Categories
ဗဟုသုတ

ဖုန်းရေစိုသွားတဲ့ အခါပြင်ဆိုင်မသွားရအောင် ဘာတွေလုပ်ရမလဲ?

ဖုန်းရေစိုသွားတဲ့ အခါပြင်ဆိုင်မသွားရအောင် ဘာတွေလုပ်ရမလဲ?

ဖုန်းရေစိုသွားတဲ့ အခါပြင်ဆိုင်မသွားရအောင် ဘာတွေလုပ်ရမလဲ? ဖုန်းရေစို တယ်ဆိုတာ ဖုန်းနဲ့မကင်း သူတိုင်း ကြုံတွေ့ရလေ့ ရှိပါတယ်။မတော်တဆ ရေထဲကို ပြုတ်ကျတဲ့ အလေ့အထကို အားလုံးနီးပါး ကြုံခဲ့ ရဖူးမှာပါ။တခါလေ အပြင်ထွက်ရာ ထီးမပါလို့ မိုးရေစိုတာတွေ၊ မိုးရေစင်နိုင် တဲ့နေရာမှာဖုန်းကို ထားမိတာ မျိုးတွေလည်း ဖြစ်တတ် ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖုန်းရေစိုတဲ့ အခါမှာ လုပ်မိလေ့ရှိတဲ့ အမှားတွေနဲ့၊ တကယ် ပြုလုပ် သင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက် ပါတယ်။

) ရေစိုဖုန်းကို ဆန်ထဲမှာထည့်ထားတာဟာ မှန်သလားဆန်ဟာ သာမန် အားဖြင့် ရေငွေ့ကို ဖယ်ထုတ်နိုင် တယ်ဆိုတာ မှန်သော်လည်း ထင်ထား သလောက် မမြန်ဆန် ပါဘူး။ ဆန်ထဲ ကိုဖုန်းကို ထားရှိခြင်းရဲ့ ဘေးထွက် ဆိုးကျိူးတွေကတော့ ဖုန်းရဲ့အပေါက်မျိုူးစုံကနေ ဆန်ရဲ့အမှုန်တွေ၊ ဆန်ကျိုးတွေ ဝင်လာနိုင် ပါတယ်။ ဒါဖြင့် ဘာလုပ်ရမလဲ?

() အရင်ဆုံး လုပ်ရမှာကတော့ ပါဝါကို ပိတ် လိုက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် အတွင်းထဲမှာ ရှော့ဖြစ်တာကို ကာကွယ်ပေးနိုင် ပါတယ်။နောက်အခြောက်ခံစက် ကို အရမ်းမပူတဲ့ အနေ အထားနဲ့ ဖုန်းထဲကရေကို ခြောက်နိုင် သမျှ မြန်မြန်ခြောက်အောင် လုပ်ပေးရ ပါမယ်။ဝပ်(၆၀)မီးသီးလို ရှိရင်လည်း အဆင်ပြေပါတယ်။ ဒီနည်းက ဖုန်းထဲကို အမှုန်တွေ လည်း မဝင်ပါဘူး။

() နောက် လုပ်သင့်တာကတော့ ဖုန်းရေစိုပြီ ဆိုတာနဲ့ အရင်ဆုံး ပါဝါပိတ်၊ယင်းနောက် စက္ကူ တစ်ရှုးနဲ့ ရေတွေကို အမြန်ခြောက်အောင် သုတ်တာ ထိရောက် ပါတယ်။ဘက်ထရီထုတ်လို့ ရတဲ့ဖုန်းဆို ပါဝါ မပိတ်ခင် ဘက်ထရီ ကို အမြန်ဖယ် ထုတ်လိုက်တာ ပိုမှန်ပါတယ်။တစ်ရှုးနဲ့စိမ်ပြေနပြေ ရသလောက် သုတ်ခြင်း အားဖြင့် ဖုန်းအခြောက်ခံ တဲ့အခါ မြန်ဆန်စေပါတယ်။

() နောက်တစ်ခု လုပ်သင့်တာကတော့ ဖုန်းထဲကနေ ထုတ်လို့ရတဲ့ အရာမှန်သမျှ ထုတ်ရပါမယ်။ မန်မိုရီကတ်တွေ၊ ဆင်းမ်ကတ်တွေ၊ စသဖြင့် ထုတ်ပြီးနောက်၊ ယင်းတို့ ကိုလည်း သီးခြားအခြောက်ခံ တာပဲဖြစ်ဖြစ် ရေစင်အောင် ဂရုတစိုက်သုတ်တာ ပဲဖြစ်ဖြစ် အရေးတကြီးလုပ်ဆောင် သင့်ပါတယ်။ သတိထားရ မှာက တစ်ရှုးအပိုင်းအစတွေ ဖုန်းရဲ့အပေါက်တွေ ထဲကနေ မဝင်ပါစေနဲ့။

() ဖုန်းခြောက်သွားပြီလို့ အထင်ရှိတဲ့အခါ သင့်အနေနဲ့ ခြောက်သွေ့တဲ့ သဘက်တစ်ခုပေါ်မှာထားပြီး နေရောင်ခပ်ပြပြလေး လှန်းထားသင့်ပါတယ်။ အဲဒီနောက် Air dry နဲ့ ဆယ်မိနစ်တစ်ခါလောက် အပေါ်အောက်လှန်ပြီး မှုတ်ပေးရ ပါမယ်။ ဖုန်းကို ရေအစိုဓာတ်ကုန်ပြီအထင်နဲ့ ချက်ချင်းပါဝင်မဖွင့်ပါနဲ့။ အနည်းဆုံး (၂၄)နာရီကနေ (၃၆)နာရီ ဒီအတိုင်း Air dry လေးနဲ့ ပုံမှန်နီးပါးလောက် မှုတ်ပေးနေ သင့်ပါတယ်။ စာဖတ်သူ အပေါင်းကို အထူးကျေးဇူးတင် ပါတယ်။ စာဖတ်သူ ပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြ ဖို့မေတ္တာရပ်ခံ ပါတယ်။ crd

Leave a Reply

Your email address will not be published.