Categories
သတင္း

စစ္တပ္စစ္ေၾကာင္းကို ႏြားထိုးႀကီး pdf တိုက္၊စကစတပ္မ်ား ထြက္ေျပး(႐ုပ္သံ)

စစ္တပ္စစ္ေၾကာင္းကို ႏြားထိုးႀကီး pdf တိုက္၊စကစတပ္မ်ား ထြက္ေျပး(႐ုပ္သံ)

ရန္ကုန္၊ ေဖေဖၚဝါရီ ၁၄

မႏၲေလးတိုင္း၊ ႏြားထိုးႀကီးၿမိဳ႕နယ္ ယုန္တိုးေတာင္အေရွ႕ဘက္တြင္ ဆိုင္ကယ္မ်ားျဖင့္ ကင္းလွည့္လာေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ကို ႏြားထိုးႀကီးျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က ယမန္ေန႔ ေဖေဖၚဝါရီလ ၁၃ ရက္ ညေန ၃ နာရီခြဲတြင္ ပစ္ခတ္တိုက္ခိုက္ရာ စစ္သား ၂ ဦးေသဆုံးသြားၿပီး အျခား စစ္သားမ်ားမွာ ထြက္ေျပးသြားေၾကာင္း သတင္းရရွိသည္။

“စစ္ေကာင္စီဘက္က ၂ ဦးေသတယ္၊ ဆိုင္ကယ္ ၄ စီး၊ ငွက္ႀကီးေတာင္ ဓါး ၁ ေခ်ာင္း၊ စစ္ေခြး ဦးထုပ္ ၁ လုံး က်န္ခဲ့တယ္၊ ဆိုင္ကယ္ေတြကို မီးရွို႔လိုက္တယ္” ဟု ႏြားထိုးႀကီး ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္က ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ လက္နက္ႀကီးျဖင့္ ကာပစ္ ပစ္ကာ ျပန္လည္ဆုတ္ခြာစဥ္ ေသဆုံးစစ္သားအေလာင္းမ်ားကို ျပန္လည္သယ္ေဆာင္သြားေၾကာင္း၊ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ား အထိအခိုက္မရွိခဲ့ေၾကာင္း သိရွိရသည္။

စစ်တပ်စစ်ကြောင်းကို နွားထိုးကြီး pdf တိုက်၊စကစတပ်များ ထွက်ပြေး(ရုပ်သံ)

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၄

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ယုန်တိုးတောင်အရှေ့ဘက်တွင် ဆိုင်ကယ်များဖြင့် ကင်းလှည့်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၃ ရက် ညနေ ၃ နာရီခွဲတွင် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးသွားပြီး အခြား စစ်သားများမှာ ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

“စစ်ကောင်စီဘက်က ၂ ဦးသေတယ်၊ ဆိုင်ကယ် ၄ စီး၊ ငှက်ကြီးတောင် ဓါး ၁ ချောင်း၊ စစ်ခွေး ဦးထုပ် ၁ လုံး ကျန်ခဲ့တယ်၊ ဆိုင်ကယ်တွေကို မီးရှို့လိုက်တယ်” ဟု နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီးဖြင့် ကာပစ် ပစ်ကာ ပြန်လည်ဆုတ်ခွာစဉ် သေဆုံးစစ်သားအလောင်းများကို ပြန်လည်သယ်ဆောင်သွားကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published.