက်သည်။ အမျိုးသမီးက ပြန်အမ်းငွေကို လက်နှင့်မကိုင် ရွံသလို မျက်နှာထားဖြင့်ဟဲ့တူးတူး ယူလိုက်စမ်းဟုပြောလိုက်သည်။သူ့နောက်က ကောင်မလေးက ပိုက်ဆံနှင့် ငါးထုပ်ကို ယူလိုက်သည်။

အမျိုးသမီးကရွံလိုက်တာဟုပြောကာထွက်သွားသည်။ကျွန်တော်ကထင်နေသည်မှာ မရွှေ ပွဲကြမ်းလိမ့်မည်ဟု ထင်နေသည်။သို့သော် ငါးရောင်းသည့်မရွှေက ပြုံးနေသည်။ ကျွန်တော် အံ့ဩသွားမိသည်။ ရုပ်ရှင်တွေထဲမှာဆိုလျှင် ပွဲကြမ်းပြီ။ အပြင်တွင် အမှန်တကယ်တွေ့ နေရသည်က ပြောင်းပြန်ဖြစ်နေသည်။ကားစီးလာသည့် ဘွဲ့ရဆိုသော အမျိုးသမီးက ကက်ကက်လန်၊ မတူမတန်သလိုအော်ဟစ် ပြောဆိုနေချိန်တွင် ငါးရောင်းသည့် ငါးစိမ်းသည် မရွှေက ယဉ်ကျေးလိမ္မာ အေးဆေးစွတုံ့ပြန်နေသည်။ဘွဲ့ဆိုတာ အဆင့်လားဘွဲ့ရထားသည်နှင့် အဆင့်တစ်ခုကိုရောက်သွားသည်တော့ မှန်ကောင်းမှန်မည်။

သို့သော် ငါးစိမ်းတန်းတွင် ဂုဏ်ထုတ်ဖော်ကာ ရိုင်းစိုင်းတင်စီးပြသည်မှာ ဘွဲ့ရအဆင့်လား။မရွှေ ဘယ်နှတန်းအောင်သည်မသိ။ လက်ထဲတွင် လက်ကောက်တွေ နှစ်ဖက်စလုံး ပြည့်နေအောင် ဝတ်ထား သည်။ လည်ပင်းတွင်လည်း လက်မလုံးလောက်ဆွဲကြိုးကြီး ဆွဲထားသည်။သူဂုဏ်မောက်မည်ဆိုလျှင် မောက်နိုင်သည်။ သို့သော် ကိုယ့်ဖောက်သည်ကို ရိုသေလေးစားစွာ ဆက်ဆံသည်။ ပြန်ပြီးရန်မတွေ့။

မရွှေ ရန်တွေ့တတ်ကောင်း တွေ့တတ်မည်။သို့သော် ပညာတတ် ဘွဲ့ရဆိုသူက သူ့ကို ကက်ကက်လန်ရန်တွေ့သွားစေ သူကပြန်ပြီး ရန်မတွေ့။မရွှေသည်တကယ့်ပညာတတ်တစ်ယောက်။သို့သော် ငါးရောင်းနေသည်။ crd

Leave a Reply

Your email address will not be published.