Categories
ဗဟုသုတ

လူပျင်းတယောက်ရဲ့ စိတ်ကူး…

လူပျင်းတယောက်ရဲ့ စိတ်ကူး…

တခါက ရွာတရွာမှာ အရမ်းပျင်းတဲ့ ကိုလူပျင်း တယောက် ရှိတယ်။ သူဟာ ဘာအလုပ်မှ မလုပ်ပဲ အစားအသောက်တွေ အလွယ်တကူ ရဖို့ကိုသာ သူတွေးနေ တတ်တယ်။ တမနက် ရွာထဲမှာ သူ လျှောက်ပတ် ကြည့်နေရင်း ပန်းသီးတွေ သွားခိုးခူးမယ်လို့ သူတွေးလိုက်တယ်။

သူပန်းသီးတွေ ခိုးခူးပြီး မကြာခင်မှာပဲ လယ်သမား တယောက် သူ့ကို မြင်သွားပြီး သူ့ကိုဖမ်းဖို့ ရောက်လာခဲ့တယ်။ ကိုလူပျင်းလည်း ကြောက်လန့်စွာနဲ့ နီးစပ်ရာ တောအုပ်ထဲကို ဝင်ပြေးခဲ့တယ်။ တောထဲမှာ လျှောက်သွားနေချိန် ခြေနှစ်ဖက်သာ ရှိတဲ့ ဝံပုလွေကို သူမြင်ခဲ့တယ်။

ခြေနှစ်ဖက်ပဲ ရှိတဲ့ ဝံပုလွေ ဘယ်လိုများ အစာရှာ စားလဲလို့ ကိုလူပျင်းလည်း သိချင်သွားတယ်။ ဝံပုလွေခမျာ ပြေးလည်း မပြေးနိုင်၊ အစာလည်း ရှာမစားနိုင်၊ အခြား တိရစ္ဆာန်တွေရဲ့ အန္တရာယ် ကိုလည်း ကြောက်ရ သေးတယ်။ ဒါပေမယ့် ဝံပုလွေ ကတော့ သူ့နေရာလေး တဝှိက်မှာပဲ ပျော်ရွှင်စွာနဲ့ တွားသွား နေသတဲ့။

အဲ့ဒီအချိန် ပါးစပ်ထဲမှာ အသားတွေ ကိုက်ထားတဲ့ ခြင်္သေ့တကောင်ဟာ ဝံပုလွေဆီ ချည်းကပ် လာတာကို ကိုလူပျင်း တွေ့သွားတယ်။ ကိုလူပျင်းလည်း ခြင်္သေ့ရန်ကို ကြောက်လို့ သစ်ပင်ပေါ် တက်ပုန်းခဲ့ ပေမယ့် ဝံပုလွေမှာတော့ ခြေနှစ်ဖက်ပဲ ရှိလို့ သူ့နေရာမှာပဲ သူနေ နေခဲ့တယ်။

ဒါပေမယ့် ခြင်္သေ့က ဝံပုလွေ စားဖို့အတွက် အသားတွေ ချန်ပေး ခဲ့တာကို ကိုလူပျင်း သေချာ ကွက်ကွက် ကွင်းကွင်း တွေ့လိုက်ရတယ်။ ကိုလူပျင်း စိတ်ထဲမှာ ဒါဟာ ဘုရားသခင် ဖန်ဆင်း ထားတာလို့ တွေးထင် သွားတယ်။

ဘုရားသခင်ဟာ လူသားတွေ အတွက် တခုခုတော့ စီစဉ်ပေး ထားမှာပဲလို့ ကိုလူပျင်း ကောက်ချက်ချ ပြန်ပါတယ်။ သူ့အတွက်လည်း ဘုရားသခင်မှာ အစီစဉ်တွေ ရှိမှာပဲလို့ တွေးပြီး ထိုနေရာမှ ထွက်သွားကာ တယောက်ယောက် အစားအ စာ လာပေးတာကို စောင့်နေခဲ့တယ်။

သူဟာ စောင့်နေခဲ့တာ ၂ ရက်တောင် ကြာသွားတယ်၊ ဘယ်သူမှ ရောက်မလာ ပါဘူး။ နောက်ဆုံး ဗိုက်ဆာတဲ့ ဒဏ်ကို မခံစားနိုင်တော့ စားစရာ တခုခု ရှာမယ် ဆိုပြီး ရွာတရွာနားကို လျှောက်သွားရင်း လမ်းမှာ ပညာရှိ အဘိုးအိုကြီးနဲ့ တွေ့ဆုံခဲ့တယ်။

သူ့ရဲ့ ဖြစ်ကြောင်း ကုန်စင်ကို အဘွားအိုကို ပြောပြလိုက်တယ်။ “ပညာရှိ ဘိုးဘိုးရယ်။ ခြေကျိုးနေတဲ့ ဝံပုလွေ ကိုတော့ ဘုရားသခင်က သက်ညှာမှု ပေးပြီး ကျွန်တော့်ကိုတော့ ဘာသက်ညှာမှုမှ မပြတာ ဘာကြောင့်များလဲ”

ပညာရှိ အဘိုးအိုက “လူသားတွေ အတွက် ဘုရားသခင်မှာ အစီအစဉ် ရှိတာ အမှန်ပဲ။ မင်းဟာလည်း သူ့ရဲ့ အစီအစဉ် တစိတ်တပိုင်း ဖြစ်တယ်။ ဒါပေမယ့် သား၊ မင်းက သူပြောချင်တဲ့ အဓိပ္ပာယ်ကို တလွဲ ကောက်တွေး လိုက်တာပဲ။ ဘုရားသခင်က မင်းကို ဝံပုလွေလို မဖြစ်စေချင်ဘူး။ မင်းကို ခြင်္သေ့လို ဖြစ်စေချင်တာပဲ” လို့ ပြောလိုက် ပါတော့တယ်။

လူသားတွေဟာ ဘဝမှာ ကိုယ်မြင်နေရတဲ့ အရာတွေပေါ် နားလည်မှု လွဲတတ်ကြ ပါတယ်။ လူသားတွေ အားလုံးဟာ တန်းတူ အခွင့်အရေး ရပြီးသားပါ။ အရာရာတိုင်းကို အကောင်းမြင် တတ်အောင် ကြိုစားပြီး ကိုယ့်ကိုယ်ကိုလည်း စိတ်ဓာတ်ခိုင်မာအောင် ကျင့်ယူကာ အကူညီ လိုသူတွေကို လက်ကမ်းနိုင်အောင် ကြိုစားပါ။crd

Leave a Reply

Your email address will not be published.