လိင်ဆက်ဆံနေစဉ် နာကျင်ခြင်းကို လျော့နည်းသက်သာစေဖို့

လိင်ဆက်ဆံနေစဉ် နာကျင်ခြင်းကို လျော့နည်းသက်သာစေဖို့

တကယ်တမ်းမှာပထမဆုံးအကြိမ်ကလွဲရင်နောက်ပိုင်းလိင်ဆက်ဆံတဲ့အကြိမ်တွေမှာနာကျင်ခြင်း၊ဗိုက်အောင့်ခြင်းတွေရှိမနေတော့ပါဘူး။အကယ်လို့နာကျင်ခြင်းဝေဒနာကိုအမြဲတမ်းခံစားနေရတယ်ဆိုရင်တော့လိင်ဆက်ဆံနေတဲ့အနေအထားမှားယွင်းတာ၊ဒါမှမဟုတ်ကိုယ်တွင်းအင်္ဂါမှာချို့ယွင်းချက်ရှိနေတာလည်းဖြစ်နိုင်ပါတယ်။

တကယ်တော့လိင်ဆက်ဆံနေတဲ့အချိန်မှာနာကျင်ခြင်း၊ရှက်ရွံ့ခြင်းတွေထက်သာယာတဲ့ခံစားချက်မျိုးကိုကာယကံရှင်ကခံစားရမှပဲလိင်ဆက်ဆံရတာပျော်စရာကောင်းတဲ့အလုပ်တစ်ခုမှန်းနားလည်နိုင်မှာပါ။ဒါဆိုဘာတွေမှားယွင်းနေနိုင်လဲ။

၁။ချောဆီသုံးရဲ့လား။မိန်းမကိုယ်ကသဘာဝချောဆီထွက်တယ်ဆိုပေမယ့်အပြင်ကချောဆီအကူထပ်ဖြည့်ပေးရင်အဝင်အထွက်ပိုချောင်တော့နာကျင်တာသက်သာသွားမှာပေါ့။အထူးသဖြင့်မိန်းမကိုယ်တင်မကဘဲစအိုနဲ့ပါလိင်ဆက်ဆံတာမျိုး၊အမျိုးသားအင်္ဂါကကြီးလွန်းနေတာ၊မိန်းမကိုယ်ကျပ်လွန်းတဲ့အခြေအနေမျိုးမှာချောဆီကအသက်ပါ။

ချောဆီများများ သုံးလေ အဝင်အထွက်ချောင်ပြီး သွေးထွက်တာ၊ နာကျင်တာ၊ ပွန်းပဲ့ ထိခိုက်တာ နည်းမယ်။ ကျပ်နေတာမျိုး မဟုတ်တဲ့အတွက် အမျိုးသားရော အမျိုးသမီးပါ ကာမသုခကို ကောင်းကောင်း ခံစားရနိုင်ပါတယ်။

၂။ လိင်ဆက်ဆံတဲ့ အနေအထား အဆင်မပြေလို့လား။ လူတိုင်းမှာ ကိုယ့်အတွက် အဆင်ပြေစေတဲ့ လိင်ဆက်ဆံပုံ အနေအထား (Sex Position) တွေရှိပါတယ်။ဒီအနေအထားတွေဟာလူတစ်ယောက်နဲ့တစ်ယောက်တူချင်မှတူနိုင်မှာပါ။အမျိုးသားတွေအတွက်တော့ဘယ်လိုအနေအထားမျိုးမှာမဆိုကာမသုခကိုခံစားရနိုင်ဆိုပေမယ့်ထိုးသွင်းဆက်ဆံခံရသူမှာကိုယ်နဲ့အဆင်ပြေတဲ့အနေအထားမျိုးမဟုတ်ရင်အောင့်သက်သက်ကြီးဖြစ်နေတတ်ပါတယ်။

ဒါကြောင့် လိင်မှုကိစ္စ မစတင်ခင်ကတည်းက နှစ်ဦးသား ဒီကိစ္စကို ဖွင့်ဟတိုင်ပင်ပြီး သူ့ အကြိုက် ကိုယ့်အကြိုက် ညှိနှိုင်းထားဖို့ လိုပါတယ်။ အကောင်းဆုံးကတော့ ထိုးသွင်းဆက်ဆံမှု စတဲ့အချိန်နဲ့ ပြီးဆုံးခါနီး အမျိုးသားက သုက်ထွက်တော့မယ့် အချိန်တွေမှာ ဆက်ဆံခံရသူ အမျိုးသမီးတွေအတွက် အသင့်တော်ဆုံး ဖြစ်မယ့် အနေအထားကို ရွေးချယ်သင့်ပါတယ်။

၃။ကြမ်းကြမ်းတမ်းတမ်းဆက်ဆံခံရလို့လား။ကြမ်းတမ်းစွာလိင်ဆက်ဆံခြင်းကိုကြိုက်တဲ့လူတချို့ရှိသလိုမကြိုက်တဲ့သူတွေလည်းရှိနိုင်ပါတယ်။မကြိုက်တဲ့သူတွေအတွက်တော့ဒီလိုကြမ်းတမ်းစွာလိင်ဆက်ဆံခံရတဲ့အချိန်တွေဟာနာကျင်မှုတွေပြည့်နှက်နေတဲ့ငရဲလိုအချိန်တွေပါပဲ။

