ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ စော်ကားတဲ့ Relationship ကို စွန့်ခွာသင့်တဲ့အကြောင်းအရင်း (၃)ခု

ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ စော်ကားတဲ့ Relationship ကို စွန့်ခွာသင့်တဲ့အကြောင်းအရင်း ()ခု

မကြာခဏဆိုသလို သင်တို့ရဲ့ချစ်ဆက်ဆံရေးမှာ နှုတ်အားဖြင့်သော်လည်းကောင်း၊ ကိုယ်ထိလက်ရောက်သော်လည်းကောင်း စော်ကားပြောဆိုတဲ့ အပြုအမူ၊ အပြောအဆိုတွေကို ခံနေရပါသလား။

ဒီဆက်ဆံရေးကနေသင်ဘာကြောင့်မစွန့်ခွာနိုင်ဖြစ်နေရတာလဲဆိုတာစဉ်းစားကြည့်ဖူးပါသလား။ဒါကဝဋ်ကြွေးတစ်ခုဖြစ်ပြီးသင့်အတွက်ဒုက္ခတွေခံစားရမယ့်ချစ်ခြင်းတစ်ခုဖြစ်နေတာပါ။ဒီဆက်ဆံရေးကနေထွက်သင့်တဲ့အကြောင်းပြချက်၃ခုကိုအလင်းပြပေးချင်ပါတယ်။ယုံကြည်မှုတွေဆုံးရှုံးတာယုံကြည်မှုဆုံးရှုံးတဲ့အထဲမှာကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုဆုံးရှုံးတာကတော့နောက်ဆုံးအဆင့်ဖြစ်နေပါပြီ။

ရိုင်းစို င်းတဲ့ပုံစံအမျိုးမျိုးက ယုံကြည်လေးစားမှုတွေပျောက် ဆုံးပြီး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေကပါ ပျောက်သွားနိုင်ပါတယ်။ ယုံကြည်မှုတွေပျောက်ဆုံးတာနဲ့အမျှ အရာရာက ပိုဆိုးလာပါလိမ့်မယ်။ သင့်ရဲ့ပြောဆိုနိုင်စွမ်းတွေပျောက်ဆုံးပြီး ဒီချစ်ဆက်ဆံရေးမှာ ပိတ်မိနေပါလိမ့်မယ်။

အချိန်ကြာလာတာနဲ့အမျှ အကူအညီမဲ့သလိုခံစားရတာ အမျိုးမျိုးစော်ကားပြောဆိုနေတဲ့ ဆက်ဆံရေးတစ်ခုမှာ အချိန်ကြာလာတာနဲ့အမျှ သင်အကူအညီမဲ့သလို ခံစားလာရမှာပါ။ သင့်လက်တွဲဖော်က သင်အရင်က တွေ့ဖူးတဲ့သူတစ်ယောက်မဟုတ်တော့ဘဲ ပြောင်းလဲလာတယ်လို့ သင်ခံစားလိုက်မိတာနဲ့ နောက်ပိုင်းမှာ သင့် ကိုယ့်သင်အကူအညီမဲ့လာသလိုခံစားလာရပါတယ်။

သင့်ကိုကူညီဖို့ ကြိုးစားသူတိုင်းကိုပါ သံသယဝင်လာတတ်ပါတယ်။ ဒီဆက်ဆံရေးကြီးထဲမှာ မင်းဆက်ရှိနေရင် လွတ်လမ်းမရှိဘူးဆိုတာကို ယုံကြည်စေချင်ပါတယ်။ စိတ်ကျန်းမာရေးထိခိုက်စေတာ သင်ခံစားနေရတဲ့ရုပ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်မှုတွေက အချိန်ကြာလာတဲ့အခါမှာ အခြေအနေပိုဆိုးလာပြီး ဒီကနေလွတ်လမ်းမရှိဘူးလို့တောင် ခံစားလာရနိုင်ပါတယ်။

Relationship တစ်ခုမှာ လက်ထိလက်ရောက်ကျူးလွန်တာမျိုးကို ပုံမှန်လို့ ခံစားမိနေတယ်၊ ဒီပြဿနာကနေ ရုန်းမထွက်တော့ဘူးဆိုရင် ဒီထက်အခြေအနေပိုဆိုးဖို့ပဲရှိပါတော့တယ်။ ဒီအချက်တွေက သင့်ရဲ့ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာတွေကိုထိခိုက်စေနိုင်ပါတယ်။ ဒီလိုပြဿနာတွေနဲ့ကြုံနေရရင် သတ္တိစုဆောင်းပြီး ရုန်းထွက်ဖို့ အရေးကြီးပါတယ် crd

႐ုပ္ပိုင္း၊ စိတ္ပိုင္းဆိုင္ရာ ေစာ္ကားတဲ့ Relationship ကို စြန႔္ခြာသင့္တဲ့အေၾကာင္းအရင္း (၃)ခု

