

တနင်္ဂနွေ


ကြာသပတေး



စနေ


ဗုဒ္ဓဟူး



၂၀၂၂မှာ အချစ်သစ်ရမယ့် နေ့နံတွေက

တနင်္ဂနွေ

ကိုယ့်ဘဝကို တိုးတတ်အောင်လုပ်ပေးနိုင်မယ့်သူမျိုး၊ အစစအရာ ဂရုစိုက်ပေးတတ်ပီး အနားမှာကပ်တွယ်နေတဲ့သူတစ်ယောက် ရောက်လာတတ်ပါတယ်။ တနင်္ဂနွေသားသမီးရဲ့ စိတ်ကူးအိမ်မက်တွေကို အထောက်အပံ့ပေးနိုင်ပီး၊ ရည်ရွယ်ချက်တွေကို တစ်ထောင့်တစ်နေရာကနေကူညီပေးတတ်တဲ့သူ၊ နွဲ့ဆိုးလေးတစ်ယောက် ဖြစ်တတ်ပါတယ်။

ကြာသပတေး

အလိုက်မသိတတ်တဲ့သူတစ်ယောက် ပိုင်ဆိုင်ရတတ်ပီး ကိုယ်ရလာတဲ့ချစ်သူရည်းစားအပေါ်အလိုမကျမှုလေးတွေရှိနေတတ်တယ်ဆိုပေမယ့် တဖြေးဖြေးနဲ့ အဆင်ပြေလာတတ်ပါတယ်။

စိတ်ရှုပ်စရာတွေကြားကနေ romanceဖြစ်နေတတ်ပီး တွဲကြည့်မှအကြောင်းသိဆိုသလို ဖြစ်နေတ်ပါတယ်။ busy boy or busy girlတစ်ယောက်ဖြစ်တတ်ပီး ရန်ဖြစ်လိုက် ပြန်ချစ်လိုက်လေး ဖြစ်တတ်ပါတယ်။

စနေ

မမျှော်လင့်ထားဘဲ ချစ်သူရည်းစားရတတ်ပီး အတိတ်ကသူတွေနဲ့မတူပဲ အရမ်းကိုအချစ်ပေးတတ်တဲ့ တစ်စုံတစ်ယောက်နဲ့ ချစ်သူဖြစ်တတ်ပါတယ်။ ဟာသလေးတွေဖန်တီးရင်း သူ့ရဲ့ပုံစံ၊ အမူအရာလေးတွေက အားကိုးချင်စရာကောင်းတဲ့ပုံစံဖြစ်နေတတ်ပီး သူငယ်ချင်းလိုတစ်မျိုး၊ ချစ်သူလိုတစ်မျိုးနဲ့ စိတ်ကူးထဲက ပုံစံအတိုင်းဖြစ်တည်လာတဲ့ relationship ဖြစ်တတ်ပါတယ်။

ဗုဒ္ဓဟူး

စကားအရမ်းများတတ်တဲ့ချစ်သူတစ်ယောက်၊ တစ်ခုခုဆို ပြောလို့ကိုမပီးတော့ဘူးဆိုတဲ့ အရမ်းစိတ်ပူတတ်တဲ့ ချစ်သူမျိုးရတတ်ပါတယ်။ အေးစက်စက်မဟုတ်ဖဲ စိတ်သဘောထားပြည့်ဝပီး ကိုယ့်အပေါ်ကို ပေးဆပ်ချင်စိတ်အပြည့်ရှိတဲ့သူ၊ နားလည်မှုရှိတဲ့သူမျိုးဖြစ်ပါတယ်။

စိတ်ကူးနဲ့လက်တွေ့ ထပ်တူမကျပေမယ့် ပျော်ရွှင်ရတဲ့relationshipဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကြောင်နဲ့ကြွတ်ဖြစ်ပါတယ်။ ချစ်သူရည်းစားမရှိသေးတဲ့သူတွေအတွက်ကို ရည်ရွယ်ခြင်းဖြစ်ပါတယ်။ ဆုံးအောင်ဖတ်ပီးမှ ဟင်ဟာဖြစ်သွားပီမဟုတ်လားဗျ ဟီးဟီး…..

Leave a Reply

Your email address will not be published.