ချစ်သူ(သို့)အိမ်ထောင်ဘက်အပေါ်သစ္စာမဲ့တတ်တဲ့သူတွေမှာ တွေ့ရတတ်တဲ့ အကျင့်စရိုက် (၅)မျိုး …

ချစ်သူ(သို့)အိမ်ထောင်ဘက်အပေါ်သစ္စာမဲ့တတ်တဲ့သူတွေမှာ တွေ့ရတတ်တဲ့ အကျင့်စရိုက် ()မျိုး

ချစ်သူ(သို့)အိမ်ထောင်ဘက်အပေါ်သစ္စာမဲ့တတ်တဲ့သူတွေမှာ တွေ့ရတတ်တဲ့ အကျင့်စရိုက် ()မျိုး

လူတစ်ယောက်ဟာ သစ္စာရှိမယ့်သူလား၊ သစ္စာမရှိ လိမ်ညာတတ်တဲ့ သူလားဆိုတာသူ့ရဲ့ အပြု အမူ၊ အပြောအဆိုတွေကို ကြည့်ရုံနဲ့ ခန့်မှန်းလို့ ရပါတယ်။သစ္စာမ ရှိတဲ့သူ အများစုမှာ အခုလို လက္ခဏာတွေ ကို သိသိ သာသာတွေ့မြင်နိုင် ပါတယ် ။

() ကိုယ့်ဖို့ပဲကြည့်တတ်တဲ့ အတ္တသမားဖြစ်နေခြင်းသစ္စာမရှိတဲ့ သူအများစုဟာ ကိုယ်တစ်ယောက် အတွက် ပဲကြည့်တတ်ပြီး သူများဘက်ကို လုံးဝထည့်မစဉ်းစား တတ်တဲ့အတ္တကြီး သူတွေဖြစ် ပါတယ်။ကိုယ့်ဖို့ပဲကြည့်လွန်းပြီး သူများဘက် ကိုမကြည့်ပေး ၊မတွေးပေး တတ်တော့ သစ္စာဖောက် ဖို့လည်း ဝန်မလေးတော့ ပါဘူး။

() ကိုယ့်ချစ်သူ၊ လက်တွဲဖော်ကို မလေးစားတတ်ခြင်းချစ်သူတွေ၊ လက်တွဲဖော်တွေအချင်းချင်အပြန်အလှန်လေးစား တတ်ဖို့ ကလည်း အရေးကြီးတဲ့ အချက် တစ်ခုဖြစ်ပါတယ်။ချစ်သူ၊ အိမ် ထောင်ဖက်ကို မလေ းစားတဲ့သူတွေဟာ သစ္စာဖောက်ဖို့ ဝန်မလေးသူတွေဖြစ် ပါတယ်။

() လျှို့ဝှက်ချက်တွေများလွန်းခြင်းလက်တွဲ ဖော်တွေဟာတစ် ယောက်နဲ့ တစ်ယောက်လျှို့ဝှက်ချက်တွေထားလွန်း တာဟာ မကောင်းတဲ့အကျိုးဆက်ကိုပဲဖြစ်စေပါတယ်။ ကိုယ်ပိုင်လွတ်လပ်ခွင့်အရ မဖြစ်မနေလျှို့ဝှက်ထားတဲ့အရာတချို့ကလွဲပြီးမိသားစုနဲ့ပတ်သက်တာနှစ်ယောက်လုံးနဲ့ပတ်သက်တာတွေကို အချင်းချင်းပွင့်လင်းဖို့လိုပါတယ်။

စိတ်ပညာရှင်တွေရဲ့သုတေသနတွေ အရ လျှို့ဝှက်ချက်တွေများလွန်းတဲ့ သူတွေဟာဖောက်ပြန်သူဖြစ်ဖို့အခွင့်အလမ်းများတဲ့သူတွေ ဖြစ်တယ် ဆိုတာ သိနိုင်ပါတယ်။

() သဝန်ကြောင်လွန်းခြင်းချစ်သူအပေါ်သဝန်တိုတာကတော့ လူတိုင်းလိုလိုပါပဲ။ဒါပေမယ့် လိုအပ်တာထက်ပိုပြီး သဝန်ကြောင်တဲ့အဆင့်ထိရောက်ပြီး နေရာတ ကာချုပ် ချယ်လွန်းတာမျိုးကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့ နည်းခြင်း၊အငုံ့စိတ် ရှိနေခြင်းတို့ကြောင့်ဖြစ် ပါတယ်။ဒီလို လူမျိုးတွေက တ ခြား သူတွေထက် ဖောက်ပြန်နိုင်ချေ ပိုများပါတယ်။

() အရာရာကိုအလေးအနက်မရှိခြင်းမိ သားစုတွင်းသံယောဇဉ်၊ သူငယ်ချင်းတွေကြားကခင်မင်မှုနဲ့ကိုယ်နဲ့ဆက်စပ်နေ တဲ့ဆက်ဆံရေးတွေ အားလုံးကို အလေးအနက်ထားတတ် တဲ့သူဟာ လူအချ င်းချင်းကြားက ဆက်ဆံရေးရဲ့တန်ဖိုးကိုနားလည်သူ၊ အလေးအနက်ရှိသူတွေဖြစ်ပါတယ်။ဒီလိုလူတွေက ကိုယ်တည်ဆောက်ထားတဲ့ မိသားစုကိုလည်းတန်ဖိုးထားပြီး အပျက်စီး မခံပါဘူး၊

မဖောက်ပြန် ပါဘူး။ဒီလိုမဟုတ်ဘဲ အရာရာ ကိုအလေးအနက် မထားတတ်သူ၊ တန်ဖိုးမထား တတ်သူတွေကတော့ကိုယ့်မိသားစု ပျက်စီးတာကိုလည်း နှမြောရကောင်းမှန်းမသိဘဲ ဖောက်ပြန်တတ်ကြ သူတွေဖြစ် ပါတယ်။ Credit – မူရင်း

Leave a Reply

Your email address will not be published.