ဒါကြောင့်အမျိုးသားတွေလည်းကိုယ့်ဆက်ဆံဖော်ရဲ့အခြေအနေကိုအမြဲလေ့လာနေပြီးဘယ်လိုအချိန်မှာကြမ်းသင့်လဲ၊ဘယ်လိုမျိုးမှာတော့ဖြည်းဖြည်းချင်းသွားမလဲဆိုတာလေ့လာထားသင့်ပါတယ်။စစချင်းထိုးသွင်းကတည်းကအကြမ်းပတမ်းဆိုရင်တော့အမျိုးသမီးတွေအတွက်ကာမသုခခံစားရဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။

၄။ နှူးနှပ်တာ၊ နှိုးဆွတာ မလုပ်ပေးဘူးလား။ ကျွန်တော်တို့ မြန်မာလူမျိုးတွေက လိင်ဆက်ဆံခြင်းကို မှားယွင်းတဲ့ အပြုအမူ၊ နားရှက်စရာ ကောင်းတဲ့ အပြုအမူလို့ သတ်မှတ်ထားတဲ့အတွက် လိင်အင်္ဂါဆိုတာ ယုတ်ညံ့တဲ့ ပစ္စည်းတစ်ခုလိုမျိုး အတွေးထဲမှာ စွဲနေတတ်ပါတယ်။ ဒီတော့ ဘယ်သူကမှ လိင်အင်္ဂါကို ပါးစပ်နဲ့ လက်နဲ့ နှိုးဆွပေးတာမျိုး ဘယ်လုပ်ချင်ကြပါ့မလဲ (ကံနိမ့်သွားမှာ ကြောက်တာလည်း ပါတာပေါ့)

တကယ်တမ်းတော့ လူတိုင်းက လိင်ဆက်ဆံတော့မယ်ဟေ့ ဆိုတာနဲ့ ချက်ချင်းကြီး လိင်စိတ်ကြွလာတာမျိုး မဟုတ်ပါဘူး။ ဒီလိုမျိုး ကိုယ့်အဖော် စိတ်ပါလာဖို့ နှိုးဆွပေးရမှာက အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ တာဝန်ရှိပါတယ်။ နမ်းတာ၊ ပွေ့ဖက်တာ၊ ကြင်နာတဲ့ စကားများ၊ လိင်စိတ်ကြွစေမယ့် စကားလုံးများ သုံးနှုန်းပြီး စကားပြောတာ၊ ပါးစပ်၊ လက်ကလေးနဲ့ ဆက်ဆံဖော်ရဲ့ အင်္ဂါကို ကျီစယ်တာမျိုးက ကိုယ့်အဖော်အတွက် လိင်စိတ်ကို အမြင့်ဆုံးထိရောက်အောင် တွန်းပို့ပေးပြီး လိင်ဆက်ဆံရာမှာ အခက်အခဲ၊ နာကျင်မှုတွေ နည်းသွားအောင် လုပ်ပေးတာနဲ့ အတူတူပါပဲ။

၅။ နာသွားမှာကို စိုးရိမ်နေမိသေးလား။ ဒါမျိုး ခံစားချက်တွေကတော့ ဆက်ဆံခံရသူတိုင်း ဝင်တတ်တာပါပဲ။ တကယ်တမ်းတော့ လိင်ဆက်ဆံခြင်းအများစုဟာ အနည်းငယ် နာကျင်မှုကနေ စပြီး သာယာမှု၊ ကာမသုခ၊ ဆန္ဒပြီးမြောက်မှု၊ လိင်စိတ်၊ ချစ်ကြည်နူးမှုတွေကိုပါ ခံစားရမှာပါ။ အဲ့တော့ နာသွားမလားဆိုတဲ့ စိတ်တွေကို အရင်ဖယ်ထားကြည့်ပါ။ ကြောက်စိတ်နဲ့ တင်းထားလိုက်တဲ့အခါ လူရဲ့ ကြွက်သားတွေက ပိုတောင့်တင်းပြီး လျော့ရဲမနေတော့ ထိုးသွင်းဆက်ဆံတဲ့အခါ ကျပ်နေပြီး ပိုနာကျင်နိုင်ပါတယ်။ စိတ်ကလေးကို လျှော့၊ တင်းထားသမျှလေးတွေကို ဖြည်းဖြည်းချင်း လျှော့ဖို့ ကြိုးစားကြည့်ပါနော်။

အပေါ်မှာ ပြောထားခဲ့တဲ့ အချက်တွေထဲက ဘယ်အချက်က ကိုယ်နဲ့ ကိုက်ညီနေလဲဆိုတာ သိပြီးပြီဆိုရင်တော့ သေချာလေး ညှိနှိုင်းပြင်ဆင်ကြည့်ပါနော်။ လိင်ဆက်ဆံတယ်ဆိုတာ ကိုယ့်လက်နဲ့ ကိုယ် အာသာဖြေတာ မဟုတ်တဲ့အတွက် ကိုယ်ကောင်းရုံ တစ်ခုတည်းနဲ့ မပြီးသွားပါဘူး။ ကိုယ်ရော ကိုယ့်ရဲ့ ဆက်ဆံဖော် နှစ်ဦးစလုံး တက်ညီလက်ညီနဲ့ ကာမပန်းတိုင်ကို အတူတက်လှမ်းသွားမှသာ လိင်စိတ်ဆန္ဒ အထွတ်အထိပ် ပြီးမြောက်ပြီး ကာမသုခကို အတူခံစားရနိုင်မှာပါ။ crd

Leave a Reply

Your email address will not be published.