Categories
sport


ရိုင်နီယာ ဒီရိုက်ဒါနှင့် ထိုးသတ်ဖို့ မစောင့်နိုင်တော့ဘူးဟု ပြောကြားခဲ့သည့် ကီမီရန် အဘာဆော့ဗ်











ကီမီရန် အဘာဆော့ဗ်သည် One Championship ရဲ့ ‘Middleweight’ တန်းတွင် ဘယ်ဖိုက်တာမျိုးမဆို အလဲထိုးအနိုင်ယူနိုင်တယ်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ အဘာဆော့ဗ်သည် ငယ်စဉ်ကလေးဘဝက ကြမ်းတမ်းခဲ့သော်လည်း ယခုအချိန်မှာတော့ One Championship ရဲ့ ‘Welterweight’ တန်းချန်ပီယံခါးပတ်ကို ရရှိထားဖူးသူလည်း ဖြစ်ပါသည်။

ကီမီရန် အဘာဆော့ဗ်ကို 1993 ခုနှစ် ဇူလိုင်လ 8 ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။ အဘာဆော့ဗ်သည် ‘Welterweight’ တန်းရဲ့ချန်ပီယံခါးပတ်ကို ရရှိခဲ့ပြီးနောက် ‘Middleweight’ တန်းမှာ ပြောင်းလဲထိုးသတ်တော့မှာ ဖြစ်တယ်ဟု တရားဝင်ပြောကြားခဲ့တာ ဖြစ်ပါသည်။

အဘာဆော့ဗ် ‘Middleweight’ တန်းသို့ပြောင်းရွှေ့ရခြင်းရဲ့ အဓိကအကြောင်းအရင်း တစ်ခုကတော့ ရိုင်နီယာ ဒီရိုက်ဒါနှင့် ထိုးသတ်ချင်လို့ဘဲ ဖြစ်ပါသည်။ အဘာဆော့ဗ်သည် ရိုင်နီယာ ကိုအလဲထိုးပြီး အနိုင်ယူပြမယ်လို့လည်း ကြုံးဝါးထားတာ ဖြစ်ပါသည်။

အဘာဆော့ဗ်ကို 1993 ခုနှစ် ဇူလိုင်လ 8 ရက်နေ့တွင် မွေးဖွားခဲ့သောကြောင့် ယခုအချိန်တွင် အသက် 28 နှစ်အရွယ်ရောက်နေပြီ ဖြစ်သည့် ဖိုက်တာတစ်ဦး ဖြစ်ပါသည်။ အဘာဆော့ဗ်ရဲ့ ငယ်စဉ်ဘဝက ခက်ခဲကြမ်းတမ်းခဲ့သော်လည်း သူသည် လက်ရှိအချိန်တွင် နာမည်ကြီး ဖိုက်တာတစ်ဦး ဖြစ်နေပါသည်။

ဘာဆော့ဗ်သည် အသက် 14 နှစ်အရွယ်တွင် ‘Boxing’ အားကစားနည်းကို စိတ်ဝင်စားခဲ့ပြီး လေ့လာဆည်းပူးခဲ့တာ ဖြစ်ပါသည်။ သူသည် MMA လောကထဲသို့ ဝင်ရောက်ခဲ့တာ ယခုအချိန်ဆိုရင် 9 နှစ်နီးပါး ရှိနေပြီ ဖြစ်ပါသည်။

အဘာဆော့ဗ်သည် သူ့ရဲ့ ပရော်ဖက်ရှင်နယ် ပွဲဦးထွက်အဖြစ် 2011 ခုနှစ် နိုဝင်ဘာလ 5 ရက်နေ့တွင် ကာဂျစ်စတန်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့သည့် ပြိုင်ပွဲတွင် ပြိုင်ဘက် ကစားသမားကို ဒိုင်အဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး၊ MMA ကစားသမားဘဝ အဖွင့်လှပခဲ့တာ ဖြစ်ပါသည်။

2014 ခုနှစ်အတွင်း ကာဂျစ်စတန်မှာ ကျင်းပပြုလုပ်ခဲ့သည့် ပွဲစဉ်တွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ 4 ပွဲစလုံးကို အနိုင်ရရှိခဲ့ပါသည်။ 2018 ခုနှစ်တွင် ‘One Championship’သည် အဘာဆော့ဗ်ကို စိတ်ဝင်စားခဲ့ပြီး၊ စာချုပ်ကမ်းလှမ်းကာ ကစားသမားကလည်း လက်ခံခဲ့သောကြောင့် ‘One Championship’ အဖွဲ့အစည်းလက်အောက်သို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါသည်။

အဘာဆော့ဗ်သည် MMA ကစားသမားသက်တမ်းတလျှောက် 27 ပွဲထိုးသတ်ထားခဲ့ပြီး၊ 23 ထိအနိုင်ရရှိထားခဲ့ကာ 4 ပွဲသာ ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါသည်။ အဘာဆော့ဗ်သည် ‘Welterweight’ တန်းချန်ပီယံ ဖြစ်လာပြီးနောက် ‘Middleweight’ တန်းသို့ ပြောင်းလဲ ထိုးသတ်တော့မှာ ဖြစ်ကြောင်း တရားဝင်ကြေငြာခဲ့တာ ဖြစ်ပါသည်။

အဘာဆော့ဗ်သည် လွန်ခဲ့သည့် ရက်အနည်းငယ်က သူ့ရဲ့ Instagram acc မှတဆင့် “ရိုင်နီယာနှင့် ထိုးသတ်ဖို့ ကို မစောင့်နိုင်တော့ဘူး။ ကျွန်တော်သူ့ကို အလဲထိုးပြီး အနိုင်ယူမှာပါ။ သူ့ရဲ့ ‘Middleweight’ တန်းခါးပတ်ကို ကျွန်တော်အရယူမှာပါ။” ဟု ပြောကြားခဲ့ပါတယ်ခင်ဗျာ။crd

Leave a Reply

Your email address will not be published.