အဖေ့ဘာသာ ရှာစား သမီးတို့ မကြည့်နိုင်ဘူးဆိုလို့ တစ်လမ်းဝင် တစ်လမ်းထွက် ဖျာလိုက်ရောင်းနေရတဲ့ အဖိုး
သားသမီးတွေရှိပါတယ်။ ဒါပေမယ့် ကိုယ်လုပ်မှ ကိုယ်စားရတဲ့ဘဝပါ။ အဖိုးအသက် ၇၀နှစ်ပါ။ မနက်ဆို ဖျာဆိုင်ကနေ တဆင့်ယူပြီး တစ်လမ်းဝင် တစ်လမ်းထွက်လိုက်ရောင်းပါတယ်။ ညနေဆို မရောင်းရတဲ့ဖျာလေးတွေ ပြန်အပ်ပါတယ်။ ရောင်းရတဲ့ ဖျာ 1ချပ်ကို ၃၀၀၀လောက်ရတယ်တဲ့။
တစ်ခါတစ်လေ တစ်ပါတ်လုံးမရောင်းရတဲ့အခါလည်း ရှိတယ်။ သုံးရက်လောက်မှ ၁ချပ်လောက်ရောင်းရတာပါ သားရယ်။ အဖိုးက မြောက်ဒဂုံကနေ ဒီအထိ (ကျောက်ကုန်း) လမ်းလျှောက်ရောင်းတာ၊ ညဆို ရှစ်နာရီလောက်မှ အိမ်ပြန်ရောက်တယ်။
သားသမီးတွေရှိပေမယ့် ခြေထောက်လေးမကောင်းလို့ ဖုန်းဆက် အကူအညီတောင်းပေမယ့် – အဖေဘာသာ အဖေရှာစား၊ သားတို့ သမီးတို့ မကြည့်နိုင်ဘူး- တဲ့ ပြောတယ် သားရယ်….။ရပါတယ်၊ အဖိုးတစ်သက်လုံး ထမ်းကျွေး ရှာကျွေးခဲ့ပေမယ့် အဖိုးကုသိုလ်ကံပေါ့သားရယ်။ အပြစ်မတင်ပါဘူး။ သူတို့လည်း ခက်ခဲ့မှာပေါ့။
ဟုတ်အဖိုး သား နှစ်သောင်းတန်ဖျာတစ်ချပ် အားပေးမယ်နော်။ ဝမ်းသာလိုက်တာ သားရယ်၊ အဖိုးရောင်းရပြီပေါ့။ ဒါပေါ့ အဖိုး၊ ရော့ ငါးသောင်း။ သားပိုက်ဆံတွေပိုနေတယ်လေ….။ ဟုတ်တယ်အဖိုး ပိုနေတဲ့ပိုက်ဆံပါ အဖိုးယူလိုက်ပါ။
ဟာ…. ဒါဆို အဖိုး ဒီနေ့မနက် ၁၁နာရီပဲရှိသေးတာ၊ အစောကြီးအိမ်ပြန်ရညပီပေါ့။ ဒါပေါ့ အဖိုး၊ အိမ်ပြန်နားစေချင်တယ်၊ ဖြေးဖြေးပြန်နော်….။
ကျေးဇူးတင်လိုက်တာသားရယ်(ဆုတွေ အများကြီးပေးရှာတယ်။ အဖိုးတစ်ယောက် ထော့နဲ့ ထော့နဲ့ဖြင့် ဖျာလိပ်ကြီးတွေထမ်းပြီး ပြန်သွားရှာတယ်။
သြော် မိဘဆိုတာ သက်ရှိဘုရားပါ။ ရှိတုန်းပဲ လုပ်ကျွေးရတာပါဗျာ။ မရှိတော့မှ ကျွေးချင်တယ်ဆိုပြီး နောင်တမရကြပါနဲ့ဗျာ။
ဆင်းရဲနွမ်းပါးတဲ့ အဖိုးအဖွားများအတွက် အတူတကွ ပူးပေါင်းကူညီလှူဒါန်းလိုပါက ကိုပူတူးနှင့်ဘော်ဒါများ 09 54084337