အိုမီခရွန်မှာ ဘာဆေးတွေ သောက်ရမလဲ မူရင်းရေးသားတဲ့ ဆရာအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်

အိုမီခရွန်မှာ ဘာဆေးတွေ သောက်ရမလဲ မူရင်းရေးသားတဲ့ ဆရာအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်

အိုမီခရွန်မှာ ဘာဆေးတွေ သောက်ရမလဲ မူရင်းရေးသားတဲ့ ဆရာအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည် ကိုဗစ် အိုမီခရွန် ပြည်တွင်းကူးစက်မှုတွေ စတင်လာတော့ ပြည်သူတွေ ထိတ်လန့် ကြပါတယ်။ အခုအထိ သိရှိရတဲ့ ရောဂါ အနေအထားတွေအရ ဖျားခြင်း / ကိုယ်ပူချိန်တက်ခြင်း၊ကိုယ်လက်ကိုက်ခဲ နာကျင်ခြင်း၊

ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ နှာ‌ရည်ယိုခြင်း၊ လူနုံးခြင်း /အားမရှိခြင်း၊ အချို့တွင် မျက်စိနာခြင်း စတာတွေ အဖြစ်များပါတယ်။ ယခင် ကိုဗစ်များလို အနံ့ပျောက်ခြင်း ၊အရသာပျက်ခြင်း မရှိကြပါ။

ဒ ါပေမယ့် ဒီရောဂါ လက္ခဏာတွေဟာ ကိုဗစ်ကာကွယ်ဆေး အနည်းဆုံး ၁ ကြိမ်ထိုးထားပြီးသူတွေမှာ ဖြစ်ကြတာပါ။ ၅ ရက်ကျော်လျှင် သက်သာသွားကြတာ များပါတယ်။ ကာကွယ်ဆေး မထိုးထားဖူး သူတွေအနေနဲ့ ဒီ့ထက် ပြင်းထန်တာတွေ ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် သတိရှိစေချင်ပါတယ်။ ဆေးတွေကတော့ (အသက် ၁၈ နှစ်အထက် လူနာများ)ဖျားတာ အတွက် PO Paracetamol 500 mg နံနက်၁နေ့လယ်၁ည၁။

ကိုယ်လက်ကိုက်ခဲ နာကျင်တာ၊ လည်ချောင်းနာတာ ၊ခေါင်းကိုက်တာ အတွက် PO Ibuprofen 400 mg နံနက်၁ နေ့လယ် ၁ ည ၁ သို့မဟုတ်PO Diclofenac 50 mg နံနက် ၁ ည ၁ သို့မဟုတ် PO Aceclofenac 100 mg နံနက် ၁ ည ၁ ဒီဆေး ၃ မျိုးကတော့ သွေးကျဲဆေး သောက်နေတဲ့သူတွေ ၊ဆေးမတည့်တဲ့ သူတွေမှာ လုံးဝမ သောက်သင့်ပါဘူး။

အစာအိမ်နာ ဗိုက်အောင့် ဗိုက်နာတတ်သူ တွေဆိုရင် အစာအိမ်နာ သက်သာတဲ့ ဆေးနဲ့ တွဲဖက်သောက်သုံးသင့်ပါတယ်။ နှာစေးတာ နှာရည်ယိုတာအတွက် PO Cetirizine 10 mg နံနက် ၁ ည ၁သို့မဟုတ် PO Chlorpheniramine (Burmeton)4 mg နံနက် ၁ ည ၁ ချောင်းခြောက်ဆိုးတာ အတွက် PO Dextromethorphan 10 mg နံနက် ၁ နေ့လယ် ၁ ည ၁ ချွဲထ ချောင်းဆိုးတာ အတွက် Carbocisteine ပါဝင်သောဆေးကို သောက်သုံးပါက စစချင်း 2.25 g အထိ ရအောင်တနေ့တာ အတွင်း သောက်သုံးရမည် ဖြစ်ပါသည်။

သက်သာလာပါက 1.5 g သို့ ပြန်လျှော့ချရမည် ဖြစ်ပါသည်။ သတိပြုရန်မှာ အစာအိမ် ထိခိုက်ပြီး ဗိုက်နာတတ်ပါသည်။ Carbocisteine – Adult. Initially 2.25 g in divided doses,then reduced to 1.5g daily in divided doses as condition improves.Acetylcysteine ပါဝင်သောဆေးကို သောက်သုံးပါက တနေ့လျှင် 600 mg ကို တစ်ကြိမ် သောက်ပေးရပါမည်။

ရင်ကျပ် ရောဂါရှိသူများနှင့် အစာအိမ်နာ ဗိုက်အောင့် တတ်သူများ သတိဖြင့် သောက်သုံးသင့်သည်။ Acetylcysteine – 600 mg once daily.Bromhexine ပါဝင်သော ဆေးကို သောက်သုံးလျှင် 16 mg tds အထိ သောက်လို့ရပါသည်။ ဆေးပြားတစ်ပြားတွင် 8 mg ပါသဖြင့်နံနက်၂နေ့လယ်၂ည၂အထိသောက်သုံး၍ရပါသည်။

Bromhexine ဆေးကို အတော်အသင့်အခြေအနေဆိုးသောကိုဗစ်လူနာများတွင် 32 mg tds အထိ ပေး၍ ကုသလျှင် လူနာ အခြေအနေ တိုးတက် ကောင်းမွန်ကြောင်း တွေ့ရှိထားပါသည်။ Bromhexine ဆေးကို ၁၄ ရက်ထက် ပိုမသောက်ရပါ။ လူနုံးခြင်း အတွက် တနေ့လျှင် ဓာတ်ဆား ၁ လီတာ မှ ၂ လီတာအထိ သောက်သုံးပေးပါ။ မူရင်းရေးသားတဲ့ ဆရာအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Leave a Reply

Your email address will not be published.