လာမယ့် ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၀ ရက်နေ့အတွင်း ဆောင်းမိုးနဲ့အတူ အအေးပိုလာပြီး မိုးကြီးရေလျှံနိုင်တဲ့ ဒေသတွေအတွက် မိုးလေဝသ စုစုစံ သတိပေးထုတ်ပြန်

လာမယ့် ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၀ ရက်နေ့အတွင်း ဆောင်းမိုးနဲ့အတူ အအေးပိုလာပြီး မိုးကြီးရေလျှံနိုင်တဲ့ ဒေသတွေအတွက် မိုးလေဝသ စုစုစံ သတိပေးထုတ်ပြန်

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၀ ရက်နေ့အတွင်း ဆောင်းမိုးနဲ့အတူ အအေးပိုလာပြီး မိုးကြီးရေလျှံနိုင်တဲ့ ဒေသတွေအတွက် မိုးလေဝသ စုစုစံ သတိပေးထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်မှာ ”မိုးနဲ့အတူအအေးပိုမည့်ဆောင်း။ ၂၀၂၂ ဖေဖော်ဝါရီလ ၁၈ရက် ၁၉ရက်နေ့တွေမှာ လပွတ္တာဘိုကလေး စက်ဆန်း ကဒုံကနိ အမာ ကတုံးလေး နောက်မှိး ဘဝသစ် ကိုင်းတောင် ကုလားထိပ် ဘုန်းကြီးသောင် ထှော်ပိုင် ဓါးမင်းတောင် ကြိမ်းချောင်းကြီး သယော်ချောင်ကြီး စိန်တုံးလှဲ ပြင်စလူ ကြက်တညင် ခရုချောင်းကြီး ပန်ဖူ လှိုင်းဘုန်း

သစ်ပုတ် အောင်လှိုင် ပြန်မလော့မြစ် မော်ကျွန်း ဝါးခယ်မ ဖျာပုံ ကျိုက်လတ် မအူပင် တွံတေး ကော့မှူး ဒေးဒရဲ ကွမ်းခြံကုန်း တွံ‌တေးညောင်တုန်း ဆားမလောက် ထန်းတပင် လှိုင်သာယာ ဝါးတစ်ရာ အင်းစိန် ရန်ကုန် ဒလ သံလျှင် ကျောက်တန်း သုံးခွ ခရမ်း သက္ကလ ကဝ သနပ်ပင် ပဲခူးလှည်းကူးအင်းတကော် အင်းတိုင် ဇရပ်ကွင်း ရွာသာကြီး ဒေသများတွင် မိုးများစွာရွာနိုင်ပြီး အအေးပိုနိုင်ပါတယ်။

၂၀၂၂ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၀ရက်နေ့ အတွင်း တနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်း ကယားပြည်နယ် ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်းတွေမှာ ဆောင်းမိုးတွေရွာနိုင်ပြီး

16/02/2022at 5:27am အချိန်မှ နောက် ၃ ရက်အတွင်း ကဒုံးကနီ အမာ ထောင်ကွင်း ရေကျော်ကြီး ဗြန်းမွေးကျွန်း မိန်းမလှကျွန်းတွေမှာ မိုကြီးရေလျှံနိုင်ပါတယ်။ မိုးရွာပြီးအအေးလည်းပိုလာမှာဖြစ်ပါတယ်။

ဆောင်းမိုးနဲ့အေးမယ်။ ၂၀၂၂ ဖေဖော်ဝါရီလ ၁၇ ရက် ၁၈ ရက် ၁၉ ရက်နေ့များတွင် မော်တင် ဟိုင်းကြီးကျွန်း လပွတ္တာ မော်ကျွန်း စက်ဆန်း မိန်းမလှကျွန်း ပြင်စလူ ကဒုံးကနီ ဘိုကလေး အမာ ကတုံးလေး နောက်မှိး ဘဝသစ် ကိုင်းတောင်

ကုလားထိပ် ဘုန်းကြီးသောင် ထှော်ပိုင် ဓါးမင်းတောင် ကြိမ်းချောင်းကြီး သယော်ချောင်ကြီး စိန်တုံးလဲ ကြက်တညင် ခရုချောင်းကြီး ပန်ဖူ လှိုင်းဘုန်း သစ်ပုတ် အောင်လှိုင် ပြန်မလော့မြစ် ဖျာပုံ ကျိုက်လတ် ဒေးဒရဲ ဝါးခယ်မ မအူပင် မိုးတွေရွာပြီးအအေးပိုနိုင်ပါတယ်။

၂၁ ရက်နေ့မှ ၂၃ ရက်နေ့အတွင်းထိုင်းနိုင်ငံ တနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ပဲခူးတိုင်းရန်ကုန်တိုင်း ဧရာဝတီတိုင်းတွေမှာ ထူးကဲအအေးပိုမှာဖြစ်လို့ အသက်အရွယ်ကြီးရင့်သူများနှင့် ကလေးငယ်များကိုနွေးနွေးထွေးထွေးဖြစ်အောင်ထားပေးပါ။

မိမိကိုယ်တိုင်လည်း နွေးနွေးထွေးနေပါ ရာသီဥတုဖောက်ပြန်မှု့ကြောင့် ကျန်းမာရေး အထူးဂရုစိုက်ကြပါလို့ အကြံပြုလိုက်ရပါတယ်နော်” ဆိုပြီး ကြိုတင်ခန့်မှန်းပေးထားပါတယ်။
crd

Leave a Reply

Your email address will not be published.