Categories
sport

ရိုင္နီယာထံ ေရာက္ဖို႔ ေအာင္လ ျဖတ္ေက်ာ္ရမည့္ ေလွကားထစ္တစ္ခု

ရိုင္နီယာထံ ေရာက္ဖို႔ ေအာင္လ ျဖတ္ေက်ာ္ရမည့္ ေလွကားထစ္တစ္ခု

နယ္သာလန္ဖိုက္တာတစ္ဦးျဖစ္သည့္ ရိုင္နီယာ ဒီရိုက္ဒါသည္ ျမန္မာပရိသတ္မ်ားရဲ့ အခ်စ္ေတာ္ ကခ်င္သားႀကီး ေအာင္လအန္ဆန္း‌ဆီက မစ္ဒယ္ဝိတ္တန္းႏွင့္ လိုက္ဟဲဗီးဝိတ္တန္းတို႔၏ ခ်န္ပီယံ ခါးပတ္ကို လႊဲေျပာင္းရယူထားနိုင္ခဲ့ပါသည္။

ရိုင္နီယာ သည္ ေအာင္လအန္ဆန္း၏ မစ္ဒယ္ဝိတ္တန္းခါးပတ္ကို 2020 ခုႏွစ္ ေအာက္တိုဘာလ 30 ရက္ေန႔ကရရွိခဲ့ၿပီး၊ လိုက္ဟဲဗီးဝိတ္တန္း ခ်န္ပီယံခါးပတ္ကို 2021 ခုႏွစ္ ဧၿပီလ 28 ရက္ေန႔မွာ လႊဲေျပာင္းရယူနိုင္ခဲ့တာ ျဖစ္ပါသည္။

ယခုလာမည့္ ေဖေဖာ္ဝါရီ 25 ရက္ေန႔မွာေတာ့ ရိုင္နီယာ တစ္ေယာက္ သူ၏မစ္ဒယ္ဝိတ္တန္းခါးပတ္ ကာကြယ္ပြဲအျဖစ္ ဝယ္သာဝိတ္တန္းရဲ့ ခ်န္ပီယံ ကီမီရင္အဘာေဆာ့ဗ္ႏွင့္ ရင္ဆိုင္ထိုးသတ္ရမွာ ျဖစ္ပါသည္။

အလားတူ ေအာင္လအန္ဆန္းသည္လည္း ဗစ္တလီ ဘစ္ဒက္ရွ္ႏွင့္ တတိယအႀကိမ္ေျမာက္ မ‌ေက်ပြဲထိုးသတ္ရမွာ ျဖစ္ပါသည္။ သို႔ေသာ္လည္း ေအာင္လအန္ဆန္းသည္ ရိုင္နီယာဆီက သူ၏ ခါးပတ္ကို ျပန္လည္စိန္ေခၚနိုင္ဖို႔ အခြင့္အေရးရွိ ေနတာ ျဖစ္ပါသည္။

ေအာင္လအန္ဆန္းသည္ ဗစ္တလီ ဘစ္ဒက္ရွ္ကိုသာ အနိုင္ယူနိုင္ခဲ့ပါက ရိုင္နီယာကို တိုက္ရိုက္ျပန္လည္ စိန္ေခၚခြင့္ရမည္ဟုလည္း သတင္းအခ်ိဳ႕က ေဖာ္ျပထားခဲ့ပါသည္။

ဒါ့ေၾကာင့္ ေအာင္လသည္ ဗစ္တလီ ဘစ္ဒက္ရွ္ကို ‌ေက်ာ္ျဖတ္နိုင္မွသာ သူ၏ ခါးပတ္ကို ျပန္လည္ရယူနိုင္ဖို႔ အခြင့္အေရးရွိမွာျဖစ္ေသာေၾကာင့္ ဘစ္ဒက္ရွ္ကို က်ိန္းေသေပါက္ အနိုင္ရဖို႔ လိုအပ္ေနတာဘဲ ျဖစ္ပါသည္။

