ဆိုးအတူ ကောင်းအတူ ဘဝကိုဖြတ်သန်းခဲ့တဲ့ အိမ်ထောင်သည်တွေ ဖတ်ကြည့်လိုက်ပါ…

ဆိုးအတူ ကောင်းအတူ ဘဝကိုဖြတ်သန်းခဲ့တဲ့ အိမ်ထောင်သည်တွေ ဖတ်ကြည့်လိုက်ပါ

ဆိုးအတူ ကောင်းအတူ ဘဝကိုဖြတ်သန်းခဲ့တဲ့ အိမ်ထောင်သည်တွေ ဖတ်ကြည့်လိုက်ပါ

သူ့ဘဝက ကျပန်း ပန်းရံအလုပ်သမား ဘဝကနေစပြီး တဖြည်းဖြည်းနဲ့ သံလျှက်ကိုင် ပန်းရံဆရာတစ်ယောက် ဖြစ်လာခဲ့တယ်။ အဲ့ကနေ တဆင့်ပြီးတဆင့်ကန်ထရိုက် လုပ်ငန်းရှင်ဖြစ်လာရာက တဖြည်းဖြည်းနဲ့ အိမ်ခြံမြေ ကုမ္မဏီမှ ာရှယ်ရာတွေဝင်ရာက ခုဆို အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးကုမ္မဏီ ပိုင်ရှင်ဖြစ်လာခဲ့တယ်။

သူ့ကုမ္မဏီ ဟာ နာမည်တော်တော်လေးရနေပြီး အဲ့ဒီအရာဟာ သူ့စိတ်တွေကိုပြောင်းလဲ လာစေခဲ့တော့တယ်။ သူ့ရဲ့ပန်ရံ အလုပ်သမားဘဝကတည်းက နှစ်ပေါင်းများစွာ အတူတူပေါင်းသင်း စောင့်လျှောက်လာခဲ့ပေးတဲ့ မယားဟာ ညိုညိုညှက်ညှက် ပိန်ပိန်ပါးပါး ညိုချောလေးကနေ ခုဆို ဝဝတုတ်တုတ် မဲမဲ တူးတူးကြီး ဖြစ်လာတယ်။ အသားအရေ တွေကလည်း နုနယ်ပြေပြစ်ရာကနေ တဖြေးဖြေးကြမ်းတမ်းခက်ထော်ယုံမက တနေ့တခြား တွန့်လိမ်အရေးအကြောင်း ထင်လာ ခဲ့တယ်။

သူများမယား ချောချောလှလှတွေနဲ့ယှဉ်ရင် ပုံဆိုးပန်းဆိုးဖြစ်နေတဲ့ သူမယားကို တဖြည်းဖြည်းစိတ်ကုန်လာ ညီးငွေ့လာခဲ့တော့တယ်။ ဒါပေမဲ့ သူ့မယားအကြောင်းတွေးမိတိုင်း အတိတ်တုန်းက အတူတူ ပင်ပန်းဆင်းရဲခဲ့တာတွေကိုလဲ မေ့မရခဲ့ဘူး။ ဒါပေမဲ့ သူ့အနေနဲ့ သူမယားရဲ့ ရုပ်ရည်နဲ့ခန္တာကိုယ်ကို သီးမခံနိုင်တဲ့အဆုံး စုံတွဲဘဝကိုတော်လောက်ပြီလို့ စဉ်းစားတယ်။ အမှန်တော့ သူနဲ့ ပရောပရီဖြစ်ပြီး အပေးအယူမျှနေတဲ့ သူ့ရဲ့ကုမ္မဏီက အတွင်းရေးမှူးမလေးကို သူသဘောကျနေခဲ့တာပါ။

ဒါနဲ့ သူ့မိန်းမနာမည်နဲ့ ဘဏ်စာအုပ်လုပ်ပြီး သိန်း ၁၀၀၀ ထည့်ထားပေးတယ်။ ပြီးတော့အိမ်တစ်လုံး လည်းဝယ်ထားပေးပြီး သူ့မိန်းမကို လုံလောက်ပြည့်စုံအောင် ထောက်ပံ့ပေးထားခဲ့တယ်။ သူ့အနေနဲ့ တာဝန်မဲ့တဲ့သူ မဖြစ်ချင်တဲ့အတွက် မယားဖြစ်သူရဲ့ အနာဂါတ်အတွက်ကို ကြိုတင်ပြင်ဆင် ပေးထားခဲ့တယ်။ သူ့မယားကို အခက်မတွေ့စေချင်ဘူး။ ဒီလိုမှမဟုတ်ရင် သူ့စိတ်ထဲ ကောင်းမှာ လိပ်ပြာလုံမှာ မဟုတ်ဘူး။

