အိမ်မှာစိုက်မိရင် လူခိုက်တတ်တဲ့ ဂမုန်း (၃) မျိူး…(ဗဟုသုတအဖြစ် ပြန်လည် မျှဝေပေးလိုက်ပါတယ်)

အိမ်မှာစိုက်မိရင် လူခိုက်တတ်တဲ့ ဂမုန်း () မျိူး…(ဗဟုသုတအဖြစ် ပြန်လည် မျှဝေပေးလိုက်ပါတယ်)

အိမ်မှာစိုက်ရင်လူခိုက်တတ်သည့်ဂမုန်းပင်()မျိုးဂမုန်းဆိုတဲ့အပင် မျိုးနွယ်လေးကတော့မြန်မာလူမျိုးတွေအတွက်သိပ်မစိမ်းတဲ့အပင်တစ်မျိုးပဲဖြစ်ပါတယ်။ဥရှိတဲ့အပင်များစွာကိုဂမုန်းလို့ခြုံငုံခေါ်ဝေါ်ကြပြီးတော့တချို့ဂမုန်းပ င်တွေကအပင်ကြီးတွေမှာတွယ်ကပ်ပေါက်တက်တဲ့အပင်မျိုးဖြစ်ပါတယ်။

ရှေးခေတ်ကမြန်မာလူမျိုးတွေဟာဂမုန်းပင်လေးတွေကိုစီးပွားလာဘ် လာဘတိုးတက်ဖို့၊ရာထူးအာဏာတိုးတက်ဖို့ဧည့်ကောင်းဆောင်ကော င်းလာဖို့၊မီးကွင်းဖို့၊သူခိုဓားပြအန္တရာယ်ကင်းဖို့ ဆိုပြီးခြံဝန်းထဲ မှာစိုက်ပျိုးခဲ့ကြသလိုအခုခေတ်မှာတော့အိမ်တွင်းအပင်လေးတွေအဖြစ်ပါ စိုက်ပျိုးလာကြပါတယ်။ဒါကပြဿနာမဟုတ်ပေမယ့်ဂမုန်းပ င်တွေထဲမှာမှ အိမ်တွင်းမှာ လုံးဝမစိုက်ပျိုးသင့်တဲ့ အပင်တွေကလည်း ရှိနေပါတယ်။အဲအပင်()မျိုးကို စိုက်ပျိုးရေး ဝါသနာရှင်တွေ သထိထားဆင်ခြင်နိုင်အောင်ဖော်ပြပေး လိုက်ပါတယ်

၁။ ဆင်စွယ်ဂမုန်းကတော့ မြေကြီးမှတစ်ပင်ချင်းပေါက်တဲ့ အပင်မျိုးဖြစ်ပါတယ်။ ဒန့်သလွန်သီးနဲ့ အပင်ချင်းတူ ပါတယ်။ ဆင်စွယ်ဂမုန်းဟာ စိုက်ပျိုးသူကို စီးပွားလာဘ် လာဘဖြစ်စေတဲ့ ဂမုန်းမျိုးမဟုတ်ပဲအမျိုးသားတွေ ဒီအပင်ကိုကျော်ဖြတ် မိပါက အူကျခြင်း ကိုဖြစ်စေတက်တယ် လို့တချို့ကလည် းပြောကြ ပါတယ်။ ဒါ့အပြင် ငါးရံ့၊ငါးကွင်းနှင့် ဆင်စွယ်တစ်ထောင့်ရောချက် ပါက ဒူလာသွေးဝမ်းပျက်တယ်လို့ လည်းပြောကြ ပါတယ်။

ဆင်စွယ်ဂမုန် းစိုက်ပျိုးပြီး စီးပွားတက်လာပါကတစ်ဦးနဲ့ တစ်ဦး အကြောင်းမရှိပဲ ရန်လိုခြင်း၊ မိသားစု အတွင်းပြဿနာ အမျိုးမျိုးဖြစ်ရခြင်း၊ မှုခင်းတစ်ခုခုဖြစ်တက်ခြင်း၊ဘေးရန်များခြင်းစတဲ့စိတ်သောကမျိုးစုံဖြစ်ပွားတက်တဲ့ဂမုန်းပင်ပဲဖြစ်ပါတယ်။ဒါကြောင့်ဂမုန်းစိုက်ပျိုးသူတွေအနေနဲ့ဆင်စွယ်ဂမုန်းကိုတော့အထူးရှောင်ကြဉ်စေချင်ပါတယ်။

၂။ ဆင်ဂမုန်းဆင်ဂမုန်းရဲ့ အရွက်ဟာ ကွမ်းရွက်နဲ့ပုံစံ တူပြီးတော့ အရွက်ထူပြီး အစိမ်းရံကို အဝါဖောက်ထားတဲ့ ပုံစံမျိုး ပါ။ ဒီဂမုန်းပင်ကို စိုက်မယ်ဆိုရင် စီးပွားလာဘ်လာဘတွေ တိုးတက်စေသည် မှန်သော်လည်းမိသားစုထဲမှ တစ်ယောက်ယောက်ကို ကျန်းမာရေးချို့ယွင်းစေပါတယ်။ဆင်ဂမုန်းစိုက်ပျိုးသူ၉၀ရာခိုင်နှုန်းဟာကျန်းမာ ရေးအန္တရာယ်ကြုံရတက်တယ်လို့ လေ့လာတွေ့ရှိသူတွေက ဖော်ပြထားပါတယ်။ဒါကြောင့်ဆင်ဂမုန်းဟာအိမ်တွင်းမှ စိုက်ပျိုးဖို့လုံးဝမသင့်တော်တဲ့ဂမုန်းပင်တွေထဲမှာတစ်ခုအ ပါ အဝင်ပဲ ဖြစ်ပါတယ်။

၃။ ကုမုဒ်ကြာဂမုန်းကုမုဒ်ကြာဂမုန်းကတော့အရွက်ရှည်ပြီး ဘေးအနားတွေက လှိုင်းတွန့်နေတဲ့အရွက်ပုံစံမျိုးလေးပါ။ဒီဂမုန်းကတော့ ညဘက်တွေမှာ ဖူးတံထွက်ပြီး အဖြူရောင်အပွင့်လေးတွေပွင့်တက်ပါတယ်။ ကြာပွင့်တွေလို အထပ်မများသော်လည်း ကြာပွင့်နဲ့ပုံစံတူတာကြောင့် ကုမုဒ်ကြာဂမုန်းလို့ ခေါ်ကြတာဖြစ်ပါတယ်။

ကုမုဒ်ကြာဂမုန်းဟာ စီးပွားလာဘ်လာဘတွေ ဖြစ်စေသော်လည်း မိသားစုအတွင်း ပဋိပက္ခမကြာခဏဖြစ်ပွားတက်ပါတယ်။သုတေသနလုပ်သေူတွမှကုမုဒ်ကြာဂမုန်းကိုစိုက်ပျိုးလေ့လာခဲ့ရာ မိသားစုတွင်းပြဿနာ မျိုးစုံကြုံတွေ့ရတယ်လို့ ဆိုပါတယ်ကုမုဒ်ကြာဂမုန်းကိုနုတ်ပြီးစွန့်ပစ်ခဲ့ချိန်မှာတော့မိသားစုသောကတွေ ငြိမ်းအေးသွားခဲ့ တယ်လို့ ဆိုပါတယ်။ဒါကြောင့်သငအိမ်တွင်းမှာ ကုမုဒ်ကြာဂမုန်းကို မစိုက်ပျိုးဖို့ အကြံပြုလိုက်ရပါတယ်။ crd

Leave a Reply

Your email address will not be published.