စစ္ကိုင္း၊ ေရမ်က္ႀကီးအင္းထဲ ေရဆင္းခ်ိဳးတဲ့ မအလရဲ့ေလယာဥ္ႀကီးေပၚေတာ္မူပါၿပီ….

စစ္ကိုင္း၊ ေရမ်က္ႀကီးအင္းထဲ ေရဆင္းခ်ိဳးတဲ့ မအလရဲ့ေလယာဥ္ႀကီးေပၚေတာ္မူပါၿပီ….

စစ္ကိုင္း၊ ေရမ်က္ႀကီးအင္းမွ ပ်က္က်သြားေသာ စစ္တိုက္ေလယာဥ္မႉး ေသဆုံး၊ ေလယာဥ္အပိုင္းအစမ်ား ဆယ္ယူေန

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၆

စစ္ကိုင္း၊ ေရမ်က္ႀကီးအင္းမွ ပ်က္က်သြားေသာ စစ္တိုက္ေလယာဥ္မႉး ေသဆုံးသြားၿပီး ေလယာဥ္အပိုင္းအစမ်ား ဆယ္ယူေနေၾကာင္း သက္ဆိုင္ရာ ကယ္ ဆယ္ေရးေဆာင္ရြက္သူမ်ားထံမွ သိရွိရသည္။

စစ္ကိုင္းတိုင္း၊ စစ္ကိုင္းၿမိဳ႕နယ္၊ ေရမ်က္ႀကီးအင္းတြင္ တိုက္ေလယာဥ္တစ္စင္း ယေန႔ နံနက္ ၁၁ နာရီဝန္းက်င္အခ်ိန္ ပ်က္က်သြားေၾကာင္း ေဒသခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

“တိုက္ေလယာဥ္တစ္စီး ေရမ်က္ႀကီးအင္းထဲ ပ်က္က်သြားတယ္။ ဒီမနက္ ၁၁ နာရီေလာက္က ေပါက္ကြဲသံ ၃ခ်က္ၾကားလိုက္တယ္။ အင္းအလယ္ေလာက္မွာမို႔ ေဝးလို႔ဘာမွမျမင္ရေပမယ့္ ေနာက္ ထပ္ေလယဥ္တစ္စီးဝဲၿပီးရွာေနတယ္” ဟုေဒသခံတစ္ဦးက ေျပာသည္။

အျခားစစ္ကိုင္းေဒသခံတစ္ဦးကလည္း “စာေရးရြာေရွ႕ကေနလူနာတင္ယာဥ္ေတြ မီးသတ္ကားေတြသြားတယ္။ ေလယာဥ္ပ်က္က်တယ္လို႔ေျပာတယ္” ဟု ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

စစ္ဘက္သတင္းရင္းျမစ္တခ်ိဳ႕ကလည္း တိုက္ေလယာဥ္တစ္စင္း ပ်က္က်မႈ သတင္းမ်ားရရွိထားၿပီး စက္ခ်ိဳ႕ယြင္းမႈေၾကာင့္ (သို႔မဟုတ္) ပစ္ခ်ခံရမႈ ဆိုသည္ကို မသဲကြဲေသးေၾကာင္း ၊ ပ်က္က်သြားသည့္ စစ္တိုက္ေလယာဥ္မွာ A-5 ျဖစ္ၿပီး တ႐ုတ္နိုင္ငံထုတ္ျဖစ္ေၾကာင္း ေျပာဆိုၾကသည္။

စစ္ေကာင္စီဘက္ကမူ ယေန႔ နံနက္ ၁၀ နာရီ ၄၃ မိနစ္တြင္ စစ္တပ္၏ တိုက္ေလယာဥ္တစ္စင္း ပ်က္က်သြားေၾကာင္း၊ေလယာဥ္ေမာင္းကို ကယ္ဆယ္ေရး လုပ္ေဆာင္ေနေၾကာင္း အတည္ျပဳ ထုတ္ျပန္သည္။crd

စစ်ကိုင်း၊ ရေမျက်ကြီးအင်းထဲ ရေဆင်းချိုးတဲ့ မအလရဲ့လေယာဉ်ကြီးပေါ်တော်မူပါပြီ….

စစ်ကိုင်း၊ ရေမျက်ကြီးအင်းမှ ပျက်ကျသွားသော စစ်တိုက်လေယာဉ်မှူး သေဆုံး၊ လေယာဉ်အပိုင်းအစများ ဆယ်ယူနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

စစ်ကိုင်း၊ ရေမျက်ကြီးအင်းမှ ပျက်ကျသွားသော စစ်တိုက်လေယာဉ်မှူး သေဆုံးသွားပြီး လေယာဉ်အပိုင်းအစများ ဆယ်ယူနေကြောင်း သက်ဆိုင်ရာ ကယ် ဆယ်ရေးဆောင်ရွက်သူများထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရေမျက်ကြီးအင်းတွင် တိုက်လေယာဉ်တစ်စင်း ယနေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန် ပျက်ကျသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“တိုက်လေယာဉ်တစ်စီး ရေမျက်ကြီးအင်းထဲ ပျက်ကျသွားတယ်။ ဒီမနက် ၁၁ နာရီလောက်က ပေါက်ကွဲသံ ၃ချက်ကြားလိုက်တယ်။ အင်းအလယ်လောက်မှာမို့ ဝေးလို့ဘာမှမမြင်ရပေမယ့် နောက် ထပ်လေယဉ်တစ်စီးဝဲပြီးရှာနေတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။

အခြားစစ်ကိုင်းဒေသခံတစ်ဦးကလည်း “စာရေးရွာရှေ့ကနေလူနာတင်ယာဉ်တွေ မီးသတ်ကားတွေသွားတယ်။ လေယာဉ်ပျက်ကျတယ်လို့ပြောတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်ဘက်သတင်းရင်းမြစ်တချို့ကလည်း တိုက်လေယာဉ်တစ်စင်း ပျက်ကျမှု သတင်းများရရှိထားပြီး စက်ချို့ယွင်းမှုကြောင့် (သို့မဟုတ်) ပစ်ချခံရမှု ဆိုသည်ကို မသဲကွဲသေးကြောင်း ၊ ပျက်ကျသွားသည့် စစ်တိုက်လေယာဉ်မှာ A-5 ဖြစ်ပြီး တရုတ်နိုင်ငံထုတ်ဖြစ်ကြောင်း ပြောဆိုကြသည်။

စစ်ကောင်စီဘက်ကမူ ယနေ့ နံနက် ၁၀ နာရီ ၄၃ မိနစ်တွင် စစ်တပ်၏ တိုက်လေယာဉ်တစ်စင်း ပျက်ကျသွားကြောင်း၊လေယာဉ်မောင်းကို ကယ်ဆယ်ရေး လုပ်ဆောင်နေကြောင်း အတည်ပြု ထုတ်ပြန်သည်။crd

Leave a Reply

Your email address will not be published.