ခ်စ္သူမ်ားေန႔မွာ ကံႀကီးထင္းရွဴးေတာသို႔ ၿခဳံထဲသြားတိုးတဲ့ လူငယ္စုံတြဲရဲ႕ျဖစ္ရပ္…a

ခ်စ္သူမ်ားေန႔မွာ ကံႀကီးထင္းရွဴးေတာသို႔ ၿခဳံထဲသြားတိုးတဲ့ လူငယ္စုံတြဲရဲ႕ျဖစ္ရပ္

ေတာင္ႀကီးၿမိဳ႕ရွိ ကံႀကီးထင္းရွဴးေတာသို႔ ၿခဳံထဲသြားတိုးတဲ့ လူငယ္စုံတြဲ ……

ရွမ္းျပည္နယ္၏ ၿမိဳ႕ေတာ္၊ ေတာင္ႀကီးၿမိဳ႕ရွိ ကံႀကီးထင္းရွဴးေတာသို႔ ယေန႔၌ သြားေရာက္လည္ပတ္သည့္ လူငယ္စုံတြဲကို အမ်ိဳးသား ၃ ဦးက ဓ..ားျပတိုက္သြားေၾကာင္း အဆိုပါလူငယ္စုံတြဲထံမွသိရသည္။

ေတာင္ႀကီး၊ ကံႀကီးရပ္ကြက္အေရွ႕ဖက္ရွိ ထင္းရွဴးေတာသို႔ လူငယ္စုံတြဲအမ်ားအျပားသြားေရာက္လည္ပတ္ေလ့ရွိရာ ၎တို႔စုံတြဲသြားေရာက္လည္ပတ္ခဲ့ရာမွ ယေန႔၊ ညေန ၃ နာရီအခ်ိန္က အမ်ိဳးသား ၃ ဦးမွ ဆိုင္ကယ္ျဖင့္ေရာက္လာၿပီး ဓားေထာက္လုယက္သြားျခင္းျဖစ္သည္ဟု ယင္းစုံတြဲအနက္ အမ်ိဳးသားျဖစ္သူက ေျပာသည္။

”သူမ်ားေတြလည္း သြားလည္ေနၾကတာဆိုေတာ့ သြားလည္တာပဲ။ ဆိုင္ကယ္ရပ္ထားၿပီး မုန္႔ထိုင္စားေနတုန္း လူ၃ေယာက္ေရာက္လာတယ္။ ဓားနဲ႔ ဗိုက္ကိုေထာက္ၿပီး လုသြားတာ။ ကိုယ္ကျပန္လုပ္ခ်င္ေပမယ့္ မိန္းကေလးပါေနေတာ့

ဘာမွျပန္လုပ္လို႔မရဘူး။ ရဲစခန္းေတြ၊ ဘာေတြသြားတိုင္ရင္လည္း ရႈပ္ေနမွာ၊ အဖက္မလုပ္မွာပဲမို႔လို႔ မတိုင္ေတာ့ပါဘူး။ လာတိုက္သြားတဲ့လူေတြကလည္း ကြၽန္ေတာ့္အ႐ြယ္ လူငယ္ေတြပဲ” ဟု ၎က ေျပာသည္။

အဆိုပါစုံတြဲအား ဓားျဖင့္ေထာက္ကာ Honda Wave 100 အမ်ိဳးအစား ဆိုင္ကယ္တစ္စီး၊ ဖုန္း ၂ လုံးႏွင့္ ပိုက္ဆံအိတ္ ၂ လုံးကို လုယက္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

အလားတူ ယမန္ေန႔ကလည္း အဆိုပါထင္း႐ူးေတာသို႔ သြားေရာက္လည္ပတ္ခဲ့သည့္ လူငယ္စုံတြဲတစ္တြဲသည္လည္း ဓားေထာက္လုယက္ခံရၿပီး CBR အမ်ိဳးအစားဆိုင္ကယ္ႏွင့္ ဖုန္း ၂ လုံးကို ယူေဆာင္သြားမႈ ျဖစ္ပြားခဲ့သည္ဟုလည္း သိရသည္။crd

ချစ်သူများနေ့မှာ ကံကြီးထင်းရှူးတောသို့ ခြုံထဲသွားတိုးတဲ့ လူငယ်စုံတွဲရဲ့ဖြစ်ရပ်

တောင်ကြီးမြို့ရှိ ကံကြီးထင်းရှူးတောသို့ ခြုံထဲသွားတိုးတဲ့ လူငယ်စုံတွဲ ……

ရှမ်းပြည်နယ်၏ မြို့တော်၊ တောင်ကြီးမြို့ရှိ ကံကြီးထင်းရှူးတောသို့ ယနေ့၌ သွားရောက်လည်ပတ်သည့် လူငယ်စုံတွဲကို အမျိုးသား ၃ ဦးက ဓ..ားပြတိုက်သွားကြောင်း အဆိုပါလူငယ်စုံတွဲထံမှသိရသည်။

တောင်ကြီး၊ ကံကြီးရပ်ကွက်အရှေ့ဖက်ရှိ ထင်းရှူးတောသို့ လူငယ်စုံတွဲအများအပြားသွားရောက်လည်ပတ်လေ့ရှိရာ ၎င်းတို့စုံတွဲသွားရောက်လည်ပတ်ခဲ့ရာမှ ယနေ့၊ ညနေ ၃ နာရီအချိန်က အမျိုးသား ၃ ဦးမှ ဆိုင်ကယ်ဖြင့်ရောက်လာပြီး ဓားထောက်လုယက်သွားခြင်းဖြစ်သည်ဟု ယင်းစုံတွဲအနက် အမျိုးသားဖြစ်သူက ပြောသည်။

”သူများတွေလည်း သွားလည်နေကြတာဆိုတော့ သွားလည်တာပဲ။ ဆိုင်ကယ်ရပ်ထားပြီး မုန့်ထိုင်စားနေတုန်း လူ၃ယောက်ရောက်လာတယ်။ ဓားနဲ့ ဗိုက်ကိုထောက်ပြီး လုသွားတာ။ ကိုယ်ကပြန်လုပ်ချင်ပေမယ့် မိန်းကလေးပါနေတော့

ဘာမှပြန်လုပ်လို့မရဘူး။ ရဲစခန်းတွေ၊ ဘာတွေသွားတိုင်ရင်လည်း ရှုပ်နေမှာ၊ အဖက်မလုပ်မှာပဲမို့လို့ မတိုင်တော့ပါဘူး။ လာတိုက်သွားတဲ့လူတွေကလည်း ကျွန်တော့်အရွယ် လူငယ်တွေပဲ” ဟု ၎င်းက ပြောသည်။

အဆိုပါစုံတွဲအား ဓားဖြင့်ထောက်ကာ Honda Wave 100 အမျိုးအစား ဆိုင်ကယ်တစ်စီး၊ ဖုန်း ၂ လုံးနှင့် ပိုက်ဆံအိတ် ၂ လုံးကို လုယက်သွားခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယမန်နေ့ကလည်း အဆိုပါထင်းရူးတောသို့ သွားရောက်လည်ပတ်ခဲ့သည့် လူငယ်စုံတွဲတစ်တွဲသည်လည်း ဓားထောက်လုယက်ခံရပြီး CBR အမျိုးအစားဆိုင်ကယ်နှင့် ဖုန်း ၂ လုံးကို ယူဆောင်သွားမှု ဖြစ်ပွားခဲ့သည်ဟုလည်း သိရသည်။crd

Be the first to comment

Leave a Reply

Your email address will not be published.


*