ပရိသတ္ႀကီးတို႔အေနႏွင့္ေရာ ေအာင္လတစ္ေယာက္ ဘစ္ဒက္ရွ္ဆိုတဲ့ ေလွကားထစ္ေလး တစ္ခုကို ေက်ာ္ျဖတ္ၿပီး ရိုင္နီယာထံ ေရာက္နိုင္မလားဆိုတာ ဘယ္လိုထင္ျမင္မိပါသလဲ ခင္ဗ်။

ရိုင်နီယာထံ ရောက်ဖို့ အောင်လ ဖြတ်ကျော်ရမည့် လှေကားထစ်တစ်ခု

နယ်သာလန်ဖိုက်တာတစ်ဦးဖြစ်သည့် ရိုင်နီယာ ဒီရိုက်ဒါသည် မြန်မာပရိသတ်များရဲ့ အချစ်တော် ကချင်သားကြီး အောင်လအန်ဆန်း‌ဆီက မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းတို့၏ ချန်ပီယံ ခါးပတ်ကို လွှဲပြောင်းရယူထားနိုင်ခဲ့ပါသည်။

ရိုင်နီယာ သည် အောင်လအန်ဆန်း၏ မစ်ဒယ်ဝိတ်တန်းခါးပတ်ကို 2020 ခုနှစ် အောက်တိုဘာလ 30 ရက်နေ့ကရရှိခဲ့ပြီး၊ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်ကို 2021 ခုနှစ် ဧပြီလ 28 ရက်နေ့မှာ လွှဲပြောင်းရယူနိုင်ခဲ့တာ ဖြစ်ပါသည်။

ယခုလာမည့် ဖေဖော်ဝါရီ 25 ရက်နေ့မှာတော့ ရိုင်နီယာ တစ်ယောက် သူ၏မစ်ဒယ်ဝိတ်တန်းခါးပတ် ကာကွယ်ပွဲအဖြစ် ဝယ်သာဝိတ်တန်းရဲ့ ချန်ပီယံ ကီမီရင်အဘာဆော့ဗ်နှင့် ရင်ဆိုင်ထိုးသတ်ရမှာ ဖြစ်ပါသည်။

အလားတူ အောင်လအန်ဆန်းသည်လည်း ဗစ်တလီ ဘစ်ဒက်ရှ်နှင့် တတိယအကြိမ်မြောက် မ‌ကျေပွဲထိုးသတ်ရမှာ ဖြစ်ပါသည်။ သို့သော်လည်း အောင်လအန်ဆန်းသည် ရိုင်နီယာဆီက သူ၏ ခါးပတ်ကို ပြန်လည်စိန်ခေါ်နိုင်ဖို့ အခွင့်အရေးရှိ နေတာ ဖြစ်ပါသည်။

အောင်လအန်ဆန်းသည် ဗစ်တလီ ဘစ်ဒက်ရှ်ကိုသာ အနိုင်ယူနိုင်ခဲ့ပါက ရိုင်နီယာကို တိုက်ရိုက်ပြန်လည် စိန်ခေါ်ခွင့်ရမည်ဟုလည်း သတင်းအချို့က ဖော်ပြထားခဲ့ပါသည်။

ဒါ့ကြောင့် အောင်လသည် ဗစ်တလီ ဘစ်ဒက်ရှ်ကို ‌ကျော်ဖြတ်နိုင်မှသာ သူ၏ ခါးပတ်ကို ပြန်လည်ရယူနိုင်ဖို့ အခွင့်အရေးရှိမှာဖြစ်သောကြောင့် ဘစ်ဒက်ရှ်ကို ကျိန်းသေပေါက် အနိုင်ရဖို့ လိုအပ်နေတာဘဲ ဖြစ်ပါသည်။

ပရိသတ်ကြီးတို့အနေနှင့်ရော အောင်လတစ်ယောက် ဘစ်ဒက်ရှ်ဆိုတဲ့ လှေကားထစ်လေး တစ်ခုကို ကျော်ဖြတ်ပြီး ရိုင်နီယာထံ ရောက်နိုင်မလားဆိုတာ ဘယ်လိုထင်မြင်မိပါသလဲ ခင်ဗျ။crd

Leave a Reply

Your email address will not be published.