We love ပရိသတ်တွေဆုချတဲ့ငွေ(၁၅)သိန်းကျော်ကိုလက်ခံရရှိခဲ့တဲ့ ခင်ရတနာစိုး

We love ပရိသတ်တွေဆုချတဲ့ငွေ(၁၅)သိန်းကျော်ကိုလက်ခံရရှိခဲ့တဲ့ ခင်ရတနာစိုး

The Voice Myanmar ပြိုင်ပွဲကနေတဆင့် ပရိသတ်တွေရဲ့အားပေးမှု အခိုင်အမာရရှိလာခဲ့တဲ့ ခင်ရတနာစိုးကတော့ လက်ရှိမှာ အနုပညာလမ်းကြောင်းပေါ်ကို ဦးတည်လျှောက်လှမ်းနေပြီဖြစ်ပါတယ်။

နီနီနဲ့အတူ သီချင်းတွေလုပ်နေသလို အားပေးတဲ့ ပရိသတ်တွေ တစထက် တစ်စများပြားလာခဲ့တာကလည်း ပရိသတ်တွေအမြင်ပါပဲ။

အထူးသဖြင့် ခင်ခင်ရဲ့ We Love ဖန်တွေကတော့ ခင်ခင်ပြိုင်ပွဲဝင်နေစဉ်ကာလထဲက ငွေအင်အားရော လူအင်အားရောပေးဆပ်ပြီး အားပေးချစ်ခင်ခဲ့ကြတာပါ။

လတ်တလောမှာတော့ ခင်ခင်အတွက် We love ပရိသတ်တွေက ဆုငွေ ၁၅သိန်း ၃သောင်း ၉ထောင်ကျပ်ကို ဆုချခဲ့တယ်လို့သိရပါတယ်။

We love admin ကိုသားသားမှ ထုတ်ယူပြီး ခင်ခင် ဆီကိုပေးအပ်သွားခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ခင်ခင်ကတော့ သူမရဲ့ We love များကို ကျေးဇူးအထူးတင်ရှိကြောင်းနဲ့ သူမလိုအပ်တာသုံးဖြစ်ရင်

ပရိသတ်ကိုအသိပေးပါ့မယ်လို့လည်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ခင်ခင်ရဲ့ ပရိသတ်တွေက သူမအပေါ်ထားရှိတဲ့ချစ်ခြင်းမေတ္တာကတော့ တကယ်ကို ကြည်နူးစရာပါပဲ ပရိသတ်ကြီးရေ။crd

Be the first to comment

Leave a Reply

Your email address will not be published.


*