တနင်္ဂနွေ သား/သမီး ဆိုသည်မှာ…1
တနင်္ဂနွေ သား/သမီး ဆိုသည်မှာ
တနင်္ဂနွေ သား/သမီး ဆိုသည်မှာ လက်ဖွာသည် အသုံးအဖြုန်းမိုက်သည် / ဒေါသဖြစ်လာရင် ဘယ်အရာကို ထည့်မစဉ်းစားဘူး ထည့်လဲမတွက်ဘူး ထစ်ခနဲ့ဆို တခုခုကို လုပ်လိုက်ရမှ စိတ်ကျေနပ်ကြတာမျိုး …..
ဒါပေမဲ့ ပြောပီး လုပ်ပီးသွားရင်လဲ သူတို့မဟုတ်သလိုပဲ ပြန်ခေါ်ဖို့ ပြန်ပတ်သက်ဖို့ ဝန်မလေးတတ်ကြဘူး ….လူတစ်ယောက်ကို ပေါင်းမယ်ဆိုရင်လဲ ….
အပေါ်ယံခင်မင်တာ မလိုချင်ကြဘူး သူငယ်ချင်း အစစ်ပဲ လိုချင်ကြတယ် ပြောရမယ်ဆိုရင် အိမ်အပေါ်မှာဆိုးသလောက်
သူငယ်ချင်းအပေါ် ဘေးသူစိမ်းအပေါ်ဆို ငွေအကုန်ကျခံပြီး ပေါင်းသင်းတတ်ကြတဲ့ နေ့နာမ်တွေပေါ့ ….သူ့ကိုယ် သွားတော့ မရွဲမတိုက်မိစေနဲ့ သူများတွေ ရွဲ့တာထက် အဆပေါင်းများစွာ ပြန်ရွဲ့တတ်တယ် ခနဲ့တတ်တယ် စကားနဲ့ မခံအောင်ပြန်ပက်တတ်တယ်
တော်ကီကတော့ သာလိကာ အရှုံးပေးရလောက်တဲ့ စွမ်းရည်မျိုး ပိုင်ဆိုင်ထားကြတယ် ….လူတစ်ယောက် ဒုက္ခရောက်နေရင် သနားအောင်ပြောလာရင် အိတ်ထဲရှိတဲ့ ပိုက်ဆံလဲ မသုံးရ နေပါစေ ကူညီတတ်တယ်
အဲ့ဒီလူကို ကြည့်မရဘူးဆိုရင်တော့ အဲ့လူဘာပဲဖြစ်နေနေ လှည့်ကိုမကြည့်ဘဲ ကျော်ခွသွားတတ်တယ် ……အကောင်းအရမ်း ကြိုက်တယ် အစားအသောက်ဖြစ်ဖြစ် အဝတ်အစားဖြစ်ဖြစ် စက်ပစ္စည်းဖြစ်ဖြစ်ဝယ်ပြီဆိုရင်လဲ နောက်ဆုံးပေါ်မှ သူများထက် သာနေမှ ……
လိမ်တာ ညာတာ အရမ်း မုန်းတယ် ဒါပေမဲ့ သူငယ်ချင်းများ အပေါ်တော့ ဟာသတွေ ရယ်စရာတွေ အမြဲပြောတတ်ပြီး စနောက်တတ်ကြတာလဲ သူတို့ပါပဲ
မျက်နှာရွှင်တယ် အပြုံးချိုတယ် လူချင်လူခင်လဲ အရမ်းပေါတယ် မဟုတ်တာ မမှန်တာကိုတော့ သူ့အပေါ်သွားမလုပ်မိစေနဲ့ နောက်အဲ့လိုလူမျိုး
တာ့တာပဲ သေတောင် မပေါင်းတော့ဘူး …..ဘာပဲ လုပ် လုပ် သူ့အတွက်ကျန်မှ လုပ်တတ်တယ် ဒါပေမဲ့ မထင်ရင် မထင်သလို ပိတ်သလေး နဘေးပစ်
ပြောတတ်တဲ့ အကျင့်ကလဲရှိသေး ပြောရမယ်ဆို တနင်္ဂနွေတွေဟာ ဆတ်ဆတ်ထိ မခံတတ်ကြတဲ့
စွာတေးလန် (သို့မဟုတ်) ပေါက် ကွဲ လွယ်တတ်တဲ့ လောင် စာ ဆီလို သူတွေပေါ့ဗျာ …….. ။crd
Leave a Reply
Your email address will not be published.