နောင်ဘ၀ များ ဆုံခဲ့ကြရင် စီးကျလာတဲ့ အမေ့ ရဲ့ နို့ရည်ဖြူ တွေကို အမေ့သားငယ်လေး တစ်ဝကြီး တိုက်ပါ့မယ်သားရေ အခု ဘဝတော့……1

နောင်ဘ၀ များ ဆုံခဲ့ကြရင် စီးကျလာတဲ့ အမေ့ ရဲ့ နို့ရည်ဖြူ တွေကို အမေ့သားငယ်လေး တစ်ဝကြီး တိုက်ပါ့မယ်သားရေ အခု ဘဝတော့……

သားရေ အမေ့နားက ထွက်သွားပေးပါ့လား သားရေ အမေ့နားက ထွက်သွားပေးပါ့လား ချိန်ခွင်ထက်မှာစံနေတဲ့ အမေ့ပုံရိပ်ကို အမေ့သားလေးကို မမြင်စေချင်လို့ပါ ကမ္ဘာမြေပေါ်မှာ ခြေချခွင့်ရခဲ့ပေမဲ့ ကမ္ဘာမြေပေါ်မှာ ဆက်နေခွင့်မရှိတဲ့အမေ့ကို အမေ့သားလေးး

နို့တောင်းနေပေမဲ့ တိုက်ခွင့်မရတဲ့အမေ့နားက သားလေးကို နှင်ထုတ်ခဲ့ရတာ အမေ့ကို ခွင့်လွှတ်ပါသားရေ အမေ့ရင်မှာ ပူလောင်မူ့တွေအပြည့်နဲ့ သောကမီးပူတွေကြားး အမေ့ လည်စင်းပေးရတော့မယ်သားရေ မလည်မဝယ် အမေ့သားငယ်လေး ကမ္ဘာမြေကြီးပေါ်မှာ ဘယ်လိုနေပါ့မလဲလို့ အတွေးးနဲ့ အမေစိတ်ပူမိတယ်သားရေ

အမေ့ရဲ့ မျက်ရည်ဖြူစက်တွေနဲ့ အမေ စုတောင်းမိပါတယ်။ နောက်တချိန် နောက်ဘဝတွေမှာ အမေနဲ့ ပြန်ဆုံခဲ့ရင် နုနယ်သေးတဲ့ အမေ့သားငယ်လေးကို အမေ့ နှလုံးသားမှ စီးကျလာတဲ့ အမေ့ရဲ့ နို့ဖြူအစက်လေးတွေကို အမေ့သားငယ်လေးကို အမေ တဝကြီးး တိုက်ပါ့မယ်သားရေ့

ခုဘဝ ခုအချိန်အခါတော့ အမေ့ကို ခွင့်လွှတ်ပေးပါ သားငယ် ချိန်ခွင်ထက်မှာ ချည်နှောင်ထားတဲ့ အမေ့ဘဝလေးက ဘေးမှာသွယ်ကပ်နေတဲ့ အမေ့သားလေးကို တယုတယ အေမ့ ထွေးပွေ့ခွင့်မရလို့ပါ သားရေ သားငယ်လေး

အမေသွားရတော့မယ် လောက အလယ်မှာ သားငယ်လေးတကိုယ်ထဲ ဖြတ်တမ်းရမှာ အမေစိတ်ပူတယ်သားငယ်ရယ် အမေ သေရမှာ မကြောက်ပါဘူး မသိ နားမလည်သေးတဲ့ အမေ့သားငယ်လေး နို့ချို မသောက်ရမှာတာ

မေမေကြောက်နေမိတယ် သားငယ်လေးရယ့် အမေ့ရင်မှာ မောဟိုက်နေတဲ့ အသက်ရူသံ စိုးရိမ်နေတဲ့ အကြည့်တွေနဲ့ တရွှေ့ရွှေ့ ခေါ်ဆောင်ရာသို့ ပါတော်မူခဲ့တယ် အော်ဟစ်ငိုကြွေးနေတဲ့ သားငယ်အသံကို တဖြည်းတဖြည်း ပျောက်ကွယ်သွားပါတော့တယ်။ credit

Leave a Reply

Your email address will not be published.