မၾကာခဏဆိုသလို သင္တို႔ရဲ႕ခ်စ္ဆက္ဆံေရးမွာ ႏႈတ္အားျဖင့္ေသာ္လည္းေကာင္း၊ ကိုယ္ထိလက္ေရာက္ေသာ္လည္းေကာင္း ေစာ္ကားေျပာဆိုတဲ့ အျပဳအမူ၊ အေျပာအဆိုေတြကို ခံေနရပါသလား။

ဒီဆက္ဆံေရးကေန သင္ဘာေၾကာင့္ မစြန႔္ခြာႏိုင္ျဖစ္ေနရတာလဲဆိုတာ စဥ္းစားၾကည့္ဖူးပါသလား။ ဒါက ဝဋ္ေႂကြးတစ္ခုျဖစ္ၿပီး သင့္အတြက္ ဒုကၡေတြ ခံစားရမယ့္ ခ်စ္ျခင္းတစ္ခုျဖစ္ေနတာပါ။ ဒီဆက္ဆံေရးကေန ထြက္သင့္တဲ့အေၾကာင္းျပခ်က္ ၃ခုကို အလင္းျပေပးခ်င္ပါတယ္။ ယုံၾကည္မႈေတြဆုံးရႈံးတာ ယုံၾကည္မႈဆုံးရႈံးတဲ့အထဲမွာ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈဆုံးရႈံးတာကေတာ့ ေနာက္ဆုံးအဆင့္ျဖစ္ေနပါၿပီ။

႐ိုင္းစို င္းတဲ့ပုံစံအမ်ိဳးမ်ိဳးက ယုံၾကည္ေလးစားမႈေတြေပ်ာက္ ဆုံးၿပီး ေနာက္ဆုံးမွာ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈေတြကပါ ေပ်ာက္သြားႏိုင္ပါတယ္။ ယုံၾကည္မႈေတြေပ်ာက္ဆုံးတာနဲ႔အမွ် အရာရာက ပိုဆိုးလာပါလိမ့္မယ္။ သင့္ရဲ႕ေျပာဆိုႏိုင္စြမ္းေတြေပ်ာက္ဆုံးၿပီး ဒီခ်စ္ဆက္ဆံေရးမွာ ပိတ္မိေနပါလိမ့္မယ္။

အခ်ိန္ၾကာလာတာနဲ႔အမွ် အကူအညီမဲ့သလိုခံစားရတာ အမ်ိဳးမ်ိဳးေစာ္ကားေျပာဆိုေနတဲ့ ဆက္ဆံေရးတစ္ခုမွာ အခ်ိန္ၾကာလာတာနဲ႔အမွ် သင္အကူအညီမဲ့သလို ခံစားလာရမွာပါ။ သင့္လက္တြဲေဖာ္က သင္အရင္က ေတြ႕ဖူးတဲ့သူတစ္ေယာက္မဟုတ္ေတာ့ဘဲ ေျပာင္းလဲလာတယ္လို႔ သင္ခံစားလိုက္မိတာနဲ႔ ေနာက္ပိုင္းမွာ သင့္ကိုယ့္သင္အကူအညီမဲ့လာသလို ခံစားလာရပါတယ္။

သင့္ကိုကူညီဖို႔ ႀကိဳးစားသူတိုင္းကိုပါ သံသယဝင္လာတတ္ပါတယ္။ ဒီဆက္ဆံေရးႀကီးထဲမွာ မင္းဆက္ရွိေနရင္ လြတ္လမ္းမရွိဘူးဆိုတာကို ယုံၾကည္ေစခ်င္ပါတယ္။ စိတ္က်န္းမာေရးထိခိုက္ေစတာ သင္ခံစားေနရတဲ့႐ုပ္ပိုင္းဆိုင္ရာညႇင္းပန္းႏွိပ္စက္မႈေတြ၊ စိတ္ပိုင္းဆိုင္ရာညႇင္းပန္းႏွိပ္စက္မႈေတြက အခ်ိန္ၾကာလာတဲ့အခါမွာ အေျခအေနပိုဆိုးလာၿပီး ဒီကေနလြတ္လမ္းမရွိဘူးလို႔ေတာင္ ခံစားလာရႏိုင္ပါတယ္။

Relationship တစ္ခုမွာ လက္ထိလက္ေရာက္က်ဴးလြန္တာမ်ိဳးကို ပုံမွန္လို႔ ခံစားမိေနတယ္၊ ဒီျပႆနာကေန ႐ုန္းမထြက္ေတာ့ဘူးဆိုရင္ ဒီထက္အေျခအေနပိုဆိုးဖို႔ပဲရွိပါေတာ့တယ္။ ဒီအခ်က္ေတြက သင့္ရဲ႕႐ုပ္ပိုင္း၊ စိတ္ပိုင္းဆိုင္ရာေတြကိုထိခိုက္ေစႏိုင္ပါတယ္။ ဒီလိုျပႆနာေတြနဲ႔ႀကဳံေနရရင္ သတၱိစုေဆာင္းၿပီး ႐ုန္းထြက္ဖို႔ အေရးႀကီးပါတယ္ crd

Leave a Reply

Your email address will not be published.