ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီးပေမယ့် အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်ခံနေရပြီဆိုတဲ့ မေလသံစဉ်
ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီးပေမယ့် အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်ခံနေရပြီဆိုတဲ့ မေလသံစဉ်
အရွယ်နဲ့မလိုက်အောင် အနုပညာမှာ ပါရမီပါသူလေး မေလသံစဉ်ကတော့ ဆယ်ကျော်သက်အရွယ် ကတည်းက အနုပညာကို ဝါသနာပါသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးတဲ့နောက် အနုပညာအလုပ်တွေကို ဇောက်ချလုပ်ကိုင်နေလျက်ရှိတဲ့ မေလသံစဉ်က လက်ရှိမှာတော့ အလုပ်တွေကို ခဏတာရပ် နားထားတာပဲဖြစ်ပါတယ်။
အလုပ်တွေကိုလျှော့ချထားတဲ့ မေလသံစဉ်က လက်ရှိမှာနေထိုင်မကောင်းဖြစ်နေတဲ့အကြောင်းကို “ကာကွ ယ်ဆေး နှစ်ကြိမ်ထိုးထားပြီးပေမယ့် အိုမီခရွန်ကတော့ ဘယ်ကဝင်လာမှန်းမသိ  ဒီနေ့ Day 2 တစ်ကိုယ်လုံးနာကျင်ပြီး ခေါင်းတွေလည်း အရမ်းကိုက်တယ် အားလုံးသတိရှိရှိ ကာကွယ်ကြပါနော်” ဆိုပြီး သူမရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြလာပါတယ်။
မေလသံစဉ်ကတော့ ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီးပေမယ့် အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်ခံနေရတာကြောင့် သူမလိုမခံစားရအောင် အားလုံးသတိရှိရှိကာကွယ်ကြပါလို့ သတိပေးလာခဲ့တာပဲဖြစ်ပါတယ်။ crd
Leave a Reply
Your email address will not be published.