နောက်ဆုံးတော့ သူ့အစီအစဉ်တွေကို သူ့မိန်းမကိုပြောပြလိုက်တယ် သူမဟာ သူ့ရဲ့အကြောင်းပြချက်နဲ့ တောင်းဆိုချက်တွေကို ရိုရိုကျိုးကျိုးနဲ့ ငြိမ်ငြိမ်လေး ထိုင်နားထောင်ပေးတယ်။ သတ်မှတ်ထားတဲ့ နေ့ရောက်တော့ သူ့မိန်းမကို အိမ်ဂရမ်နဲ့ စာချုပ်စာတမ်းတွေ ဘဏ်စာအုပ်တွေကို လွဲပေးပြီး နှစ် ၂၀ ကျော်လက်တွဲလာတဲ့ ဘဝကို အဆုံးသတ်လိုက်ပြီး အလုပ်ရုံးခန်းဆီကို ထွက်လာခဲ့တော့တယ်။

တမနက်လုံးသူ စိတ်တွေဂဏှာမငြိမ်ဘူး။ နေ့လည်ခင်းကျတော့ သူအိမ်ပြန်လာတော့ သူမိန်းမလည်း ထွက်သွားခဲ့ပြီ။ သူမဟာ သူဝယ်ထားပေးတဲ့ အိမ်သော့နဲ့အိမ်ဂရမ်တွေ၊ ဘဏ်စာအုပ်တွေကို သူ့အိပ်ယာဘေးမှာ ချထားပေးခဲ့တယ်။ အဲ့အောက်မှာ သူမ ရေးထားတဲ့ စာတစ်စောင်လည်း ရှိနေတယ်။ ကျွန်မပြန်သွားပြီ နော်အမေတို့ရွာကိုပဲပြန်မှာပါ ၊ ရှင်ရှာထားတဲ့ ပိုက်ဆံတွေ အိမ်တွေ ကျွန်မအတွက် မလိုအပ်လို့ ပြန်ထားခဲ့လိုက်တယ်။ အမေတို့ဆီမှာ ကျွန်မအတွက် အကုန်ရှိတာပဲ။

အဝတ်အစားတွေ အိပ်ရာခင်းနဲ့ ခြုံစောင်အထူတွေ ကျွန်မလျော်ထားပေးခဲ့တယ်။ အဝတ်ဘီဒိုရဲ့အောက်ဆုံးထပ်မှာ ထည့်ထားတယ်။ အေးတဲ့အခါ ယူခြုံဖို့မမေ့နဲ့အုန်း။ အဝတ်တွေကို ချိတ်နဲ့ ချိတ်ထားပေးတယ်။ ရှင့်ရဲ့ခြေအိပ်တွေနဲ့ ခါးပတ်တွေက ဘီဒိုအလယ်ထပ်မှာနော်။ အတွင်းခံတွေလဲ လျော်ထားပြီး အဝတ်ဘီဒို ဘယ်ဖက်ကအံဆွဲထဲမှာ လိပ်ပြီးစီထားတယ်နော် ကျွန်မမရှိတော့ပေမဲ့ ဆရာပေးထားတဲ့ အစာအိမ်ဆေးတွေ သောက်ဖို့မမေ့နဲ့အုန်း။

နောက်တစ်ခု ရှင်က အိမ်သော့ခဏခဏမေ့တတ် ကျပျောက်တတ်လို့ ကျွန်မသော့အပိုတွေလုပ်ထားပြီး ခြံစောင့်ဦးလေးကြီးအိမ်မှာ အပ်ထားပေးတယ်နော်။ မနက်အလုပ်သွားခါနီးရင် အိပ်ရာခေါင်းရင်းက ပြတင်းပေါက်ကို ပိတ်သွားဖို့ မမေ့နဲ့အုန်း။ မိုးရွာလို့မိုးပက်ရင် အိပ်ရာတွေစိုရွဲကုန်မယ်။ ကျွန်မရှင်ကြိုက်တဲ့ ဆိတ်သားခြောက်နဲ့ ဝက်သားခြောက်နေတစ်လှမ်းသားတွေ ၄၊ ၅ ပိသာလောက် လုပ်ထားပြီး ကြောင်အိမ်ထဲမှာ အိပ်နဲ့ထည့်ထားခဲ့တယ်။

စားချင်တဲ့အခါ ဆီအိုးလေးတည်ပြီး ကြော်စားလိုက်ယုံပဲ။ ပြီးတော့ ဟင်းချိုမုန့်မပါပဲ ရွာကဆုံဆီသန့်တွေနဲ့ ကြော်ထားတဲ့ ဘာလချောင်ကြော်ပုလင်းတွေလဲ ကြောင်အိမ် ဒုတိယအဆင့်မှာရှိတယ်။ တင့်ဆွေတို့နဲ့ ဘီယာမြည်းမပြစ်လိုက်နဲ့အုန်း။ သူမ ရေးထားတဲ့စာလုံးတွေက ကြောင်ခြစ်ထားသလိုပဲ။ မညီမညာနဲ့ လက်ရေးကလဲ စုတ်ပြတ်သတ်နေတာပဲ ဒါပေမဲ့ စာလုံးတိုင်းဟာ သူမရဲ့ ဖြူစင်တဲ့ စိတ်ထားအမှန်တွေဆိုတာ သူခံစားမိလေတိုင်း နှလုံးသားထဲမှာ တစစ်စစ်နဲ့နာကျင်လာတယ်။

