ခမ်းနားလှတဲ့ အိမ်ဝန်းကြီးထဲမှာ သစ်ပင်ပန်းမန်းတွေများစွာစိုက်ပျိုးထားပြီး နေချင်စရာကောင်းလှတဲ့သူရဲ့ခြံကြီးကိုဗီဒီယိုရိုက်ကာပြသလိုက်တဲ့ ကျော်ထက်အောင်

ခမ်းနားလှတဲ့ အိမ်ဝန်းကြီးထဲမှာ သစ်ပင်ပန်းမန်းတွေများစွာစိုက်ပျိုးထားပြီး နေချင်စရာကောင်းလှတဲ့သူရဲ့ခြံကြီးကိုဗီဒီယိုရိုက်ကာပြသလိုက်တဲ့ ကျော်ထက်အောင်

Myanmar Idol အစီအစဉ်တင်ဆက်သူ ကျော်ထက်အောင်ကတော့ မင်းသားတစ်ယောက်ထက်တောင် အောင်မြင်မှုတွေရရှိနေပြီး ပရိသတ်အားပေးမှုကိုလည်း အခိုင်အမာရရှိထားတာဖြစ်ပါတယ်။

အသံဩပြီး ကြည့်ကောင်းတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ ကျော်ထက်အောင်က အရပ်အမောင်း ရှည်လျားပြီး ဖက်ရှင်ကျကျဝတ်ဆင်တတ်သူဖြစ်လို့ နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ် အားပေးမှုကို တစ်ခဲနက်ရရှိထားတာပါနော်။

အစီအစဉ်တင်ဆက်သူအနေနဲ့သာမကပဲ မင်းသားတစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတဲ့ ကျော်ထက်အောင်က အနုပညာနဲ့ပတ်သတ်ရင် ပါရမီရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။

ကျော်ထက်အောင်က သူရဲ့ လူမှု့ဘဝကို ပရိသတ်တွေထံ ပွင့်ပွင့်လင်းလင်း ချပြလေ့ရှိတာဖြစ်ပြီး ယနေ့ကျရောက်တဲ့ အမေများနေ့မှာလည်း သူနေထိုင်ရာ အိမ်လေးထဲမှာ Liveလွှင့်ပြသခဲ့ပါတယ်။

ပျော်ရွှင်စရာကောင်းတဲ့ သားအမိဆက်ဆံရေးလေးဖြစ်တာကြောင့် ပရိသတ်တွေ ကြည့်ရှု့အချစ်ပိုမိစေမှာဖြစ်လို့ အဆိုပါ ဗီဒီယိုဖိုင်လေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ crd

Be the first to comment

Leave a Reply

Your email address will not be published.


*