Categories
သတင်း





crd

ထမင်းကြမ်းခဲစားပြီး ၁၁ လပိုင်းအကုန်မှာ အပြီးတိုက်ထုတ်မယ်လို့ ….see more

ငှက်ပျောဖက်နဲ့ လက်ဆုံစားမယ် မြေ ကဗ္ဗလာ မညီမညာမှာ စုံညီကာလက် ဆုံ ထမင်းဝိုင်းလေး အညွှန့်အဖူး အခက်အလက်တွေကငှက်ပျောဖက်ခင်း တည်ဟင်းက ဟင်းရည် တခွက် အမယ်မစုံပေမဲ့ ဘာလချောင်ကြော် စုပြုံထည့် မောဟိုက်ဟိုက်နဲ့ပြောလိုက် မကွဲ့ စကားစုံ လူစုံရင် ပျော် စရာကောင်းတာပါဘဲ

တယောက်ပဲ့ရင်ဖြင့် တခြမ်းပဲ့ အသည်းလို ခံစားချက်တွေပြိုဆင်းမျက်ရည် စီးချင်းထဲမှာ အခိုင်မာ ယုံ ကြည်ချက်တွေနဲ့ ဒီမိုကရေစီ အရောင်လက်အောင် တမင်ရှောင်နှောင် ကြိုးဇွတ်တိုးတဲ့ ဆင်းရဲတွင်းကိုမြင်သူ တကာ လေးစားလောက်ပါရဲ့ ရင် နာနာမြင်နေရတာများ

အစဉ်အလာသတင်းကြီး နေတဲ့ PDF တွေရဲ့သွေးခြင်းနီးတဲ့ ထမင်းဝိုင်းကြီး ကနေ အားအင်တွေဖြည့် မကြာမည် စစ်အာဏာရှင်ကို အမြစ်ပြုတ် တွန်းလှန် တိုက်ထုတ်ပြီး ပြည်သူတွေ လိုချင်နေတဲ့ပြည်သူ့ အစိုးရကို ပြန်လည် ရယူ ပေးတော့မည့် တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အပင်ပန်းခံနေတဲ့ PDF လေးတွေ မကြာခင် တော်လှန်ရေးကြီး အောင်တော့မည်။
crd

Leave a Reply

Your email address will not be published.