သူကြောင်အိမ်ထဲက ဘာလချောင်ပုလင်းတွေထုတ်ကြည့်ပြီး သူသာမန်ဆင်းရဲသား ငမွဲလေးဘဝ လွန်ခဲ့တဲ့ နှစ်၂၀ ကတုန်းက သူ့ကိုဒီလိုပဲ ဘာလချောင်ကြော်တွေကြော်ကျွေးခဲ့တုန်းက သူ ပျော်ရွင်ကြည်နူးခဲ့ရဖူးတယ်။ အဲ့ဒီတုန်းက ဘဝတစ်လျှောက်လုံးမှာ သူမကိုပျော်ရွင်အောင်ထားရမယ်လို့ သူ့ကိုယ်သူဂတိ ပေးခဲ့ဖူးတယ်။ သူချက်ချင်းပဲ ကားမောင်းထွက်ပြီး သူ့မိန်းမကိုလိုက်ရှာတယ်။ နာရီဝက်လောက်ကြာတော့ ကားဂိတ်မှာ သူ့မိန်းမကို တွေ့တယ်။

သူ့တစ်ကိုယ်လုံးလဲ ချွေးတွေရွဲနစ်နေတာပဲ သူမိန်းမကိုဒေါသနဲ့လှမ်းအော်တယ်။ နင်ကဘယ်ကိုသွားမလို့လဲ။ ငါအခုအလုပ်ကပြန်လာတာ တစ်နေကုန်ပင်ပန်းလာတာ ထမင်းတောင်မစားရသေးဘူး အိမ်ရှင်မတာဝန်ဆိုတာ ဒီလိုပဲလင်ကို ပစ်ထားရသလား ? ငါနဲ့ခုချက်ချင်းအိမ်ပြန်လိုက်ခဲ့ သူ့ဇနီးလည်း မျက်ရည်တွေစီးကျလာရင်း ထိုင်ရာကထပြီး သူ့နောက်ကို တိတ်တိတ်ဆိတ်ဆိတ်ပဲ လိုက်လာခဲ့တော့တယ် ။ သူမမျက်နာမှာလည်း မျက်ရည်စတွေနဲ့ ပြုံးလာတယ်။

သူမမသိတာကသူ့ရှေ့ကစိုက်စိုက်နဲ့လျောက်နေနဲ့သူယောက်ျားရဲ့ပါးမှာမျက်ရည်တွေစီးကျနေတယ်ဆိုတာပါပဲ။စောစောကကားဂိတ်ကိုသူကားမောင်းလာတော့လမ်းမှာတစ်လမ်းလုံးသူစိုးရိမ်လာတာသူမကိုပြန်ရှာလို့မတွေ့တော့မှာကိုပဲအရမ်းကြောက်နေခဲ့တာပါ။သူဟာသူ့ကိုယ်သူကြိမ်ဆဲမိတယ်။ဘာလိုအဲ့လောက်တောင်အသုံးမကျတာလဲ။

ဘာမဟုတ်တဲ့ တစ်ခြားမိန်းမ လှတာလေးနဲ့ပဲ သူ့ကိုသိပ်ချစ်သိပ်ရိုသေပြီး သူနဲ့အတူ အေးအတူပူအမျှ နှစ်ပေါင်း၂၀ကျော် အပင်ပန်းအဆင်းရဲအတူတူခံလာတဲ့ မိန်းမကိုပစ်ပယ်ဖို့စဉ်းစားမိရတာလဲပေါ့။ တကယ်ဆို သူမဟာ သူ့ဘဝရဲ့ ခွဲခွာမရတဲ့ ဘဝအစိတ်အပိုင်းတစ်ခုပါပဲဆိုတာ သူနားလည်သွားပါပြီ။ ပျော်ရွင်မှု့ဆိုတာ ဘဏ်စာအုပ်ထဲက ငွေကြေးပမာဏပေါ်မှာမမူတည်ပါဘူး ။ ကိုယ်ချစ်တဲ့သူရဲ့ အပြုံးပေါ်မှာတာမူတည်တာပါ။လွပ်လပ်မှု့ဆိုတာ လူတိုင်းအတွက်ဖြစ်နိုင်ပါတယ်။ ကိုယ်ကသာရွေးချယ်မလားဆိုတာ မူတည်သွားတာပါ။ crd

Be the first to comment

Leave a Reply

Your email address will not be published.


*